Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင် တက်နေသည့် မြန်မာများ အခက်ခဲဆုံး အခြေအနေ ရင်ဆိုင် နေရသော်လည်း မြန်မာ့စိတ်ဓာတ်ဖြင့် မသေမချင်း ရောက်အောင်တက်သွားမည်

$
0
0
ဧ၀ရတ်တောင် သို့ တက်နေသည့် မြန်မာ လူမျိုးများ အနေဖြင့် အခက်ခဲ ဆုံး အခြေအနေ များဖြင့် ရင် ဆိုင် နေရပြီး တောင်ထိပ် သို့ နောက်ဆုံ အခြေ အနေ အထိ တက်ရောက် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ် ကြောင်း ထူးဖောင်ဒေးရှင်း မှ သိရသည်။

ဧပြီလ (၁၇)ရက်တွင် ဖြစ်ပွားခဲ့သော ဧ၀ရတ်တောင် ရေခဲပြို ဆင်းခြင်း သည် ဆုံးရှုံး မှုများစွာ ဖြစ်ပေါ် စေခဲ့ ကာ သဘာဝဘေး အန္တရာယ်ဆိုးကြောင့် လမ်းပြများ ကွယ်လွန် ခဲ့ရသည်။ ထို့အပြင် Sherpa (နီပေါနိုင်ငံ နှင့် တိဘက်နိုင်ငံတို့၏ နယ်စပ် တွင် နေထိုင်သော ဟိမ၀န္တာလူမျိုးစု)နှင့် နီပေါနိုင်ငံအစိုးရ အကြား အပေးအယူ ကိစ္စများနှင့် တောင်းဆိုမှု များ မပြေ လည်ခြင်း၊ ယခုနှစ် ရာသီ တွင် နီပေါ နိုင်ငံ အစိုးရ မှ ဧ၀ရတ်တောင်တက် ရောက်ခွင့် အား ပိတ်ပင် တော့မည့် သတင်းများ ထွက်ပေါ် နေခြင်းများသည် ဧ၀ရတ်တောင်အား တက် ရောက် နေ သော မြန်မာများအတွက် အခက် အခဲများဖြစ်စေခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။ အန္တရာယ်ကြီားးလှတဲ့ စိန်ခေါ်မှု အတွက် မိမိ တို့ အရှုံးမပေးနိုင်ပါ။ ဘယ်တော့မှ ရပ်တန့် မည် လည်း မဟုတ်ပါ။ အောင်မြင်စွာ အောင်လံထူနိုင်ဖို့အတွက် မသေမချင်း ကြိုး စားသွားမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်နဲ့ ခံယူချက်နဲ့ပဲ ဆက်လက် ချီတက်ဖို့ မိမိတိုက် တွန်းလိုက်ရပါတယ်””ဟု ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ က ၎င်း ၏ လူမှုကွန်ရက် စာ မျက်နှာတွင် ရေးသားခဲ့သည်။ဧ၀ရတ်တောင်သို့ တက်နေသည့် တောင်တက်အဖွဲ့ဝင် ငါးဦးအနက် တစ်ဦး ဖြစ်သူ ကိုကီယိုဒွီး မှာလည်း အရေးပေါ် ကျန်း မာရေး အခြေ အနေ ကြောင့် ဆက်လက် တက်ခွင့် မရဘဲ ဧပြီလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ကျန်ရှိနေသော တောင်တက်အဖွဲ့ဝင် လေးဦးမှာ အမြင့်ပေ (၁၇၅၆၅) ပေမြင့် သော ဧ၀ရတ်တောင်ခြေ စခန်းတွင် ရောက်ရှိနေပြီး၊ ရာသီဥတု အခြေအနေနှင့် သဘာဝ ဘေး အခြေအနေအား စောင့်ကြည့်နေကာ ဧ၀ ရတ် တောင်ထိပ်သို့ ဆက်လက်တက်ရန် ပြင်းထန် သော လေ့ကျင့်ခန်းများ ပြုလုပ် ကာ စောင့် ဆိုင်းနေရဆဲဖြစ် ကြောင်း ထူးဖောင် ဒေးရှင်းမှ အမှုဆောင် အရာရှိ ချုပ် ဦးပေါ်မြင့်ဦး က The Messenger သတင်းစာသို့ ပြော သည်။ ဧ၀ရတ်တောင်ထိပ်သို့ တက်နိုင်ရန် နီပေါနိုင်ငံရှိ အမြင့်ပေ (၅၀၀၀၀)ကျော် မြင့် သော ဟိမ၀န္တာတောင် တန်း များတွင် လေ့ ကျင့်မှုများ ပြုလုပ်ခဲ့ပြီး၊ ဧပြီလ (၁၀)ရက်နေ့ တွင် ဧ၀ရတ် တောင်တက် ခရီးမှု ကို စတင်ခဲ့ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>