Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကချင်လူမျိုးများအားလုံး၏ သမိုင်းတရားခံ KIA ဖြစ်တော့မှာလား

$
0
0



ပြည်သူဗဟိုပြုတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပွင့်လင်းမြင်သာမှုများနဲ့ အတူ အခက်အခဲပေါင်းမြောက်များစွာ ကို ရင်ဆိုင်လျှောက်လှမ်းပြီး အမိမြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ လူမှုရေး၊စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ ခေတ်နောက်ကျ မကျန်စေရေးအတွက် ပြည်သူလူထု၏ လိုလားချက်များနဲ့ လိုအပ်ချက်များအပေါ် တိကျသော ရလာဒ်ကောင်းများဖြင့် ပိုမိုဖြည့်ဆည်းပေးနိုင်စေရေး နိုင်ငံတော်အနေဖြင့် လူဦးရေသန်းခေါင် စာရင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်ကြီးမှာ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်ပူးပေါင်းကာ အပင်ပန်းဆင်းရဲခံ၍ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပေမဲ့ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်မှာတော့ KIA တို့ရဲ့ လက်နက်ကိုင်မိုင်းခွဲ တိုက်ခိုက်ရုံသာမက ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်ပြီး သန်းခေါင် စာရင်ကောက်ယူမှုကို လိုက်ခံ တိုက်ခိုက်နှောင့်ယှက်ခဲ့တာကြောင့် KIA တို့ ကြီးစိုးရာ တရုတ် - မြန်မာနယ်စပ်တစ်လျှောက် ကျေးရွာအချို့ကို တော့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

KIA တို့ရဲ့ ``ဂျိန်းဖော´´ ဆိုတဲ့လူမျိုးစွဲဝါဒကြောင့် အခြားကချင်များကိုပါ မျိုးတုန်းပျောက်ကွယ်အောင် ရည်ရွယ်လုပ်ဆောင်နေသလို ကမ္ဘာ့အလယ်မှာ ကချင်လူမျိုးများဟာ ရိုင်းစိုင်းသူများအဖြစ် အယုံအကြည်မရှိ အောင် လုပ်ဆောင်နေသလားဆိုတာ မေးစရာပါ။ နိုင်ငံတော်အစိုးရရဲ့ စေတနာ
အမှန်ကို မသိကျိုးကျွန်ပြုပြီး ကိုယ့်ကချင်လူမျိုးအချင်းချင်းအပေါ် သွေးခွဲကာ ခွဲခြားဆက်ဆံတဲ့အပြင် ၎င်းတို့ KIA ကြီးစိုးရာ နယ်မြေအချို့က တိုင်းရင်းသားတွေနဲ့ အခြားမြို့/ရွာများမှ ဒေသခံတိုင်းရင်းသားများကိုပါ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ခဲ့ပြီး ကချင်လူမျိုးရဲ့ကုတ်နံပါတ်(၁၀၁)ကိုသာ အတင်းအကြပ် ထည့်သွင်းခိုင်းစေခဲ့ပါတယ်။ အညိုရောင်ဒေသဖြစ်လို့ သန်းခေါင်စာရင်းကောက်ခံတဲ့အဖွဲ့များကို ရဲတပ်ဖွဲ့များက လုံခြုံရေး လိုက်ပါခဲ့သလို တပ်မတော်မှ အဓိက အကာအကွယ်ပေးပြီးတော့ တိကျတဲ့အဖြေများရရှိအောင် ကူညီလုပ်ဆောင်ပေးနေစဉ်မှာပဲ KIA ဟာမိုက်မဲစွာ ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ တပ်မတော်မှ ဒုတိယ တပ်ရင်းမှူးတစ်ဦးဟာ နိုင်ငံတော်အတွက် အသက်ပေးဆပ် ခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ကြီးမားတဲ့ စေတနာနဲ့ နားလည်ခွင့်လွှတ်ပေးမှုများအပေါ် အကြိမ်ကြိမ်အလွဲသုံးစားလုပ်ပြီး ကိုယ့်လူမျိုးအချင်းအချင်း အပေါ်
တောင် ခေါင်းပုံဖြတ်သွေးခွဲပြီး အတိဒုက္ခရောက်အောင်ပြုလုပ်နေတဲ့ ဒီ KIA ဆိုတဲ့ လူနည်းစုလက်နက်ကိုင်အဖွဲ့ဟာ ကချင်လူမျိုးအကျိုးအတွက်လား ဆိုတာ စဉ်းစားကြည့်ပါ။ လူမျိုး အတွက်လား၊ မိမိအတွက်လားဆိုတာ မခွဲခြားတတ်တာလဲ မပြောနဲ့လေ၊ လိုင်ဇာက KIA လူကြီးတွေဟာ အစစ အရာရာ သူတို့လောက်ဘယ်သူမှ မသိကြ၊ မတတ်ကြဘူးလို့ တဖက်သတ် အသံ ကောင်းဟစ်နေကြတာ ရယ်စရာပါ။ ပွဲကြည့်နေတဲ့ ပရိသတ်တွေ ကတော့ အဲဒီ့မင်းသား(ဒဿဂီရိ)ကို ပွဲကြည့်စင်ပေါ်က ဆင်းပေးဖို့ တကြော်ကြော်နဲ့ အော်ဟစ်ကာ တောင်းဆိုနေလေရဲ့။

အရှင်းဆုံးပြောရရင် အစိုးရနဲ့ နားလည်မှုရှိစွာ လက်တွဲဆောင်ရွက်နိုင်တဲ့ KIA ခေါင်းဆောင်မျိုး လိုအပ်နေပြီ ဆိုတာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်အားလုံး သဘောပေါက်နေကြပါပြီ။ KIA ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားနေပြီး ဒုက္ခသည်စခန်းမှာ နေရာမလောက် အောင် ဒုက္ခသည်တွေ များပြားနေ ပါတယ်။ ဒီတော့ အေးအေးချမ်းချမ်းနေထိုင်လိုတဲ့ ဒေသခံတွေ ကတော့ KIA ကို အလိုမရှိတော့သလို ကချင်ပြည်နယ်ကို စစ်တလင်းအဖြစ်ကနေ မကယ်တင်နိုင်သေးတဲ့အတွက် ကချင် လူမျိုးအားလုံး၏ သမိုင်းတရားခံဟာ KIA ပါလို့ သတ်မှတ်နေကြပြီ ဖြစ်ပါတယ်။

From: ဘရန်ဆိုင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>