Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်

$
0
0

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့၌ လူအများအပြား စုရုံးမှုများ ဖြစ်ပေါ်နေသည့် အပေါ်တွင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်သည်ဟု သတင်းများထွက်ပေါ် နေသည့်အပေါ် ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်တားဆီးတဲ့ အနေနဲ့ သတ်မှတ်စည်းကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်ဆိုတာကို ပုဒ်မ ၁၈၈ မှာဖော် ပြထားတယ်။ လိုအပ်ရင် အဲဒါကို လုပ်လို့ရတယ်။ ဒါပေမဲ့ လက်ရှိ အချိန်အထိတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ပုဒ်မ ၁၈၈ ထုတ် ပြန်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု မတ် လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာသော အမိန့် ကို ဖီဆန်ကျူးလွန်ရာ၌ ထိုသို့ ဖီဆန်ခြင်းဖြင့် ဥပဒေနှင့်အညီ ခိုင်းစေခြင်းခံရသော သူများကို ဟန့်တား ခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ သို့မဟုတ် နစ်နာစေခြင်းဖြစ်စေ၊ ပြစ်မှုထင်ရှား သူကို (၁)လ အထိ အလုပ်မဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၂၀၀ အထိငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ သိရသည်။

ထို့ပြင် အဆိုပါ ဖီဆန်ခြင်းသည် လူ့အသက်၊ ကျန်းမာရေး (သို့မဟုတ်)လုံခြုံရေး စသည်တို့ကို ဘေးဖြစ်စေလျှင် ပြစ်မှုထင်ရှားသူ ကို ၆ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ် ၁၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ သိရသည်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ က ရာဇသတ်ကြီးမှာ ပါတာပါ။ အဲဒီပုဒ်မက ထုတ်ပြန်တဲ့နေရာမှာ ဒီပုဒ်မအရ ထုတ်ပြန်သည်ဆိုပြီးတော့ လုပ်လို့မရပါဘူး။ ဒါက အရေးယူတဲ့ပုဒ်မပဲ ဖြစ်ပါတယ်။ ဒါကို နားလည်မှုလွဲပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်တယ်ဆိုပြီး သတင်းတွေ ထွက်လာတာလို့ ယူဆရပါတယ်” ဟု အထက်တန်းရှေ့နေ တစ်ဦးက ပြောကြားခဲ့သည်။

From:Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>