Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဇာဂနာ အပြေးအလွှား ရောက်လာ၍ ဘောလုံးကန်ရန် ပြောသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနေသူများ အထိတ်တလန့်ဖြစ်

$
0
0

UPWC နှင့် NCCT တို့ ရန်ကုန်မြို့ MPC တွင် ထိပ်သီးငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေစဉ် ရုပ်ရှင်သရုပ်ဆောင် ဇာဂနာ အပြေးအလွှား ရောက်လာ၍ ဘောလုံးကစားကြရန် အလောတကြီး တိုက်တွန်းခဲ့သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနေသူများ အထိတ်တလန့်ဖြစ် သွားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နှင့် တိုင်းရင်းသား နှစ်ဖက်ကိုယ်စားလှယ်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စတုထ္တနေ့ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီမှာ ကျင်းပလျှက်ရှိရာ နေ့လည်ပိုင်းတွင်း အကြိုတ်အနယ်ဆွေးနွေးနေကြစဉ် ရုပ်ရှင် သရုပ်ဆောင် ဇာဂနာမှ ၎င်းတို့ ရုပ်ရှင် သရုပ်ဆောင်များအနေဖြင့် တိုင်းရင်းသားများနှင့် ဘောလုံးကန်ချင်လျှက်ရှိကြောင်း၊ တပ်မတော်သားများနှင့်လည်း ကန်ချင်နေကြောင်း ဘောလုံးပွဲအလျှင်အမြန် ကျင်းပစေလိုကြောင်း ပြောကြားခဲ့ရာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် စစ်တပ် အရာရှိကြီးများသာမက တိုင်းရင်းသား ကိုယ်စားလှယ်များပါ စိတ်ညှစ်သွားကြကြောင်း သိရသည်။

 ရုပ်ရှင်သရုပ်ဆောင် ကိုသူရ (ခေါ်) ဇာဂနာ ၏ ပြောဆိုမှုကြောင့် တိုင်းရင်းသားခေါင်းဆောင်အချို့မှ လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းမှာ ကစားနေခြင်း မဟုတ်သလို ရုပ်ရှင်ရိုက်ကွင်းလည်း မဟုတ်ကြောင်း တုန့်ပြန်ပြောဆိုမှုမျာရှိခဲ့သည်ဟု သတင်းရရှိသည်။

ဇာဂနာသည် စင်္ကာပူနိုင်ငံ MRT ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံအင်အားစုများ နှင့် မီဒီယာသမားများကို  ကွယ်ရာတွင် မကောင်းပြောဆိုခဲ့ခြင်းကြောင့် လူအများ၏ ဝေဖန်မှုကို အလူးအလဲခံခဲ့ရဖူးပြီး ယခု ကိစ္စနှင့် ပတ်သက်၍လည်း လူအများက စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။

NCCT နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည် ဧပြီလ (၅)ရက်နေ့ နှင့် (၆)ရက်နေ့တွင် ရန် ကုန်မြို့ရှိ မြန်မာ့ ငြိမ်းရေး စင်တာ(MPC) တွင် တွေ့ဆုံ ဆွေးနွေးနေ ကြခြင်းဖြစ်ပြီး တဖက် ကိုယ်စားလှယ် (၉)ဦး စီ ပါဝင် ပြီး အခန်း(၇)ခန်း ပါသည့် စာချုပ်တရပ် ရရှိရန် ဆွေးနွေး နေ ကြခြင်း ဖြစ်သည်။
 
From:ME

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>