Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်

$
0
0


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်းသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ CDMA ၈၀၀ MHz တယ်လီဖုန်း (၂၁၅၀၀၀၀)လုံး၊GSM တယ်လီဖုန်း (၁၅၃၉၇၀၀)၊ WCDMA (၅၆၀၃၀၀)နှင့် စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းဖုန်း (၄ ဒသမ ၂၅) သန်းကို ရောင်းချပေးခဲ့သည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအ၀င် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းပေါင်း (၈ ဒသမ ၀၅)သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလ၌ အထူးအစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်များအတွင်း မိုဘိုင်းဖုန်း စသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သက်ပြည့်ပင်စင်များ အတွက်လည်း တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် လစဉ် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ရောင်းချပေးခဲ့ပြီး ဧပြီလမှ စတင်ပြီး တန်ဖိုးနည်းဆင်းမ်ကတ် အရေအတွက် ငါးသောင်းထပ်မံတိုးမြင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၄၀၀၀၀၀ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

    စောရည်နန္ဒာ
From: EMG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>