Quantcast
Viewing all articles
Browse latest Browse all 4837

ဒေါ်စုသမ္မတဖြစ်ရေး / မဖြစ်ရေး

အန်အယ်လ်ဒီ ပါတီရဲ့ ….
ကြားဖြတ်ရွေးကောက်ပွဲ အပြီး ….
ဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်တဲ့ အခါ ….
ခြေဥ ပြင်ဖို့ လုပ်နေတဲ့  ပွဲတွေနဲ့ ပဲ …
တစ်ချိန်လုံး အလုပ်ရှုပ်နေတာကို တွေ့ ရပါတယ် ….

အကြောင်းပြချက်ကတော့ …
ဒီ ၂၀၀၈ ခြေဥဟာ ဒီမိုကရေစီ မဆန်လို့  …
စစ်တပ်က လွှမ်းမိုးထားလို့ ….
ပြည်သူ့ အကျိုးကို မဆောင်ရွက်နိုင်လို့ စသဖြင့်ပါ ….

ကောင်းပါပြီ …
ကျွန်တော် မရှင်းတာလေးတွေ မေးပါရစေ…

ခြေဥဟာ ပြင်ဆင်ဖို့ လိုတယ်လို့  ….
အားလုံး သဘောတူထားပြီးသားပါ…
ဒါကြောင့်လဲ လက်ရှိမှာ ….
ခြေဥ ပြင်ဆင်ရေးကော်မတီကြီး ဖွဲ့ ပြီး …
ပြင်ဖို့ ဆောင်ရွက်နေပါတယ် …

ဒီ ကော်မတီထဲမှာ …
တပ်မတော်သား အမတ်တွေရော ….
အန်အယ်လ်ဒီ အပါအ၀င် ….
ပါတီပေါင်းစုံက အမတ်တွေပါ ပါဝင်ပါတယ် …

ဒါပေမယ့် အန်အယ်လ်ဒီက ပြင်ချင်တဲ့ အချက်တွေနဲ့ …
တပ်မတော် က ပြင်ချင်တဲ့ အချက်တွေ ….
တပ်မတော် က ပြင်ချင်တဲ့ အချက်တွေနဲ့ …
ပြည်ခိုင်ဖြိုး က ပြင်ချင်တဲ့ အချက်တွေ…
တစ်ယောက်နဲ့ တစ်ယောက် မတူညီကျပါဘူး…

အန်အယ်လ်ဒီ အခု ပြင်ဆင်ဖို့ ....
အဓိက ကြိုးပမ်းလာတာက ..
အခြေခံ ဥပဒေရဲ့ အသက် ပုဒ်မ ၄၃၆ ဖြစ်ပါတယ် …
တပ်မတော် အနေနဲ့  ကတော့ …
ပြည်တွင်းစစ် မပြီးသေးတဲ့ လက်ရှိ အခြေအနေမှာ
ဒါကို လက်ခံသဘောတူမယ့် အနေအထား ....
မတွေ့ ရပါဘူး ...

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ရဲ့  ပြဋ္ဌာန်းချက်အရ …
၂၀၀၈ ခြေဥ ပုဒ်မတွေထဲက …
ပုဒ်မ ၉၄ခု ကို ပြင်ဆင်ဖို့  အတွက် …
အမတ်၇၅ ရာခိုင်နူန်းကျော် ထောက်ခံမှု နဲ့  …
လူထုဆန္ဒခံယူပွဲ လုပ်ဖို့ လိုပြီး …
ကျန်တဲ့ ပုဒ်မတွေကတော့ ….
အမတ် ၇၅ ရာခိုင်နူန်း တိတိ ထောက်ခံဖို့ လိုပါတယ် …

အဓိပ္ပာယ်ကတော့ …
တပ်မတော် မပါပဲ …
ဒီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်တယ်ဆိုရင်
ကျန်တဲ့ အရပ်သားအမတ် အားလုံး နဲ့ ညီညွှတ်ရေးလုပ် ….
ပြီးရင် တပ်မတော်သား အမတ်တစ်ယောက်ကို ….
ရအောင်စည်းရုံး ဆိုတဲ့  အဓိပ္ပာယ်ပါပဲ ….

ဒါ ဖြစ်နိုင်ချေ ရှိပါသလား ….
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး …
ဒါကို ရိပ်စားမိတဲ့ အန်အယ်လ်ဒီ ဟာ…
လူထုထောက်ခံပွဲတွေ တစ်ခါထပ်လုပ်ပြီး …
ဖိအားပေးဖို့ ကြိုးပမ်းလာပုံ ပေါ်ပါတယ် …

အနည်းဆုံးတော့ နိုင်ငံတကာ အမြင်မှာ …
ပုဒ်မ ၄၃၆ ကို လူထုက ပြင်ချင်တယ် …
စစ်တပ်က ပေကပ်နေတာ ဆိုတဲ့  …
နိုင်ငံရေး အမြတ်ထုတ်ဖို့  ရည်ရွယ်ဟန်တူပါတယ် …
စစ်တပ်လဲ သိက္ခာကျ အန်အယ်ဒီ လဲ သိက္ခာတက် …
တစ်ချက်ခုတ် နှစ်ချက်ပြတ် …
ရည်ရွယ်သလားတော့ မသိပါဘူး …

ကောင်းပါပြီ …
အန်အယ်လ်ဒီကြီး သိက္ခာတက်ပြီး …
စစ်တပ်ကြီး သိက္ခာကျသွားတယ်ပဲ ဆိုပါစို့  …
ကျွန်တော်တို့ တိုင်းပြည် မှာ …
ဘာ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာပါလဲ …
စစ်တပ် နဲ့  အန်အယ်လ်ဒီ ကြားက အကွဲအပြဲဟာ …
ပိုနက်ရှိုင်းသထက် နက်ရှိုင်းလာရုံပဲ ရှိမှာပါ ….

နိုင်ငံရေး ပါတီချင်း ထိပ်တိုက်တွေ့ တာ…
ပြသနာ သိပ်မရှိလှပေမယ့် ….
ဘယ်ပါတီ တက်တက် …
တစ်သက်လုံး ရှိနေမယ့် စစ်တပ်နဲ့ …..
တစ်ချိန်လုံး ထိပ်တိုက် သွားသွားတွေ့ နေတာဟာ…
အရမ်းထူးဆန်းပြီး …
နားမလည်နိုင်အောင်ကို ဖြစ်ရပါတယ် …

ဒီအဖွဲ့ အစည်း ကို ….
ခင်ဗျားတို့ သဘောကျတာ မကျတာ အသာထားပါ …
ဒါပေမယ့် ဒီအဖွဲ့ အစည်းဟာ …
၁၉၄၈ ကနေ ဒီနေ့ အထိ …
တိုင်းပြည်မှာ အရင့်ကျက်ဆုံး …
အတွေ့ အကြုံအများဆုံး …
အခိုင်မာဆုံး …
အင်အားအကောင်းဆုံး …
စနစ်အကျဆုံး …
အညီညွတ်ဆုံး အဖွဲ့ အစည်း ဆိုတာကတော့ …
ဘယ်သူမှ ငြင်းမရပါဘူး …

ဒီလို အဖွဲ့ အစည်း နဲ့ …
ထိပ်တိုက်သွားတွေ့ တွေ့ နေတာသည် …
မှန်ကန်တဲ့ လုပ်ဆောင်မှုပါလား….

နိုင်လောက်တဲ့ အနေအထားမို့  ….
ထိပ်တိုက်တွေ့ တယ်ဆိုရင်လဲ …
ဘာမှ ပြောစရာ မရှိပါ …
နိုင်လောက်တဲ့  အနေအထားရော ရှိပါသလား ….

ပြီးခဲ့တဲ့ ၂၂ နှစ်ကထက် ..
ဒီအဖွဲ့ အစည်းကို …
ခင်ဗျားတို့ ဖိအားထပ်ပြီး ပိုပေးနိုင်ပါ့မလား ….

ပြီးခဲ့တဲ့  ၂၂ နှစ်မှာ ခင်ဗျားတို့ ဘာဖြစ်ပြီး …
သူတို့ ဘာဖြစ်သွားပါသလဲ …
စေ့စေ့ တွေးကြည့်ရင် ရေးရေး ပေါ်လာပါလိမ့်မယ်…

ကျွန်တော် ထပ်ပြီး နားမလည်တာတစ်ခုက …
ပုဒ်မပေါင်း ၄၅၇ ခုနဲ့  ဇယား၅ ခု ပါဝင်တဲ့  …
လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ …
တပ်မတော် နဲ့  ရန်ဖြစ်စရာမလိုတဲ့  ….
တစ်ခြားပုဒ်မလေးတွေ အရင်ပြင်ပြီး ..
တိုင်းပြည်အကျိုး လုပ်ဆောင်လို့ မရဘူးလား …

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ဥက္ကဌ …
အန်အယ်လ်ဒီပါတီဝင် အများစုက ၀န်ကြီးတွေ…
လွှတ်တော်ထဲမှာ အများစုက အန်အယ်လ်ဒီ အမတ်တွေ ….
ဒီလို အစိုးရ ...
ဒီလို လွှတ်တော် အနေအထားနဲ့  ..
ခြေဥကို တဖြည်းဖြည်း ပြင်လို့ မရနိုင်ဘူးလား…
တိုင်းပြည်ကို တိုးတက်အောင် လုပ်လို့ မရနိုင်ဘူးလား…

အန်အယ်လ်ဒီဟာ ဒီနေ့ အထိ …
လူထုထောက်ခံမှု အများစု ရဆဲပါ …
ဒါ ဘာမှ အငြင်းမပွားပါဘူး….
ဒါပေမယ့် ….
ဒီ ရလာတဲ့  လူထု ထောက်ခံမှုကို …
အလွဲသုံးစား မလုပ်ဖို့  လိုပါတယ်…
တိုင်းပြည်တိုးတက်ဖို့ အတွက် …
မှန်ကန်တဲ့  နိုင်ငံရေးနည်းလမ်းတွေ ကို …
ရွေးချယ်ဖို့ လိုပါတယ် …

ခင်ဗျားတို့ လမ်းရွေးမှားခဲ့လို့  …
တိုင်းပြည် ၂၂ နှစ် တိတိ ...
ရပ်တန့် နေခဲ့ရပြီးပါပြီ…
ဒီတစ်ခါ ထပ်မလုပ်ပါနဲ့ တော့ …

လက်ရှိ အန်အယ်လ်ဒီ အမတ်တွေ အနေနဲ့ …
ပြည်သူ့ အတွက် အကျိုးရှိမယ့် ဥပဒေ မူကြမ်းတွေ ….
ရသလောက် ပြုစုပါ တင်ပြပါ …
ကိုယ့် မဲဆန္ဒနယ်က မမျှတမှု မတရားမှုတွေ …
တတ်နိုင်သလောက် ဖြေရှင်းပေးပါ …
ဒေသ ဖွံ့ ဖြိုးရေး လုပ်ပေးပါ …
ဒေသအာဏာပိုင်တွေ ရဲ့ မသမာမှု အနိုင်ကျင့်မှုတွေကို …
ရသလောက်ဖော်ထုတ် ပါ …
လွှတ်တော် ကော်မတီဝင် တွေ …
ဥက္ကဌ တွေကလဲ …
သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ရှိသူတွေကို …
ကော်မတီရှေ့ မှောက် ဆင့်ခေါ်ပါ ….
မေးခွန်းတွေ မေးပါ …
ရှင်းပြခိုင်းပါ …
ဖြေရှင်းချက်တောင်းပါ …
ပြီးစီးမှုတွေ လာပြန် သတင်းပို့ ခိုင်းပါ ….

ပြည်သူ့ အကျိုးကို ခင်ဗျားတို့ တကယ်လုပ်လာရင် …
လက်ရှိအစိုးရကို ဘေးကျပ် နံကျပ်ဖြစ်အောင်လုပ် …
သိက္ခာချ အပုတ်ချပြီး …
ကိုယ့်ပါတီကို ကိုယ် Role တင်နေတဲ့ နည်းကို ….
သုံးဖို့ မလိုတော့ဘဲ ….
Role က အလိုလို တက်လာပါလိမ့်မယ် ...

ခင်ဗျားတို့ အခု လုပ်နေတဲ့  …
ဆန္ဒပြပွဲ တွေ ..
ဟောပြောပွဲတွေ …
ခရီးစဉ်တွေဟာ ပိုက်ဆံ အရမ်းကုန်ပါတယ် …
ဒီ ပိုက်ဆံတွေ ဘယ်က ရတယ်လို့  မသိပေမယ့် …
ဒီ ပိုက်ဆံတွေကို
တိုင်းပြည် မငြိမ်မသက်ဖြစ်လာစေမယ့် …
ဆူပူမှုတွေ ဖြစ်လာစေမယ့် …
လမ်းပေါ်တက်ရေး လှုံ့ ဆော် လှုပ်ရှားမှုတွေမှာ …
အသုံးမချမိဖို့ လိုပါတယ် …

ခင်ဗျားတို့ တကယ်တိုင်းပြည်ချစ်ရင် …
ဒီ ထိပ်တိုက် ရင်ဆိုင်ရေး နည်းတွေ ...
ထပ်မသုံးပါနဲ့ တော့ …
ဒါမှမဟုတ် …
ခင်ဗျားတို့ ရည်ရွယ်ချက်က ...
ဒေါ်စု သမ္မတ ဖြစ်မှ ဖြစ်မယ် …
သမ္မတ ဖြစ်ဖို့  လမ်းပေါ်တက်ရုံမကလို့  ….
ဘယ်နည်းလမ်း သုံးရ သုံးရ …
ဖြစ်တဲ့ နည်း နဲ့  ရအောင်လုပ်မှာ ဆိုရင်တော့ …
ဒီစတေးတပ်စ် က …
ထောက်ပြတာ မှားသွားတဲ့ အတွက် …
ခွင့်လွှတ်ပါ လို့  တောင်းပန်ပါတယ် ..... ။

( ရဲမိုး အောင်လ )

From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>