Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့

$
0
0
ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)
 
ရိုက်ကူးခြင်းမပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူပျောက်ဆုံးမှုဖြင့် တရားစွဲခံထားရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထားသည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
 အဆိုပါအမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့်သူဖြစ်သည်။

အဆိုတော် Cobraသည် မတ်လ၂၄ရက်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံခုတင်ပေါ်၌လဲလျောင်းနေသည့် သရုပ်ဆောင်အမျိုးသမီးပုံကိုတင်ကာ Laser World ကုမ္ပဏီပိုင်ရှင်နှင့်  ရဲဝန်ထမ်းများ  တရားမျှတမှုမရှိကြောင်းရေးသားထားသည်။
‘‘ဆေးရုံရောက်တော့လည်း သူတို့လုပ်ပုံက လက်ထိတ်ခတ်ရုံမကပါဘူး။ သံကြိုးနဲ့ပါ ထပ်ချည်ထားပါသေးတယ်။ မိန်းကလေးတစ်ယောက်ကို ထိန်းတာကို ရဲလေးယောက်နဲ့ ထိန်းထားပါတယ်။ အပေါ့အပါးသွားချင်ရင် တောင်ရှက်လို့ သူ့ခမျာမပြောရဲရှာဘူး။ လူသတ်မှုလည်းမဟုတ်ပါဘူး။ ဒါကိုဒီလောက် အငြိုးကြီးကြီး လုပ်ပုံထောက်တော့ သူ့သူဌေးမှာ ဘာအကြံအစည်ရှိနေလဲ မသိပါဘူးဗျာ’’ဟု  အဆိုတော် Cobra က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွဖော် ပြထားသည်။

‘‘သိမ်မွေ့စွာ ငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်ရှိပြီး ဇာတ်လမ်းမှာ Laser World ကုမ္ပဏီပိုင်ဇာတ်လမ်းဖြစ်ကာ ယင်းဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်အလုပ်ခန့်ထားခြင်းခံရသည့် မဆုဆုအောင်မှာ အလုပ်ထွက်သွားပြီးဇာတ်ညွှန်းမိတ္တူ ပြန်မပေးသောကြောင့် ခိုးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
Cobra ၏ ရေးသားချက်များသည် မှားယွင်းစွာရေးသားမှုများ ဖြစ်သဖြင့် ပြင်ဆင်ပေးရန် ကုမ္ပဏီ က တောင်းဆိုခဲ့သည်။

‘‘ဒါက သတင်းအမှားမှ မဟုတ်တာ။ သူနဲ့ ကျွန်တော်နဲ့ မနေ့က နှစ်နာရီလောက်စကားပြောတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်။ ပြန်ရေးပေးပါလို့။ ကျွန်တော့်ဘက်က ဘာပြန်ရေးပေးရမှာလဲ။ ဒါအမှန်တွေပဲ။ တရားဥပဒေအရဆိုလည်း ရင်ဆိုင်ရုံပဲပေါ့’’ဟု  အဆိုတော်Cobraက ပြောသည်။
အဆိုပါသရုပ်ဆောင် အမျိုးသမီးသည် ၂၀၁၃ခုနှစ် မတ်လတွင် အလုပ်စ၀င်ပြီး သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအကြာ၌ စာချုပ်မပြည့်ဘဲ အလုပ်ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာလျော်ကြေးပေးခဲ့ကာ ၂၀၁၃ခုနှစ် သြဂုတ် ၈ရက်တွင် ချစ်သူနောက်သို့ ခိုးရာလိုက်ခဲ့ကြောင်း မဆုဆုအောင်၏ခင်ပွန်း ကိုဖြိုးအောင်ဝင်းကရှင်းပြသည်။

ထို့နောက် အလုပ်ထွက်ပြီး ငါးလအကြာ ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံပျောက်နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသောကြောင့် အိမ်မှလူများကပြန်လာမှပေးမည်ဟုဆိုသည်။ ထို့ နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ်ခြစားသွားသည်ဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာမန်နေဂျာက တရားလို ပြုကာ မဆုဆုအောင်အားခိုးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း Laser Worldကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

 ‘‘လေဆာဝေါကုမ္ပဏီရဲ့ တိုင်ကြားချက်အရ ခိုးမှုနဲ့အမှုဖွင့်ထားပါတယ်။ တရားရုံးအထိ တင်ထားတာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်နဲ့ချုပ်ထားတာပါ။ ကောင်မလေးက အချုပ်ခန်းထဲရောက်တော့ အော့အန်တာ ၊ သွေးပေါင်ကျတာ ၊အစားမစားတာတွေဖြစ်လို့ ဆရာဝန်ရဲ့ ဆေးစာနဲ့ဆေးရုံတင်ပေးတာ။ အချုပ်တရားခံမို့ ရဲဝန်ထမ်းနဲ့ လုံခြုံရေးချထားပြီး လက်ထိတ်ခတ်ထားတယ်။ ထွက်မပြေးအောင်လို့ လှုပ်ရှားလို့မရအောင် လက်ထိတ်နဲ့သံကြိုးတွဲချည်ထားတာ။ တရားခံထွက်ပြေးမှာစိုးလို့’’ ဟု ကျောက်တံတားမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကပြောသည်။

   မတ်လ ၁၅ ရက်တွင်ကျောက်တံတားမြို့မရဲစခန်း၌ အချုပ်ကျနေပြီး မတ်လ ၂၁ရက်တွင် ရန်ကုန်ဆေးရုံကြီးဆေးကုသဆောင်၌ တက်ရောက်ကုသခဲ့ကာ မတ်လ ၂၆ရက် နံနက်တွင် ဆေးရုံမှဆင်းရပြီး  ရဲအချုပ်ခန်းသို့ပြန်ရောက်နေကြောင်း သိရသည်။
‘‘ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီပုဒ်မ တပ်ထားတာ။ ခိုးမှုလို့တပ်ထား တယ်။ ဦးတို့ရုံးကိုမထီမဲ့မြင်လုပ် တာ။ ဒီကိစ္စကို ဒီလိုမဆုံးဖြတ်ရင် ဘယ်လိုဆက်လုပ်မလဲ။ ဥပဒေမ စိုးမိုးရင် ဦးတို့တိုင်းပြည်မှာ ခိုးမှုတွေဖြစ်နေမှာ’’ဟု Laser Worldကုမ္ပဏီပိုင်ရှင်က ပြောသည်။

ယင်းအမှုကို မတ်လ၂၈ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ ရမန်ပေးရန် ရုံးချိန်းရှိ ကြောင်းသိရသည်။ ယင်းဇာတ် ညွှန်းကိစ္စနှင့်ပတ်သက်၍ အွန် လိုင်းတင်ခြင်း၊ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ခံရခြင်း၊ ဖုန်းဖြင့် ခြိမ်းခြောက်ခံရခြင်းနှင့် လူချင်းတွေ့ဆုံကာ အကျပ်ကိုင်ခံရခြင်း များရှိခဲ့သော်လည်း ၎င်းသည် တစ်ရာရာခိုင်နှုန်း ရိုးသားမှုရှိသောကြောင့် မမှန်မကန်အမှုဖွင့်ထားခြင်းမဟုတ်၍ ဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်းLaser Worldကုမ္ပဏီပိုင်ရှင်ဦးအောင်ကြူဟိန်း(ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။
ယင်းဇာတ်လမ်းတွဲကိစ္စမှာ အမှုဖြစ်နေသောကြောင့် ခဏရပ်ထားပြီး အမှုပြီးမှသာ ရိုက်ကူးရန်စီ စဉ်ထားသည်ဟုဆိုသည်။


From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...