Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု KIA ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ပြော

$
0
0
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်း ရာတွင် အစိုးရက ဖက်ဒရယ်ကို လက်မခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှားယွင်းကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို VOA သတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် အစိုးရက ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံလိုသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အချို့ ကြန့်ကြာနေကြောင်း ပြောဆိုမှုကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ယင်းသို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ဖက်ဒရယ်ပဲ ပြောပြော၊ ယူနီယံပဲ ပြောပြော မြန်မာလိုပြောရင် ပြည်ထောင်စုပါပဲ။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စုစနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ ဗဟိုကြားမှာ အာဏာခွဲဝေခြင်းတို့၊ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်း ဒေသကြီးတွေရဲ့ ဥပဒေပြုဇယားတို့ ပါပြီးသားပဲ။ အာဏာခွဲဝေမှု အပိုင်းမှာ ပြင်စရာရှိတာတွေ ပြန်ပြင်ရမှာတော့ ရှိတယ်။ ပြင်မယ် ဆိုတာလည်း အားလုံးပြောထားပြီးသား ဖြစ်တော့ ပြည်ထောင်စုစနစ်ကို လက်မခံဘူးဆိုတာ မှားပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံရေး အဓိကပြဿနာ အဖြစ် တိုင်းရင်းသားများက ဖက်ဒရယ်စနစ်ကို လိုလားသော်လည်း အစိုးရက လက်မခံလိုသည့်သဘော သက်ရောက်နေကြောင်း၊ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာတွင် အစိုးရက ဖက်ဒရယ်စကားရပ်ကို လုံးဝ အသုံးပြုထားခြင်း မတွေ့ရကြောင်း ဧပြီလ ၂၂ ရက်နေ့က ဗွီအိုအေ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုခဲ့သည်။

ယင်းသို့ အစိုးရက ဖက်ဒရယ်စနစ်ကို လက်မခံ ဆိုသည်မှာ မဟုတ်မှန်ဘဲ အခြေခံမူနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအရ ကွဲပြားနေခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒရယ်ကိစ္စရပ်ကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းရန် အစိုးရက သဘောထား ပေးထားကြောင်း၊ ယင်းသို့ မဟုတ်ဘဲ အခြေခံမူများတွင် ထည့်သွင်းပါက ဖက်ဒရယ်ကို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ နှစ်ခုကြားတွင်သာ သီးသန့် သဘောတူညီချက် အဖြစ် သက်ရောက်စေနိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကမူ အစိုးရက ဖက်ဒရယ်စနစ်ကို လက်ခံသည်ဟု ယူဆကြောင်း၊ သို့သော် အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ကွဲလွဲနိုင်သဖြင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။ “ဖက်ဒရယ်ကတော့ အများကြီး ညှိနှိုင်းဆွေးနွေးရမှာပါ။ အမြင်မတူတာတွေကလည်း သဘာဝကျပါတယ်” ဟု ၎င်းက သုံးသပ်သည်။

အစိုးရက ပြည်ထောင်စုစနစ်ကို လက်ခံထားသော်လည်း ကွန်ဖက်ဒရေးရှင်း စနစ်ဘက်သို့ တိုင်းရင်းသားခေါင်းဆောင်များက ဦးတည်ပါက လက်ခံနိုင်မည် မဟုတ်ကြောင်း ဦးရဲထွဋ်က ထပ်မံပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လ မတိုင်မီ အပြီးသတ် လုပ်ဆောင်ရန် ကြိုးပမ်းနေသော်လည်း ဧပြီလဆန်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့များအကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်အရာရှိအချို့ အပါအဝင် နှစ်ဘက်ကျဆုံးမှုများ ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>