Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ၁၇ ဦး တာဝန်မှရပ်နားခွင့်တောင်

$
0
0
တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၇ ဦး ပါတီတွင်း အဆင်မပြေမှုကြောင့် လက်ရှိ ထမ်း ဆောင်နေသောတာဝန်များမှရပ်နား ခွင့်တောင်းထားကြောင်းသိရသည်။
အဆိုပါ ၁၇ ဦးမှာ တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ်မှ အလုပ်အမှုဆောင် ရှစ်ဦးနှင့် မြိတ် ခရိုင်မှ အလုပ်အမှုဆောင် အပါ အဝင် ပါတီဝင်ကိုးဦးတို့ဖြစ်ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တင်ထား ခြင်းဖြစ်ကြောင်း အဆိုပါမြို့နှစ်ခု၏ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ယူ ထားသူဦးဝင်းနိုင်က ဒီမိုကရေစီတူဒေး သတင်းစာသို့ အတည်ပြုပြောသည်။


ဦးဝင်းနိုင်က''အဖွဲ့ချုပ်က ဦးဟံ သာမြင့်တို့ ကျွန်တော်တို့ခရိုင်ကို လာတဲ့အချိန် (၂၄-၅-၁၄)ပါတီဝင် တွေနဲ့ တွေ့ဆုံဖို့လုပ်တော့ မြို့နယ်က အဖွဲ့တွေကလဲ မြို့နယ်မှာ လုပ်ချင် တယ်။ ခရိုင်က အဖွဲ့တွေကလဲ ခရိုင် မှာလုပ်ချင်တယ်။ လုပ်မယ့်ပွဲဖိတ်စာ ကို ကျတော့ ခရိုင်ကပေးလိုက်ပြီး တကယ်လုပ်လိုက်တာက မြို့နယ် မှာဆိုတော့ မြို့နယ်နဲ့ခရိုင်သဘော ထားမညီညွတ်ဘဲ အခုလို တာဝန်က ရပ်နားခွင့် စာတင်ထားတာပါ''ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးအောင်စိုးက ယင်းအနေဖြင့် တာဝန်မှရပ်နားလိုသူ ပါတီဝင်များ ကို တာဝန်မှရပ်နားခွင့်ပေးပိုင်ခွင့်မရှိ ကြောင်း၊ ပါတီမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီဗဟို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ် ချက်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဒီမိုကရေစီတူဒေးသတင်းစာ သို့ ပြောသည်။

တာဝန်မှရပ်နားခွင့်ပေးရန် စာတင်ထားသူများတွင် တစ်ဦးအပါ အဝင်ဖြစ်သည့် ပုလောမြို့နယ် NLD ဥက္ကဋ္ဌဦးကျော်မင်း က''ဒါကပါတီ တွင်းမှာဖြစ်တတ်တဲ့သဘော သဘာ ဝပါ။ ညှိယူလိုက်ရင် ရမှာပါ။ တာဝန် ကခေတ္တရပ်နားဖို့ စာတင်တယ်ဆို တာလဲ ပါတီကထွက်ဖို့မဟုတ်ပါဘူး။ ထွက်လဲ မထွက်ပါဘူး''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) အနေဖြင့် အဆိုပါကိစ္စများကို ယခုအထိသိရှိခြင်းမရှိသေးကြောင်း ဗဟိုအလုပ် အမှုဆောင်ဦးဉာဏ်ဝင်း က မေ ၂၅ရက်ညနေပိုင်းက ဒီမိုကရေ စီတူဒေးသတင်းစာ၏ ဆက်သွယ် မေးမြန်း မှုကို ပြော သည်။

From: Democracy today Daily Newspaper

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>