Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့က ဟန့်တားနှောင့်ယှက်

$
0
0



မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ စတင် ကောက်ယူနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေပါ မကျန်ရလေအောင် နေပြည်တော်မှာ ပြုလုပ်တဲ့ Launching Ceremony မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ KIO/KIA အဖွဲ့က လွဲလို့ ကျန်တဲ့ဒေသတွေမှာ ကောက်ယူဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ကချင်ပြည်နယ်ကို မတ်လ ၁၆ ရက်နေ့က သွားရောက်ခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်မှာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာ ၀န်ကြီး ဦးခင်ရီက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ တွေ့ဆုံခဲ့ပြီး PCG မှတစ်ဆင့် KIO/KIA ထံကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ငြင်းပယ်ခံခဲ့ရပါတယ်။ အဲဒီမတိုင်ခင် ၀န်ကြီး ဦးခင်ရီက KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ငြိမ်းချမ်းရေးအကျိုးတော် ဆောင် ဦးဒေါင်းခါးတို့ကို သန်းခေါင်စာရင်းကိစ္စအတွက် ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်ခံမှုမရှိခဲ့ ပါဘူး။ 
ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို မတ်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူပြီးစီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ စစ်ဖြစ်နေတဲ့ ဘယ်နိုင်ငံမှာမဆို သန်းခေါင်စာရင်းကောက်ပါတယ်။ ဘာဖြစ်လို့ သန်းခေါင် စာရင်းကောက်တာလဲဆိုတော့ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ကောက်တာ ဖြစ်ပါတယ်။ ဒါကို နားမလည်တဲ့ ဒါမှမဟုတ် နားလည်ရက်သားနဲ့ ရူးချင်ယောင်ဆောင်နေတဲ့ KIO/KIA ခေါင်းဆောင်ပိုင်းက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။
သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ မတ်လ ၃၀ ရက်နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့ သိရပါတယ်။ 

အိမ်ထောင်စုမေးခွန်းပုံစံကောက်ယူပြီး(၁၉)စောင်နဲ့ မကောက် ယူရသေးတဲ့ အစောင်(၁၀၀)၊ အိမ်ခြေပြမြေပုံ(၃)စုံ၊ အိမ်ထောင်စုစာရင်း(၃)စုံတို့ကို သိမ်းဆည်းသွားခဲ့ပါတယ်။ ကချင်နှစ်ခြင်းအသင်းတော်မှ ဦးလှမြိုင်၏ ဆက်သွယ်ပြန်တောင်းပေးမှုကြောင့် စာရွက်စာတမ်းတွေ ပြန်ရပေ မယ့် မကောက်ရသေးတဲ့ အစောင်(၁၀၀)ထဲက (၃)စောင်ယူထားလိုက်တယ်လို့ သိရပါတယ်။ 

အလားတူ KIA အဖွဲ့ဟာ မန်စီမြို့နယ် မန်ဝိန်းကြီးဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး သန်းခေါင်စာရင်း ကောက်မယ့်အဖွဲ့တွေလာရင် KIA ကို လာအကြောင်းကြားဖို့နဲ့ သန်းခေါင်စာရင်း ကောက်ခွင့်ပြုမှာ မဟုတ်ကြောင်း၊ လာကောက်မယ့် အဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်သွား ခဲ့တာကြောင့် အဲဒီကျေးရွာတွေကို သွားရောက်ပြီး သန်းခေါင်စာရင်းကောက်ယူမည့် ပညာရေးဝန်ထမ်းများနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၀န်ထမ်းတွေလည်း အခက်ကြုံနေရပါတယ်။

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသမှာဆိုရင် မန်ဝိန်းကြီးကျေးရွာအုပ်စု၊ နောင်စွမ်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာ အုပ်စု၊ လဂါတ်ဒေါ့ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာအုပ်စုနဲ့ နမ့်ခါးပါကျေးရွာအုပ်စုတွေပါဝင်ပြီး ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ပလောင်၊ ရခိုင်တိုင်းရင်းသားမိသားစုဝင် ထောင်သောင်းမက နေထိုင်ကြတာဖြစ်လို့ KIO/KIA ရဲ့ ဟန့်တား နှောင့်ယှက်ခြိမ်းခြောက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမည့် ၀န်ထမ်းများအတွက် အသက် အန္တရာယ်လုံခြုံရေး စိုးရိမ်စရာအနေအထား ဖြစ်နေပါတယ်။

KIO/KIA အနေနဲ့ နယ်မြေဒေသလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလဆိုပြီး အကြောင်းပြကာ သန်းခေါင် စာရင်းကောက်ယူမှုကို ငြင်းပယ်ခြင်းမှာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်သလို ယခုလိုသန်းခေါင် စာရင်းကောက်ယူနေသော ၀န်ထမ်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဟာ ဒေသခံ တိုင်းရင်းသားများအတွက် စိတ်ပျက်စရာ ကောင်းနေသလို အကျိုးဆက်ရလဒ်ကလည်း တိုင်းရင်းသားတွေ နစ်နာ တာပဲ ဖြစ်ပါတယ်။



From:ခိုင်မြဲအောင်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>