သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်သည်တင် ယာဉ်တန်းနှင့် တိုက်ပွဲဝင် သံချပ်ကာ ကားများ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့ အသွား ကားလမ်း အတိုင်း သံလွင် မြစ်ဝှမ်းဘက် ဦးတည် သွားနေ ကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။
၂၀၁၄ မေ ၁၅ နံနက် ၉ နာရီအချိန်တွင် သံချပ်ကာ ကား ၅ စီး၊ စစ်သည်တင် စစ်ယာဉ် ၃ စီး နှင့် စစ်သည်အခိျု့နှင့် စစ်လက်နက်ပစ္စည်း၊ စက်သုံးဆီ၊ စားနပ်ရိက္ခာတင် တရုတ်လုပ် စစ်သုံး တုန်းဖုန်း ကား ၃ စီး က ကျိုင်းတုံ တြိဂံတိုင်း စစ်ဌာနချုပ်မှ တောင်ကြီးသွား လမ်းမ အတိုင်း ခရီးနှင်နေကြောင်း ကြား သိရပါသည်။
ကျိုင်းတုံ - တုံတာ - မိုင်းပြင်း လမ်းပေါ် စစ်ရေးနှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စရပ်များဖြစ်ဖွယ် ရှိသည်ဟု ကြားသိရသော်လည်း တစုံတရာအတည်ပြုနိုင်ခြင်းမရှိသည့်အပြင် စစ်ထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက တော့ လက်ရှိအနေအထားနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။
“ဟုတ်တယ် ကျနော်တွေ့တယ်။ စစ်ရေးတစုံတရာကြောင့် သံလွင်မြစ်ကမ်းဘက်ပို့တာတော့မဟုတ်ဘူး။ ၀ နယ်မြေနဲ့ ကပ်လျက်ရှိတဲ့ မက်မန်း ဘက်ကို ပို့ထားမယ်လို့တော့ကြားထား တာကြာပြီ။ အခုမှ ပို့တာလဲ ဖြစ်နိုင်တယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့်နီးစပ်သည့် အသိုင်းဝိုင်းကပြောသည်။
မက်မန်းမြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ထည့် သွင်း ထားသော်လည်း ၀ တပ်ဖွဲ့ ၏ ထိန်းချုပ်အောက်တွင် ရှိမနေဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်း ရောက် ရှိသည့်ဒေသဖြစ်သည်။
“မက်မန်းမှာ အဆင်သင့်ဖြစ်နေဖို့ အင်အားတောင့်တင်းနေဖို့လိုတယ်။ စစ်ကူလိုအပ်လာရင် သံလွင် အနောက်ခြမ်း SSPP/SSA ဘက်သို့သော်လည်းကောင်း၊ ဝ တပ်ဖွဲ့ UWSA (ပန်ဆန်း ဌာနချုပ်)သို့ သော်လည်းကောင်း အရေးပေါ် သွားရောက်ချက်ခြင်း အင်အားဖြည့်ပေးလိုက်ရတယ်” - ဟု တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ဆက်ဆံရေးရုံးအသိုင်းအဝိုင်း တဦးကပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖို့တို့သည် မြန်မာ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။
www.mmdailystar.com