Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာစေတီ ရောင်ပြန်အရိပ်ကျရောက်မှုကြောင့် ဖူးမြော်သူများပြားနေ

$
0
0
1010707_772438892775033_3888672515550950827_n10276997_772438862775036_7925400844626547551_n10291251_772438889441700_259215842156648027_n10366322_772438842775038_3359504116328419005_n


ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ် ဥယျာဉ်ကျေးရွာရှိ ရွှေဂူ ဘုရားကြီးစေတီမှ ရောင်ပြန်အရိပ်ကျ ရောက်နေမှုကြောင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများလာရောက်မှုများပြားနေ ကြောင်း သိရသည်။


အဆိုပါဥယျာဉ်ကျေးရွာ ရွှေဂူဘု ရားကြီးကျောင်းတိုက်အတွင်းတွင် တည် ထားကိုးကွယ်လျက်ရှိသော ရွှေဂူဘုရား ကြီးစေတီတော်မှ မျက်နှာချင်းဆိုင်ဘက် တွင်ရှိသည့် သမ္ပတ္တိကျောင်းဆောင်အ တွင်းနံရံရှိအပေါက်ငယ်များမှ ကျရောက် လာသောအရိပ်များကို အဝတ် သို့မ ဟုတ် ဖျင်စ စသည့်ပြန့်သော အရာတစ် ခုခုဖြင့်ခံယူပြီးကြည့်ရှုပါက စေတီတော် ၏ပုံတော်အပြင် ကပ်လှူထားသောရွှေ သင်္ကန်းအရောင်၊ စေတီ၏အနောက်မှ သစ်ပင်နှင့်အခြားအရာဝတ္ထုများ၏အ ရောင်များသည် ပြောင်းပြန်ပုံရိပ်ကျ ရောက်နေပြီး ယင်းပုံရိပ်တွင် ကာလာ ဓာတ်ပုံရိုက်ထားသကဲ့သို့ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့မှဦးဆန်း မောင်က ပြောသည်။


ယင်းက ”ကျောင်းသားလေးတစ် ယောက်က ဆွမ်းတက်ကပ်တော့ ‘ဘုရား က အရောင်တွေပေါ်နေတယ်။ အရောင် တွေ ပေါ်နေတယ်’ဆိုပြီးပြောတော့မှ ရွာထဲကလူတွေ၊ တခြားရွာကလူတွေက လာဖူးကြတယ်ပေါ့။ နောက်ပိုင်း ထောက် လှမ်းရေးတွေ လာပြီးစစ်ကြသေးတယ်။ သူတို့လဲ ဘာတွေများလုပ်ထားလဲပေါ့။ ဟိုတက်ကြည့်၊ ဒီတက်ကြည့်နဲ့။ နောက် တော့ ဘာမှမတွေ့ဘဲ ပြန်သွားတယ်”ဟု ပြောသည်။

အဆိုပါဥယျာဉ်ကျေးရွာသို့ သွား ရောက်မည်ဆိုပါက ရန်ကုန်မြို့မှတစ် ဆင့် ကျောက်တန်းမြို့နယ် တစ်ဖက်ကမ်း သို့ကူးကာ ဥယျာဉ်ကျေးရွာသို့ ကားငှား ၍ လာရောက်နိုင်သည့်အပြင် ကျောက် တန်းဆိပ်ကမ်းမှလည်း စက်လှေဖြင့် သွားရောက်နိုင်ကြောင်း သိရသည်။
အဆိုပါဥယျာဉ်ကျေးရွာတွင် ယ ခင် ပါဒခေတ်၏စေတီ ကုန်းကိုးကုန်း ရှိရာတွင် ယင်းရွှေဂူဘုရားကြီးစေတီ နေရာမှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊
သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဥယျာဉ် ကျေးရွာမှ ဦးရွှေသဲနှင့်ဒေါ်ငွေဥတို့က စတင်ကာ သစ်သားကျောင်းတစ် ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ပြီး ၁၂၇၄ ခုနှစ် ‘မဟာကဉ္စနဂုဟာ’ဘွဲ့တော် ဖြင့် ရွှေဂူဘုရားကြီးစေတီတော်အား ကျောင်းအရှေ့ဘက်ရှိ စေတီပျက်ဂဝံ ကုန်းတော်ပေါ်တွင် ပြန်လည်တည် ထားကိုးကွယ်ခဲ့ကြောင်း ရွှေဂူဘုရား ကြီးစေတီတော်သမိုင်းမှ သိရသည်။


From: Yangon Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>