Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငါတို့ ရှက်ဖို့လဲ ချန်ထားပါ

$
0
0

==================
စစ်တွေ၌ မတ်လ၂၇ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် NGO/INGOများအား `ခဲပူဇော်ပွဲ´ နှင့်ပက်သက်၍ အမြင်မျိုးစုံရှိကြသည်။၎င်းအမြင်မျိုးစုံထဲတွင်မှ ကမ္ဘာ့အလယ်တွင် ရခိုင်တွေ လူကြမ်းဖြစ်ရပါပြီ/
အရှက်ရကြပါပြီဟု ဆိုလာကြသည့် ကွန်မန့်များ/စတေးတပ်များနှင့် ပက်သက်၍ ကနဦးအစမှပင် ရခိုင်ပြည်မှ နှင်ထုတ်ခြင်းခံထားရသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ `ဒေါက်တာနေတန်ယာဟု´၏ အမြင်နှင့်ပြောဆိုချက်များကို အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။


``ကျွန်တော်က မြန်မာပြည်မှာ အနေကြာလာတော့ မြန်မာစာရော မြန်မာစကားပါ ပြောတတ်တယ်။
ရခိုင်ပြည်မှာလဲ နေလာခဲ့တော့ ရခိုင်စကားပါ အနည်းအကျဉ်း ပြောနှိင်တယ်။ကျွန်တော်က
ဖေ့ဘုတ်သုံးတယ်။ ကျွန်တော့်မိတ်ဆွေစာရင်းမှာ မြန်မာတွေ အများကြီးဘဲ။ရခိုင်တွေလဲပါတယ်။
ကျွန်တော်က မြန်မာနာမည်ဖြစ်တဲ့ ဦးလှမောင်တင် ဆိုတဲ့ အမည်နဲ့ ဖေ့ဘုတ်သုံးထားတာကို။
မတ်လ၂၇ရက်နေ့က စစ်တွေမှာဖြစ်တာကို ဖေ့ဘုတ်သတင်းတွေအရ ကျွန်တော်သိနေခဲ့တယ်။ကျွန်တော်
ကတော့ အဲဒီနေရာ(စစ်တွေ)မှာ မရှိတော့ဘူး။ရခိုင်တွေ နှင်ထုတ်လိုက်လို့ ရန်ကုန်မှာ သောင်တင်နေတယ်။ရခိုင်ကို ပြန်ဝင်လို့ရမလားလို့ မျှော်နေတာလည်းပါတာပေါ့။ဒီအလုပ်မရှိရင် ငတ်ပြီဗျ။ကျွန်တော်လေ။ကျွန်တော့်အတွက် ဒီအလုပ်က သိပ်အရေးကြီးတယ်။

ကျွန်တော်တို့ အနောက်ကမ္ဘာက လူ့မလိုင်အဆီခဲ ဒိုနာတွေရဲ့ မဖြစ်စလောက် အလှူငွေတွေကို စုပေါင်းလိုက်ခြင်းက ခင်ဗျားတို့ မြန်မာငွေနဲ့တွက်ရင် အများကြီးဖြစ်သွားတာ။ဒီငွေတွေနဲ့ ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ ကျေးဇူးရှင်လိုလို သူဌေးလိုလို ဘာလိုလို ညာလိုလို နေထိုင်လို့ရတယ်။ကိုယ့်အတွက်လဲ လစာက အများကြီးရသေးတယ်။ခုတော့ရခိုင်ပြည်က နှင်ထုတ်ခံရလို့ ငါးပါးကိုမှောက်ရော။

ဒါနဲ့ မတ်လ၂၇ရက်နေ့ အကြောင်းကို ပြန်စကြမယ်။ဒီသတင်းကို ဖေ့ဘုတ်မှဖတ်နေရတော့ ကျွန်တော် တော်တော်လဲ အံ့သြရယ်ချင်မိတဲ့ ကွန်မန့်တွေ ပိုစ့်တွေကို တွေ့သဗျ။အဲဒါက ဘာလဲဆိုတော့ ဒီလိုNGOတွေကို ခဲနဲ့ပေါက်လို့ ရခိုင်တွေဟာ ကမ္ဘာ့အလယ်မှာ နာမည်ဆိုးပါပြီ။ရှက်စရာကောင်း
ပါပြီလို့ ရေးနေကြတာကိုပါ။ဒါဟာ မှားတော့မမှားပါဘူး။ဒါပေမဲ့ အဲလောက်ထိလဲ မဟုတ်ပါဘူးဗျ။ကမ္ဘာကြီးမှာ ခုရခိုင်ကိစ္စထက် ပြင်းထန်တဲ့ ရက်စက်တဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ ရှိနေတာပါ။ဒီလိုကိစ္စတွေကို ယဉ်ကျေးပါတယ်ဆိုတဲ့ အမေရိကန်တွေ အင်္ဂလန်တွေကတောင် ကျောထောက်နောက်ခံပြုပြီး မြှောက်ပေးထားတာမျိုးဗျ။

ဥပမာဗျာ…ဆီရီးယားအရေးကိုပဲကြည့်ပါ။ဆီးရီးယားသူပုန်တွေကို အမေရိကန်က ထောက်ပံ့တယ်။
ဆီးရီးယားအစိုးရကို အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီအာရေဗျက ထောက်ပံ့တယ်။ဒီတော့ ဆီးရီးယားက ပြည်သူတွေ သိန်းမဟုတ်ဘူး။သန်းနဲ့ချီပြီး သေကြတယ်။အဲလိုမျိုး။ကဲ-ရခိုင်အကြောင်းပဲ ပြန်ဆက်ကြရအောင်။

ခုဖေ့ဘုတ်မှာ သူတို့ပြောနေသလို ရခိုင်တွေ မျက်နှာပျက်ရပါပြီဆိုရင် ကျုပ်တို့လို NGO/INGOတွေလည်း မျက်နှာပျက် သိက္ခာကျ အရှက်ရဖို့လဲ နဲနဲချန်ထားပါအုံးလို့ ပြောချင်တယ်ဗျ။ခင်ဗျားတို့စဉ်းစားကြည့်ပါ။ ကျုပ်တို့က အလှူကိုဗန်းပြပြီး ရခိုင်ပြည်ထဲကို ဝင်တာပါ။ဒါကို ရခိုင်တွေက လှူစရာလဲမလိုဘူး…ခင်ဗျားတို့သာ မြန်မြန်ပြန်ထွက်သွားလို့ လုပ်လာတယ်။ ဒီတော့ ငါတို့က မလှူရရင် ထွက်တယ်ကွာလို့ အာမကျယ်ရဲဘဲ…ဟင့်အင်!လှူပါရစေကွယ် လို့ ဖြစ်လာရပြန်ရော။ဒါပေမယ့်လဲ ခုလိုအတင်းတွယ်ကပ် အလှူကိုဗန်းပြပြီး နေခဲ့ရချိန်မှာလည်း ထွက်သွားဖို့ဘဲ တောင်းဆိုခံနေရပြန်တယ်။
ခုတော့ရခိုင်တွေဟာ အေးအေးဆေးဆေးနဲ့ အတန်တန် ပြောပြလို့မရနှိင်ချိန်မှာမှ ဟိုအမေရိကန်မက အစိယားပြီး သာသနာ့အလံကိုမှ ပေါင်ကြားကိုသွားညှပ်ပြတော့ ဟမ်းမရေး…ခွေးပြေး ဝက်ပြေး ပြေးခဲ့ရသပေါ့။

ခုလည်းကြည့်။ငါတို့ MSFကအရင်ဆုံး နှင်ထုတ်ခံရတာ။ဒါပေမဲ့ အေးအေးမနေဘူး။ရခိုင်ပြည်ကို
ပြန်ဝင်လိုပါတယ်လို့ လုပ်နေပြီ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ?ကမ္ဘာ့အလယ်မှာ NGO/INGOတွေရဲ့လုပ်ရပ်ဟာ ရခိုင်ပြည်မှာကျမှ ဘူးပေါ်သလို ပေါ်နေတာဟာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ?မလှူပါနဲ့။မလိုပါဘူး။သွားပါတော့လို့ နှင်ထုတ်ခံနေရတာကိုတောင် မသွားနှိင်ဖြစ်နေတာဟာ ဘာကြောင့်လဲ?ဘာအတွက်လဲ? ဆိုတာကို လူမှန်ရင်တော့ ရိပ်မိကြမှာပေါ့ကွ။
ကမ္ဘာကြီးမှာ လှူတာကို မလိုပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းရဲတာရခိုင်ဘဲရှိသလို…ငါတို့ NGO/INGOတွေရဲ့ အလှူကိုဗန်းပြပြီး သူများနယ်မြေထဲကို ဒေသခံအိမ်ရှင်တွေ သဘောမတူဘဲ အတင်းအဓမ္မ ဝင်ရောက်နေရာယူပြီး နှိင်ငံရေး/လူမျိုးရေး မတည်ငြိမ်အောင် ဖန်တီးပြုလုပ်နေသမျှတွေ ဘူးပေါ်သလို ပေါ်ထွက်လာခဲ့ရတာဟာလည်း ဒီရခိုင်ပြည်မှာဘဲရှိပါတယ်။

ဒါကြောင့် ငါကပြောတာပါ။ကမ္ဘာအလယ်မှာ NGO/INGOတွေလည်း သိက္ခာကျဖို့၊ရှက်ဖို့အတွက် နဲနဲပါးပါး ထားပါအုံးလို့´´။
From: ဟာဒယ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>