Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးဝင်းတင် သေကောင်ပေါင်းလဲ ဆေးရုံတက်နေရခြင်းကို လူနာမေးပင် မမေးသည့် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်များ မေးခွန်းထုတ်

$
0
0


NLD ပါတီ၏ သံမဏိ ၀င်းတင် အမည်ရ ကွန်မြူနစ်လက်ကျန် နာယကအဖွဲ့ဝင် ဆေးရုံစသို့ သေလုမျောပါးအနေအထားဖြင့် ကုသနေချိန်တွင် လူနာမေး သတင်းမေးပင် ရောက်ရှိမလာသော ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်များက မေးခွန်းထုတ်လာကြောင်း သိရှိရသည်။

ဟံသာဝတီဦးဝင်းတင်သည် ၀ိတိုရိယဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အခြေအနေမကောင်းသဖြင့် ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရပြီ ဖြစ်ရာ သတိလစ်မေ့မျောသွားခဲ့ကြောင်း၊ ၄င်းနောက် ပြန်လည်သတိရလာခဲ့သော်လည်း သွေးဝမ်းသွား၍ အခြေအနေ ပြန်လည် ယိမ်းယိုင်သွားခဲ့ကြောင်း၊ နောက်ဆုံးအခြေအနေမှာ နှလုံးအား ပြန်ကောင်းလာသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း သိရှိရသည်။

ဦးဝင်းတင်သည် မတ်လ ၂၆ ရက်နေ့တွင် ၀ိတိုရိယဆေးရုံသို့ စတင်ပြသခဲ့ခြင်း ဖြစ်ပြီး ယခုဆိုလျှင် ရက်သတ္တပတ် တစ်ပတ်အထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင် ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သွားရောက် သတင်းမေးခြင်း မရှိသေးသည်ကို ပါတီဝင် အချို့က မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရသည်။

“ဒေါ်စုက ပါတီဥက္ကဌ၊ ဘဘဦးဝင်းတင်က ဗဟိုနာယကပါ။ ပါတီအတွက် လုပ်ကိုင်ခဲ့တာ မနည်းပါဘူး။ ခုချိန်အထိ ထောင်သားဝတ်စုံကြီး ၀တ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့မှု ပေးနေတာပါ။ NLD မှာ ဘဘဦးဝင်းတင်လို ပြတ်သားပြီး မှန်ရာကို ပြောတတ်တဲ့ လူမျိုး နှစ်ယောက် မရှိပါဘူး။ ဦးကိုနီတို့၊ ဒေါက်တာ မြတ်ဥာဏစိုးတို့၊ ဦးဝင်းမြင့်တို့က ဘဘဦးဝင်းတင်ကို စာရင်းထဲ မထည့်၊ ဂရုမစိုက်ကြပေမယ့် ဒေါ်စုအနေနဲ့ ဘဘဘက်က ရပ်တည် ပေးသင့်တယ်။ NLD မှာ သူခိုးတွေ ရှိတယ် လို့ ဘဘဦးဝင်းတင်က ပြောခဲ့တာကို ဒေါ်စုနဲ့ နေပြည်တော်အဖွဲ့က စိတ်ဆိုးတယ် လို့ ကြားပါတယ်။ ဒီကိစ္စနဲ့ သေကောင်ပေါင်းလဲဖြစ်နေတဲ့ ဘဘဦးဝင်းတင်ကို အချိန်ပေးပြီး မကြည့်နိုင်တာကတော့ ရင်နာစရာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ခံ တစ်ဦးက ပြောဆိုသည်။

NLD ပါတီတွင် နောက်ပေါက်သည့် ရွှေကြာပင်များကို နေရာပေးနေခြင်းမှာ တုံ့ပြန်ပြောကြားမည့်သူ မရှိစေ၍ ဖြစ်မည် ထင်ကြောင်း၊ ဦးဝင်းတင်မှာ ဒေါ်စု မှားနေသည်ကိုမြင်လျှင် မှားသည် ဟု ထောက်ပြရဲသူ ဖြစ်ကြောင်း၊ ယခုအခါ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပြီးနောက် ဦးဝင်းတင်နှင့် ဦးဥာဏ်ဝင်းတို့ကို ချောင်ထိုး၍ နေရာဖယ်လိုက်ကြောင်း၊ ဦးကိုနီကို လွန်စွာမှပင် အရေးပေး၍ နယ်ဟောပြောပွဲများတွင်လည်း အစဉ်အမြဲ ခေါ်ယူ သွားလေ့ရှိကြောင်း၊ မည်မျှပင် အဃာတရှိသည်ဖြစ်စေ သေကာနီးပါတီဝင် တစ်ဦးကိုတော့ ယခုကဲ့သို့ ပစ်ထားသည်မှာ မသင့်တော်ကြောင်း၊ ပါတီဝင်များ အနေဖြင့် ရင်နာနာဖြင့် မျိုသပ်ထားရခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အချိန်(၂)နာရီခန့် ပေးလျှင် ကျေနပ်ကြောင်း၊ ယခုတော့ အချိန် (၂)နာရီပင် မပေးသည့် သဘောဖြစ်နေကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဘဦးဝင်းတင် တက်ရောက်ကုသမှုခံယူနေသော ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြီး၊ အဘဦးဝင်းတင်ကို ကုသနေသော ဆရာဝန်ကြီးများ၊
ပြုစုစောင့်ရှောက်နေသူများ နှင့်စိုးရိမ်ကြောင့်ကြမှုများစွာဖြင့် ရောက်ရှိနေကြသူများကိုတွေ့ဆုံအားပေး၊ စကားပြောနိုင်မည်ဆိုလျှင် ကောင်းလေစွဟု စိတ်ထဲပေါ်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ အားလပ်မှု ရှိ၊ မရှိ အသေအချာမသိရှိရပါ။ ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် မရောက်လာသေးသည်မှာ အသေအချာဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ အချိန်နှစ်နာရီခန့် အားလပ်မည့်အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့သွားရောက်ပြီး၊ လူနာမေး၊ နှစ်သိမ့်အားပေးသင့်ပါကြောင်း တိုက်တွန်းလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ပင် အရောက်သွားစေလိုပါကြောင်း ထပ်မံတိုက်တွန်းလိုက်ရပါသည်” ဟူ၍ ဒေါက်တာရန်မျိုးသိမ်းက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော် ရေးသားခဲ့သည်။

မူလက မတ်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လူနာမေး လာရောက်မည် ဟု ကြားသိခဲ့ရသော်လည်း ရောက်မလာခဲ့သောကြောင့် ကြံ့ဖွတ်ပါတီအကြီးအကဲ များနှင့် ရွှေလမ်းငွေ လမ်းဖောက် ကာ သူရဦးရွှေမန်းနှင့် တက်ညီလက်ညီထောက်ခံမှုပြုနေချိန်တွင် ပါတီအပေါ် သစ္စာ ရှိရှိ ဒုက္ခခံကာ ရပ်တည်ခဲ့မှုကို လျစ်လျူရှုရာ ရောက်နေကြောင်း NLD ပါတီဝင်များက ဝေဖန်လျက် ရှိသည်။

“ဒေါ်စုအနေနဲ့ ကျန်တဲ့သူတွေ ပြောနေတာ မသိဘူး မဟုတ်ဘူး သိတယ်။ သိလို့လဲ ၃၀ ရက်နေ့ သွားကြည့်မယ် ဆိုပြီး ခြံထဲက လူတွေက သတင်းပေးတယ်။ ကျွန်တော်တို့ကတော့ ဒေါ်စုလာမယ် ဆိုပြီး မျှော်နေခဲ့တာ။ ဘုရားမပြီးသေးဘူး ငြိမ်းဖျက်ပစ်တာ လို့ ကျွန်တော်တို့ ခံစားရတယ်။ ဘဘဦးဝင်းတင် ဒီရောဂါတွေ ဘာဖြစ်လို့ ရခဲ့သလဲ။ NLD အပေါ် သစ္စာ ကြီးကြီးနဲ့ မာမာတင်းတင်း ဘယ်သူ ရပ်ခဲ့သလဲ။ ဘဘဦးဝင်းတင်က ဖောက်ပြန်ရေးသမားမဟုတ်ဘူး။ ဒေါ်စု နည်းလမ်းတွေ လက်မခံပေမယ့် ဒေါ်စုကို ချစ်တဲ့စိတ်နဲ့ ထောက်ခံခဲ့တယ်။ အခု ဦးရွှေမန်းတို့ နဲ့ ပေါင်းတော့ ဒီလူတွေ မယုံရဘူး ဆိုပြီး ဘဘဦးဝင်းတင်က ပြောတယ်။ နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်လို့ ဒေါ်စုကို သမ္မတ အဖြစ် တင်လို့မရရင် ဦးရွှေမန်းကို မတင်နိုင်ဘူး ဆိုပြီး အပြတ်ပြောတယ်။ ဒါကို ဒေါ်စုက ကြိုက်ပုံမရဘူး။


 ဒီလူကြီး ငါလုပ်တာတွေ ကန့်လန့်တိုက်နေတယ် ဆိုပြီး နောက်ပိုင်းCEC အစည်းအဝေးတွေမှာ ဘဘဦးဝင်းတင်ကို မတက်ခိုင်းတော့ဘူး။ သိပ် ကြောက်ဖို့ကောင်းတယ်။ အတ္တတွေ အကျိုးစီးပွားတွေ ၀င်လာတဲ့အချိန်မှာ လူတွေရဲ့ စိတ်ထားတွေ ဖောက်ပြန်သွားကြတာ မျက်မြင် ကိုယ်တွေ့ပဲ။ ဘဘဦးဝင်းတင် စိတ်ဓါတ်က မာပါတယ်။ ဒေါ်စုနဲ့ ပတ်သက်လို့တော့ ဘဘက ဘယ်တော့မှ စိတ်မဆိုးဘူး။ သူ အမြဲပြောတာ ရှိတယ်။ ဒေါ်စုက ဘယ်တော့မှ မမှားဘူး။ အေး နည်းနည်း လွဲနေတာပဲ ရှိတယ် ဆိုပြီး ပြောတယ်။ ဘာကြောင့် ပြောရသလဲ ရှင်းပြတယ်။ ဒေါ်စုကို မှားတယ်လို့ ဘယ်တော့မှ မပြောနဲ့ ဆိုပြီး။ ဒီအတိုင်းလည်း ဘဘဦးဝင်းတင် ရပ်တည်ခဲ့ပါတယ်။ အခုလို သူများတွေ မြင်မကောင်းဘူး၊ ကြားမကောင်းဘူး ဆိုပြီး ၀ိုင်းပြော ၀ိုင်းတိုက်တွန်းမှ ဘဘဦးဝင်တင်ကို လာမကြည့်ပါနဲ့။ စိတ်ထဲက မပါဘဲ ဟန်ဆောင်တဲ့ အတတ်ပညာကို ဘဘဦးဝင်းတင်က မုန်းတယ်။ ကျွန်တော်တို့လည်း မုန်းတယ်။ သင်ခန်းစာပေါ့ဗျာ"ဟု ဦးဝင်းတင်၏ အနီးကပ် လူယုံ NLD ပါတီဝင်တစ်ဦးက မျက်ရည်စများဖြင့် ပြောဆိုသည်။

"ဒေါ်စုက ကျားတွေကို ကြောင်တွေ မှတ်နေတာ။ ကိုယ့်လူတွေကို ပြန်ပြီး သတ်နေတာ ဆိုပြီး ဘဘဦးဝင်းတင် အမြဲပြောတယ်။ ဘာပဲ ဖြစ်ဖြစ် ဒေါ်စု နောက်မှာ ငါတို့ ရပ်ပေးမယ်။ နောက်ဆုံး အသက်သိဥာဉ် ချုပ်ငြိမ်းတဲ့အထိ ပေါ့ကွာ ဆိုပြီး ပြောခဲ့တာ။ အမှန်တစ်ကယ်မှာလည်း သေတဲ့ အထိ ဒေါ်စုဘက်မှာ ရပ်တည်သွားမယ့် သဘောပါ။ အရင်းက အဖျားဖြစ်၊ မိတ်ဆွေအစစ်က ရန်သူ ဖြစ်ရတဲ့ အခြေအနေပါ။ ဦးကိုနီနဲ့ ဦးဝင်းတင် ဘယ်သူ့ကို ယုံမှာလဲဗျာ။ ဦးရွှေမန်းနဲ့ ဦးဝင်းတင် ဘယ်သူ့ကို ယုံမလဲဗျာ။ ကျွန်တော်တို့က အဖြည့်ခံတွေပါ။ ဒေါ်စု နင်းတက်ဖို့ ကျွန်တော်တို့ နှလုံးသားတွေကို ခင်းပေးခဲ့တာပါ။ နောင်တ မရပါဘူး။ ဒီလိုပဲ အနစ်နာခံ ဘေးရောက်သွားရတဲ့ အညတြတွေ အများကြီးပါ"ဟု ၄င်းက မချိတင်ကဲ ပြောကြားသည်။

ဤသို့ သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူမြင်ကောင်းရန်နှင့် ဝေဖန်မှုများ လျော့ပါးစေရန် ဦးဝင်းတင်အား လူနာမေး သွားနိုင်ဖွယ်ရာ ရှိကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

P-74380975430

From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


မအေးသောင်းတို့ညီအမ


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


လုလုအောင် HD အသစ်


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>