Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်းစုမြို့နယ် NLD ပါတီဝင်များမှ ညောင်ဘီးကျေး ရွာဓမ္မရက္ခိကျောင်း ဆရာတော်အား မိုက်ရိုင်းစွာ ဆဲဆို

$
0
0

မြိတ်ခရိုင်ကျွန်းစုမြို့နယ်ညောင်ဘီးကျေးရွာ၌ဘုန်းတော်ကြီးကျောင်း ဆရာတော်အား NLD ပါတီဝင်များမှ မိုက်ရိုင်းစွာ ဆဲဆိုမှု ဧပြီလ (၂၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ညောင်ဘီး ကျေးရွာ သူ ရွာသားများထံမှ သိရှိရပါတယ်။

ဖြစ်ပွားရခြင်း အကြောင်းရင်း ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျွန်းစု မြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုလေး အပါအ၀င် စုစုပေါင်း အင်အား (၁၅) ဦးခန့်သည် ညောင်ဘီးကျေးရွာဓမ္မရက္ခိကျောင်း၌ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဆရာတော် ဦးစင်္ကြာသီလက ၄င်း NLD အဖွဲ့အား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကြောင်း မေးမြန်းရာတွင် ညောင်ဘီးကျေးရွာ NLD ပါတီဝင် ဒေါ်အေးစန်းမှ ဆရာတော်က လူတွေလှူတဲ့ ဆွမ်းတစ် နပ်စားပြီး ဒီမိုကရေစီ ကို ထိခိုက် ပြောဆိုတယ်။ ဘာမှ နိုင်ငံရေး အကြောင်း နားမလည်ဘဲနဲ့ ကျွန်မတို့ NLD ပါတီကို စော်ကားတယ်။

ဒီလိုမျိုးစော်ကားတာကျွန်မမခံဘူး။သင်္ကန်းချွတ်ပြီး ကျွန်မနဲ့ နဘန်းလုံး ရအောင် ဟု ဆရာတော်အား စိန်ခေါ် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကျွန်းစု NLD ဥက္ကဋ္ဌ ဦးကိုလေးကလဲ လူလိမ္မာ စကားကို ယုံ၊ လူမိုက်စကားကို မယုံနဲ့၊ ၀ိနည်း မညီ၊ သီလ မရှိ ၊ နိုင်ငံရေး လုပ်နေတဲ့ ဘုန်းကြီးမျိးကို တရားစွဲမည် ဟု ဆဲဆို ကြိမ်းမောင်း ခဲ့ပါတယ် ။ ညောင်ဘီး ကျေးရွာ NLD အတွင်းရေးမှူး ဦးခင်မောင်ဝင်းကလဲ နိုင်ငံရေး လုပ်မယ် ဆိုရင် သင်္ကန်းကို အရင်ချွတ်ပြီး လုပ်ပါ၊ ဟု ပြောဆိုခဲ့ပါတယ်။

ထိုသို့ ဆဲဆို ကြိမ်းမောင်းပြီးနောက် ဆရာတော် ဆရာတော် ဦးစင်္ကြာသီလအား ၄င်းတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုတ်ခတ် ပြောဆိုမှုဖြင့် တရားစွဲပေးရန် ဒေါ်အေးစန်းက လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီထံ တောင်းဆိုရာ ဒေါ်တင်တင်ရီက ဆရာတော်အားတရားစွဲဆို နိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ် ။



(ဓာတ်ပုံ_ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌ ဦးကိုလေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တို့အား တွေ့ရစဉ်)
 
From: မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...