မုံရွာမြို့ရှိ ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား NLDပါတီသို့ ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
"ပါတီကလူတွေနဲ့ ဆိုင်ကိုလာကြပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်အခြေအနေ အရမို့ ဝင်ရောက်ကြရတာပါ။ တော်ကြာ ဆိုင်ကိုတစ်ခုခု လုပ်ပစ်မှာစိုးတယ်လေ။ သူတို့က ပါတီဝင် ကတ်ပြားတွေ ထုတ်ပေးပါတယ်"ဟု မုံရွာမြို့ရှိ ကေတီဗွီမန်နေဂျာတစ်ဦးက ပြောကြားသည်။
"ဟုတ်ပါတယ်။ အခုတစ်လော ကျွန်တော်တို့ဆိုင်ကို ကေတီဗွီဆိုင်က ကောင်မလေးတွေရဲ့ NLDပါတီ ၀င်ကတ်ပြားတွေကို ပလတ်စတစ်လာလောင်းကြပါတယ်။ အခု ကျွန်တော်ရေ တွက်ကြည့်သလောက် နှစ်ရာနီးပါး လောင်းပေးခဲ့ရပြီးပြီ"ဟု မုံရွာမြို့ပေါ်တွင် ကွန်ပျူတာ စာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။
"မသိပါဘူး။ ဂျာကြီးက နင်တို့ဝင်လိုက်ဆိုလို့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေ ပေးလိုက် တာ။ ညီမတို့ကတော့ ဘာခံယူချက်မှမရှိပါဘူး"ဟု ကေတီဗွီဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော မိန်းကလေးငယ်တစ်ဦးမှ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲနီးလာသောကြောင့် NLDပါတီမှ ယခုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ပါတီဝင်အရေ အတွက်များစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ပါတီဝင်တစ်ယောက်ဖြစ်စေရန် မဲဆွယ် စည်းရုံးနိုင်သော်လည်း ယခုကဲ့သို့ စီးပွားရေးသမားများ၏ အကြောက်တရားကို အခွင့်အရေး တစ်ခုအဖွယ်အသုံးချခြင်းမှမဖြစ်သင့်ကြောင်းမုံရွာမြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားသည်။
www.mmdailystar.com