လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍အမေရိကန်သံရုံးမှ မြန်မာနိုင်ငံရှိ အမေရိကန် နိုင်ငံသားများအတွက်အရေးပေါ်ကြေညာချက်တစ်စောင် မတ်လ(၂၇)ရက်နေ့ နေ့စွဲဖြင့့်  ထုတ်ပြန်သည်။
From:မြစ်မခမြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကိုရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ကောလဟာလ အများဆုံးကြား နေရသည့်မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် ကန်တော်ကြီးအနီးတစ်ဝိုက်နေရာများသို့သွားရောက်ခြင်း မပြုကြရန်နှင့် မန္တတိုင်းဒေသကြီးအတွင်းသွားရောက်လည်ပတ်ခြင်း မပြုကြရန် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
“နိုင်ငံတော်နဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားများအားအမြဲဂရုစိုက်စောင့်ရှောက်ကြပါတယ်၊ အမေရိကန် သံအမတ်ကြီးက ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာ အထင်အမြင်မှားပြီး ဆုံးဖြတ်လိုက်ပုံရပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီးဦးရဲထွဋ်မှ ဖြေကြားခဲ့သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်ထဲတွင် အမေရိကန်နိုင်ငံသားများ အားမြန်မာနိုင်ငံ အတွင်း ဖြစ် ပွားနေသော ဆန္ဒထုတ်ဖော်မှု၊ ဆူပူမှုများထဲတွင်ပါဝင်ခြင်းများမပြုကြရန်နှင့် အရေးပေါ်ပြဿ နာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါကအမေရိကန်သံရုံးသို့ ဆက်သွယ်ကြရန် အသိပေးထားခြင်းဖြစ်သည်။
“သူတို့လည်းသူတို့နိုင်ငံသားအတွက် စိတ်ပူရမှာပေါ့။ ဘယ်နိုင်ငံသားမဆိုသက်ဆိုင်ရာ သံရုံးတွေက သူတို့ နိုင်ငံသားတွေကို သတိပေးရမယ့်တာဝန်ရှိတာပဲ။အခုဖြစ်စဉ်တွေကလည်း အင်တာနက်ခေတ် ဆိုတော့ ကမ္ဘာအရပ်ရပ်က သိတာပဲ။ခရီးသွား လုပ်ငန်းအနေနဲ့ ပြောရရင် ထိခိုက်တာပေါ့။ ပြီးခဲ့တဲ့ရက်တွေ ထဲက ခရီးအသွားအလာ ကျုံ့နေတာ”ဟု Rubyland ခရီးသွားလုပ်ငန်းမှ MDဦးအေးကျော်ကပြောသည်။
မတ်လ(၂၀)ရက်နေ့မှစတင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သော မိတ္ထီလာမြို့မှာလက်ရှိအချိန်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားလျက်ရှိပြီးပုဒ်မ(၁၄၄)ထုတ်ပြန်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိရပ်ကွက်များ၌လည်း မတ်လ(၂၅)ရက်နေ့က ဒေသန္တရအမိန့်များတရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
www.mmdailystar.com