Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်

$
0
0


2 April 2014

ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO ၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှ သန်းခေါင်စာရင်း ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့ အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုကိုလည်း စုံစမ်း စစ်ဆေးသွားမယ်၊ INGO အားလုံးကတော့ သူတို့ရဲ့ ဘက်မလိုက်မှုတွေ၊ လူသားချင်း စာနာမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသားပါ၊ ဒါပေမယ့် ၀န်ထမ်း အချို့မှာတော့ ဘက်လိုက်မှုတွေ၊ အားနည်းချက်တွေ ရှိတယ်”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ဆိုသည်။

သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်နေသည့် အမျိုးသား အမျိုးသမီးတို့အား လူပုဂ္ဂိုလ် လုံခြုံရေး အတွက် ပထမဦးဆုံး ဖြစ်သည့်နေ့နောက်တစ်ရက်တွင်ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ် အထောက်အထားများအား ပြန်လည် စစ်ဆေး၍ အဖြစ်မှန် ပေါ်ပေါက်ပါက ဥပဒေအကြောင်း အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် INGO အဖွဲ့များ အနေဖြင့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ လုပ်ဆောင်ရန် လိုအပ်ပြီး ခရီးသွား ဗီဇာများ၊ စီးပွားရေး ဗီဇာများဖြင့် ၀င်ရောက်လာပြီး ၄င်းအဖွဲ့တို့ လုပ်ဆောင်နေသည့် ဒေသများသို့ သွားရောက် နေထိုင်ခြင်းများ ရှိနေသည်ဟုလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

“၀န်ထမ်းတွေ အများကြီးရှိ လာရင် ဒေသခံတွေက သို့လော သို့လော ဖြစ်တာပေါ့”ဟု ၄င်းကဆိုသည်။
ရခိုင်တိုင်းရင်းသားများ အနေဖြင့်လည်း ပြည်ပ၀န်ထမ်း လုပ်ဆောင်သည့် အမှားများအား ဥပဒေ အကြောင်းအရ တိတိကျကျ တိုင်ကြားရမည် ဖြစ်သော်လည်း စိတ်လိုက်မာန်ပါဖြင့် လက်တုံ့ပြန် ခဲ့သည့် အတွက် နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်အား ထိခိုက်စေခဲ့သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ သုံးသပ်သည်။

“ခံစားချက်ကို ဦးစားပေးပြီး ဥပဒေမဲ့ လုပ်လိုက်တော့ အကျိုးဆက်က ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက တရား လက်လွတ် လုပ်တယ်။ ဥပဒေမဲ့ လုပ်ချင်တယ်။ ဘယ်ဘာသာက ဘယ်လို ဖြစ်တယ်ဆိုတဲ့ အမြင်က ပိုပြီးတော့ပဲ ဆိုးသွားတာပေါ့။ စောစောက ၀န်ထမ်း တစ်ယောက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်က ပျောက်သွားပြီး ဒီပုံရိပ်က ပိုထင်သွားတာပေါ့”ဟု ၄င်းက မှတ်ချက်ပေးသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၆) ပါသတင်း )

From: Myanmar Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>