Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကြေးနီစီမံကိန်း ဒေသခံတွေ ဆက်လက်ဆန္ဒပြ

$
0
0

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး တောင်းဆိုကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေမှာလည်း ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
အခုရက်ပိုင်း ဆန္ဒပြတာတွေဟာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆက် လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကိုတော့ တုံရွာကနေ ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ ချီတက်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက နေ့စဉ်ဆန္ဒပြနေကြတာပါ။ ဒေသခံတွေ တောင်းဆိုနေတာက လက်ပံတောင်းတောင်

 ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး စတာတွေ ဖြစ်ပါတယ်။
ဒီနေ့လမ်းလျှောက်ဆန္ဒပြပွဲကို စီမံကိန်းနားက ကျေးရွာတွေဖြစ်တဲ့ ဆည်တဲ၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကထာစတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ် ၀မ်ပေါင်ကုမ္ပဏီနားမှာ သပိတ်စခန်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တရားဝင်စာတင်ထားတယ်လို့လည်း သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးအဖွဲ့က အစီရင်ခံစာထဲမှာ အကြံပြုထားတဲ့အတိုင်း ဒေသခံတွေ အလုပ်အကိုင်ရရှိရေးလုပ်ငန်းကို အာဏာပိုင်တွေဘက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။
From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


နိုင်ငံခြားမှာ အလုပ်အဆင်ပြေပြီး ငွေအမြန်ပေးပို့စေသောယတြာ


ညတွေကိုမသတ်နဲ. ...... သရ၀ဏ်(ပြည်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>