Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်တော့် မိန်းမ အလုပ်မလုပ်ပါ

$
0
0

Mr. Bandy နှင့် အသက် အရွယ်ကြီးပြီ ဖြစ်သော ဦးလေးကြီးတို့
စကားပြော နေကြတယ်။

ဦးလေးကြီး ။ ။ Mr. Bandy က ဘာအလုပ်လုပ်သလဲ။
Mr. Bandy ။ ။ ဘဏ်မှာ Accountant လုပ်ပါတယ်။

ဦးလေးကြီး ။ ။ အမျိုးသမီးကရော။
Mr. Bandy ။ ။ သူ အလုပ်မလုပ်ပါဘူး ။ အိမ်အလုပ် တစ်ခုတည်းပဲ
လုပ်ပါတယ်။

ဦးလေးကြီး ။ ။ မင်းတို့မိသားစု အတွက် နံနက်စာကို ဘယ်သူ
လုပ်ပေးသလဲ။
Mr. Bandy ။ ။ ကျွန်တော့် ဇနီး အလုပ်မလုပ်တဲ့ အတွက်
သူ လုပ်ပေးပါတယ်။

ဦးလေးကြီး ။ ။ နံနက်စာကို ပြင်ဆင်ဖို့ မင်းဇနီး ဘယ်အချိန်
အိပ်ယာထ သလဲ။
Mr. Bandy ။ ။ နံနက်စာ မပြင်ဆင်မီ အိမ်သန့်ရှင်းရေး လုပ်ဖို့
အတွက် သူမ ၅ နာရီ ထပါတယ်။

ဦးလေးကြီး ။ ။ မင်းရဲ့ ကလေးတွေကို ဘယ်လိုကျောင်း သွားသလဲ။
Mr. Bandy ။ ။ သူမ အလုပ်မလုပ်တဲ့ အတွက် ကလေးတွေကို
ကျောင်းလိုက်ပို့ ပါတယ်။

ဦးလေးကြီး ။ ။ ကလေးတွေကို ကျောင်းပို့ပြီးတော့ သူမ ဘာတွေ
လုပ်သလဲ။
Mr. Bandy ။ ။ ဈေးသွားတယ်။ ပြန်လာတော့ ထမင်းချက်တယ်
အဝတ်လျှော်တယ်။

ဦးလေးကြီး ။ ။ ညနေမှာ မင်းရုံက ပြန်လာတော့ ဘာတွေ
လုပ်ပေးသလဲ။
Mr. Bandy ။ ။ ကျွန်တော် တစ်နေကုန် အကုန်လုပ်
ရသောကြောင့် ကျွန်တော့်ကို အနားယူခိုင်းတယ်။

ဦးလေးကြီး ။ ။ နောက်ထပ် ဘာတွေလုပ် ပေးသေးလဲ။
Mr. Bandy ။ ။ ညစာ အတွက် ပြင်ဆင်တယ်။ ကလေးတွေကို
စာပြပေးတယ်။ စားပြီးသောက်ပြီး ပန်းကန်တွေကို ဆေးကြောပါတယ်။
အိမ်သန့်ရှင်းရေး လုပ်တယ်။ ထို့နောက် အိပ်ယာဝင်ပါတယ်။

အထက်ဖော်ပြပါ စာတွေမှ Mr. Bandy အမျိုးသမီး၏ အလုပ်တွေကို
စဉ်စားကြည့်ပါ။ မနက်အစောကြီး ကတည်းက ညမိုးချုပ်အထိအောင်
တစ်နေလုံး အလုပ်လုပ်ရတယ်။ အဲဒါကို "အလုပ်မလုပ်ဘူး"လို့ ခေါ်တယ်။

ဟုတ်ကဲ့ မှန်ပါတယ်။ ဇနီးကောင်း တစ်ယောက် အတွက် ပညာအရည်
အချင်းတွေ၊ ဘွဲ့လက်မှတ်တွေ၊ အဆင့်အတန်းဟာ အရေးမကြီးပါဘူး။
ဒါကြောင့် အလုပ်မလုပ်တဲ့ သင့်ဇနီးဟာ သူမ၏ ဘဝကို အိမ်တွင်းမှာပဲ
မြှပ်နှံခဲ့တယ်။ သင့်အတွက် အနစ်နာ ခံခဲ့ရတယ်။ အိမ်ထောင်စု တစ်ခုမှ
ပိုက်ဆံ ရှာနိုင်မှသာ အလုပ်လုပ်တာ မဟုတ်ပါဘူး။ 


From: ကျော်လင်းနိုင် (ရိုးရာလေး)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ထိုင်းနိုင်​ငံတွင်​ တိုက်​ကြက်​တစ်​​ကောင်​ ဘတ်​တစ်​​သန်းဖြင့် စံချိန်တင်​...


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>