(နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ကွန်မြူနစ်အိုကြီး ဦးဝင်းတင်၏ နောက်ဆုံး ခရီးကို ဂုဏ်ပြု၍ ပြည်သူ့အာဏာက တင်ဆက်လိုက်ခြင်း ဖြစ်သည်)
သံမဏိလူသား၊ သေသည်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သူ စသည်အားဖြင့် အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခြင်းခံခဲ့ရသော ကွန်မြူနစ်အိုကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီမိုကရေစီတိုက်ပွဲကို စိတ်လျှော့ လက်လျှော့၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲများစွာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
ပထမဆုံး နောက်ဆက်တွဲမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အကြား သဘောထားကွဲလွဲမှု ဖြစ်ပြီး ယင်းကွဲလွဲမှုတွင် ဦးတင်ဦးနှင့်အတူ ၈၈ ငြိမ်းပွင့်များက တစ်ဘက်၊ ဦးဝင်းတင်၏ နောက်ဆုံးဆန္ဒနှင့် ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက် အပြင်းအထန် ကွဲလွဲခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အားပြိုင်မှုတွင် ၈၈ ငြိမ်းပွင့်၏ ကျောထောက်နောက်ခံဖြင့် ဦးတင်ဦးက အနိုင် ရရှိခဲ့ကြောင်း၊ ဤသည်မှာ ဦးဝင်းတင် မရှိတော့သည့်နောက် သဘောထားတင်မာသူ ခေါင်း ဆောင်ပိုင်းနေရာကို ဦးတင်ဦးက ဆက်လက် ရယူမည့် အလားအလာကို ဖော်ပြနေကြောင်း သိရှိရသည်။
ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အား နံနက် ၇ နာရီ ခွဲ ခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ချိန်တွ
“ဒေါ်စုက ပါတီဥက္ကဌလေ။ ဦးတင်ဦးက ဗဟိုအကြံပေး၊ ဦးဝင်းတင်ကလည်း ဗဟိုအကြံပေးပဲ။ ဒီတော့ ပါတီဥက္ကဌ စကားကို နားမထောင်ဘူး ဆိုတာက သက်သက်မဲ့ လုပ်တာပဲ။ ၈၈ ပွင့်လင်းတွေကလည်း ဦးတင်ဦးနဲ့ အတူတူ ရပ်တည်တယ်။ ၈၈ က ဘာဆိုင်လို့လဲ။ သူတို့က နှမ်းလာဖြူးတာ။ ဒါက ပါတီတွင်းကိစ္စ၊ ၈၈ နဲ့မဆိုင်ဘူး။ ပြီးတော့ ဦးတင်ဦးကလည်း အကြံပေးဖို့ပဲ တာဝန်ရှိတာ။ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်တာကိုလည်း ဒေါ်စု အရမ်းပဲ စိတ်ဆိုးနေတယ်။ ကျွန်တော်တို့ကတော့ ဥက္ကဌဘက်ကပဲ ရပ်တည်တယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီသို့ ကူးပြောင်းလာခဲ့သော သာကူး ဟု ခေါ်တွင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလ
ဒုတိယနောက်ဆက်တွဲမှာ မိုးသီးဇွန်နှင့်အဖွဲ့က ဦးဝင်းတင်၏ အသုဘအလောင်းကို ရေချိုးသန့်စင်ပေးသည့် မှတ်တမ်းဓါတ်ပုံများ ဖြန့်ဝေပြီး နောက် လူသေ၏ဓါတ်ပုံများကို နိုင်ငံရေးအမြတ်ထုတ်နေခြင်း
တတိယနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ ဆေးရုံသို့ သွားရောက် သတင်းမေးပြီးနောက် ဦးဝင်းတင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ရာ ဇီဝိန်ချွေသတင်းမေးမှုအပေါ် ဦးဝင်းတင် ထောက်ခံသူများက သံသယပွားနေခြင်း ဖြစ်သည်။
စတုတ္ထနောက်ဆက်တွဲမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်မေးမြန်းချိန်တွင် ဦးကိုနီအား နေရာပေးမှု ဆင်ခြင်သင့်ကြောင်း၊ NLD ပါတီအနေဖြင့် ဘင်္ဂလီများထံမှ ထောက်ပံ့ငွေများ လက်မခံရန် ဦးဝင်းတင်က ပြောကြားခဲ့သော်လည်း သတင်းများတွင် ဖော်ပြခဲ့ခြင်း မရှိခဲ့သည်ကို ဦးဝင်းတင်၏ အနီးကပ်တစ်ဦးက ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။
ပဉ္စမနောက်ဆက်တွဲမှာ ဦးဝင်းတင်ကွယ်လွန်ပြီးနောက
သို့သော်လည်း ဦးတင်ဦးသည် ၈၈ ငြိမ်းပွင့်၏ ထောက်ခံမှုဖြင့် ပါတီတွင်း အာဏာတည်ဆောက်ရေးကို ပြန်လည်ဆောင်ရွက်လာနိုင်ကြေ
“ဦးဝင်းတင်က လေးစားစရာ နိုင်ငံရေးသမားတစ်ဦးပါ။ အခုလို ကွယ်လွန်သွားတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်။ သို့သော်လည်းပဲ မိမိတို့ လွှတ်တော်အနေနဲ့ ပြောရရင်တော့ သဘောထားတင်းမာသူတွေအနေနဲ့ လွှတ်တော်နိုင်ငံရေးကို အစဉ်အမြဲ ဆန့်ကျင်နေခဲ့ကြတာ ဖြစ်တဲ့အတွက် NLD ပါတီ ပိုမိုကောင်းမွန်လာမယ် လို့ မိမိအနေနဲ့ မျှော်လင့်မိပါတယ်။ ပါတီဥက္ကဌ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ယခင်ကထက် ပိုမို လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင် လာနိုင်မယ် လို့ ယုံကြည်ပါတယ်” ဟု လွှတ်တော်အကြီးအကဲ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း “ကျွန်တော်တို့အနေနဲ့ ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပါ တယ်။ ဒါပေမယ့် မိမိယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့မှုများ
“ဦးဝင်းတင်က အမာလိုင်းပဲ။ ဒီနေ့ခေတ်က အမာလိုင်းသမားတွေ ခေတ်မရှိတော့ဘူး။ ဒါ့ကြောင့်လည်း NLD မှာကို နေရာပေးတာ မခံခဲ့ရတာ။ ဒါပေမယ့် မသေခင် နောက်ဆုံး လုပ်သွားတာကို ပြန်ကြည့်လိုက်ရင် ဆရာတော်ဦးဝီရသူကို သွားပြီး ညှိနှိုင်းတာ တွေ့ရတယ်။ ဒီလိုမျိုး အကွက်တွေကို လုပ်နိုင်တဲ့သူ လုပ်တတ်တဲ့သူ NLD မှာ မရှိတော့ဘူး။ ရှေ့နေဦးကိုနီတို့ ဦးဝင်းမြင့်တို့ အုပ်စု ပိုပြီး အားကောင်းလာနိုင်တယ်။ ဒေါ်စုကို ၀န်းရံဖို့ မှာသွားတယ် ဆိုတဲ့ ၈၈ ငြိမ်း ပွင့်အနေနဲ့ NLD ထဲကို ၀င်လာပြီး ခေါင်းဆောင်ပိုင်း နေရာအတော် များများကို ယူမယ် ကြားတယ်။ ဒီလို ၀င်မလာနိုင်အောင် ဦးကိုနီတို့အုပ်စုက ဆော်ကြလိမ့်မယ်။ ဦးဝင်းတင် သေသွားတော့ အာဏာ လွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာမှာ သေချာတယ်” ဟု သည်လေဒီးစ်ဂျာနယ် အယ်ဒီတာတစ်ဦးက ခန့်မှန်းပြောကြားသည်။
ဦးဝင်းတင်သည် သတင်းစာသမား ဘဝ၊ နိုင်ငံရေးသမား ဘဝနဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ကာလ တလျှောက်လုံးတွင် အာဏာရှင် အစိုးရများ၏ လွဲမှားနေသည့် လုပ်ဆောင်ချက်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ အလားတူ NLD ပါတီ ခေါင်းဆောင်များ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၏ လွဲချော်မှုများကိုလည်း ထောက်ပြ ဝေဖန်သူ တဦးလည်း ဖြစ်သည်။
www.mmdailystar.com