Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့တပ်မတော် နှင့် ဘင်္ဂလားဒေရှ် တပ်မတော် ကို နှိုင်းယှဉ်ခြင်း

$
0
0
အရင်ဦးဆုံးမြေအနေအထားအရ မြန်မာနိုင်ငံသည် အရှေတောင်အာရှရဲ့မြေဧရိယာ အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ပါတယ်။ လူဦးရေသန်း၆၀ခန့်ရှိပြီး တပ်မတော်ရဲ့အင်အားဟာ အရှေတောင်အာရှမှာ ဒုတိယအများဆုံးဖြစ်ပြီး တိုက်ပွဲအတွေ့ကြုံ အလွန်ပြည့်ဝသော တပ်မတော်ဖြစ်ပါတယ်။ တောတွင်းတောင်ပေါ်စစ်ဆင်ရေးများတွင် ဗီယက်နမ်နဲ့အတူ အကောင်းဆုံးတပ်မတော်ဟု သတ်မှတ်ခြင်းခံရပါတယ်။

ဘင်္ဂလားဒေရှ်နိုင်ငံဟာ Pakistan နိုင်ငံမှ၁၉ရ၀ကျော်တွင် ဘာသာရေးမတူညီမူကြောင်ခွဲထွက်ခဲ့ပါတယ်။ လူဦးရေအရမ်းထူထပ်ပြီး စစ်ကိုင်းတိုင်းခန့်သာရှိသော မြေနေရာတွင်လူဦးရေသန်းတစ်ရာကျော်နေထိုင်ပြီး လူဦးရေပေါက်ကွဲမူများ ဖြစ်ပေါ်နေပါတယ်။ ထိုလူဦးရေပေါ်က်ကွဲမူသည် အိမ်နီးခြင်းဖြစ်တဲ့ India နဲ့မြန်မာကိုယိုစိမ့်နေပါတယ်။ မုန်တိုင်းနှင့်ရေကြီးမြေပြိုမူဒဏ်ကို ကိုနှစ်စဉ်ခံစားနေရသော တိုင်းပြည်ဖြစ်ပါတယ်။

ယခုအခါမြန်မာနှင့်ဘင်္ဂလားဒေရှ်သည် ရေပိုင်နက်ပြသာနာနှင့် လူဦးရေယိုစိမ့်မူကြောင့်ဖြစ်ပေါ်လာသော တရားမ၀င်နေထိုင်မူပြသာနာကြောင့် ရန်သူဟုမဆိုနိုင်သော်လည်း အထူးသတိထားစောင့်ကြည့်ရမည့် အခြေအနေတွင်ရှိနေပါသည်။ ထိုပြင်ဘင်္ဂလားဒေရှ်တပ်မတော်ရဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မူနှင့် မြန်မာအပေါ်ရည်ရွယ်ပြီး စစ်ပြင်ဆင်မူတွေလုပ်လာသောကြောင့် ပိုမိုသတိထားစောင့်ကြည့်သင့်ပါတယ်။

တပ်မတော်နှစ်ခုရဲ့ အဆင့်အတန်းကိုနှိုင်းယှဉ်မည်ဆိုပါက နိုင်ငံရေး၊လက်နက်အင်အား၊လူအင်အား၊ စွမ်းဆောင်နိုင်မူအရည်အချင်း၊ လေ့ကျင့်ရေး၊နည်းပညာတိုးတက်မူ၊ တိုက်ပွဲအတွေ့အကြုံ၊ ရေမြေအနေအထား၊ လက်နက်ကိုယ်တိုင်ထုတ်လုပ်နိုင်မူနှင့် တခြားနိုင်ငံများကိုရောင်းခြနိုင်မူ၊ နည်းပညာတိုးတက်ရေးကြိုးပမ်းမူစသည့် အချက်တွေပေါ်မူတည်ပါတယ်။ ထိုပြင်တပ်မတော်သားများရဲ့ ခံယူချက်နှင့် ပင်ကိုယ်စွမ်းရည်ပြည့်ဝမူလည်း လိုပါတယ်။


လေကြောင်းဆိုင်ရာ နှိုင်းယှဉ်ချက်


အရင်ဦးဆုံးလေကြောင်းကနေစပြောကြပါမယ်။ လေကြောင်းစွမ်းအားဟာ ၂၁ရာစုရဲ့ပင်မ အသက်သွေးကြော တစ်ခုဖြစ်လာပါတယ်။ အရေအတွင်အတိအကျ မဟုတ်ပင်မဲ့မြန်မာ အသာစီးမှာရှိနိုင်ပင်မဲ့ သိပ်မကွာလှပါဘူး။ ဒါပင်မဲ့အနာဂတ်စီမံကိန်းနဲ့ မြေအနေအထားမှာတော့ သိသိသာသာ ကွာဟချက်တွေ ရှိနေပါတယ်။ အထူးသဖြင့်မြေအနအထားမှာ ဘင်္ဂလားဒေရှ်နိုင်ငံဟာ သေးငယ်ပါတယ်။ ဒီအတွက်လေယာဉ်များရဲ့ လေ့ကျင့်နိုင်မူဟာ training area တောင် ကျပ်ညပ်နေပါတယ်။ ထိုပြင်မြေနေရာကျဉ်းသောကြောင့် စုပြုံနေတဲ့ရန်သူကို ခြေမှုန်းရလွယ်ပါတယ်။

F7 Fighters
F7 Fighters

ဒါအပြင်နေရာယူမူ အမှားတွေလည်းရှိနေပါတယ်။ ယခုနောက်ဆုံး အပူတပြင်းဖောက်လုပ်ထားတဲ လေတပ်စခန်းအသစ်ဟာ ရှုးသွက်မူသက်သက်ဖြစ်ပါတယ်။ မဟာဗျုဟာအရ front line airbaseမှန်ပင်မဲ့ နိုင်ငံကျဉ်းလေးအတွက် front line airbase ထားတာဟာ တကယ်မိုက်မဲမူပါ။ အမြောက်တကမ်းစာသာသာမှာ ထားရှိထားတဲ့လေတပ်စခန်းဟာ စစ်ဖြစ်ရင်အရင်ဆုံးခြေမှုန်းခံရပါလိမ့်မယ်။ နောက်တစ်ခုကဘင်္ဂလားဒေရှ်သည်လည်း မြန်မာကဲ့သို့ပင် တခြားစစ်မျက်နှာစာဖြစ်တဲ့ မဟာရန်သူဘက်ကိုသာ အားစိုက်ခဲ့ပြီး တကယ်တမ်းဖြစ်လာတဲ့အခါ စစ်မျက်နှာစာကို အရွေ့အပြောင်းအခုချိန်ထိ ကောင်းကောင်းမလုပ်နိုင်သေးပါ။ ဘင်္ဂလားဒေရှ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးသည်လည်း အလွန်နိမ့်ကျပြီး ရေဒါစခန်းတစ်ခုသာရှိသော နိုင်ငံဖြစ်သောကြောင့် (နောင်တွင်နှစ်ခု) မိမိတို့တပ်မတော်လေရဲ့ ထိုးစစ်ကိုခုခံနိုင်စွမ်း နည်းပါလိမ့်မယ်။

UN တွင် သယ်ပို့တာဝန်ယူနေသည့် Mi17 ရဟတ်ယာဉ်
UN တွင် သယ်ပို့တာဝန်ယူနေသည့် Mi17 ရဟတ်ယာဉ်

သိုသော်မိမိဘက်မှပြန်စဉ်းစားလျှင်တော့ မိမိတို့သည်နိုင်ငံကျယ်ပြန့်ခြင်းကြောင့်၊ ပစ်မှတ်ပြန့်ကြဲမူကြောင့်၊ ပစ်ခတ်ရန်ခက်ခဲခြင်း၊ ၂၀၀၀ခုနှစ်နောက်ပိုင်း သိသိသာသာတိုးတက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ထိုးဖောက်ရန် ခက်ခဲပါလိမ့်မည်။ Air Defence လုပ်ရန်နှင့် close support လောက်သာပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုးစစ်အတွက်တော့ မဖြစ်နိုင်ပါ။

A5C Fantan
A5C Fantan

ထိုပြင်ဘင်္ဂလားဒေရှ်၌ A5 ၇စီးသာရှိသည်ကိုကြည့်ခြင်းနှင့် နောင်ဝယ်ယူမည့်လေယာဉ်သည် F7 သာဖြစ်ခြင်းတို့ကြောင့် မြေပြင်ပစ်ကူပေးရေး အပိုင်းအကြီးအကျယ် အားနည်းလာနိုင်ပါသည်။
အနာဂတ်အစီအစဉ်ကို ပြောရရင် ဘင်္ဂလားဒေရှ်အတွက် F7 သည် အလွန်အသုံးဝင်ပါတယ်။ Areal interceptor ဖြစ်သောကြောင့် သေးငယ်တဲ့နိုင်ငံအဖို့ အလွန်အသုံးဝင်ပါတယ်။ ထိုကြောင့်BAF အနေဖြင့်F7ကို ထပ်မံဖြည့်ခြင်းသည်မှန်သည်ဟု ဆိုနိုင်ပါတယ်။ ဒါပင်မဲ့MAFကထိုF7နှင့်A5အစား 4th generation fighter များဖြင့် အစားထိုးမည်ဟုယူဆရသောကြာင့် အနာဂတ်တွင်ပိုမို အသာစီးရနေနိုင်ပါတယ်။


ရေတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်


ရေတပ်အနေဖြင့်ယှဉ်ထိုးကြည့်လျှင် လက်ရှိအနေအထားအရ BN က အနည်းငယ်သာသည်ဟု ထင်ရသော်လည်း အနာဂတ်စီမံကိန်း၊ပြည်တွင်းတွင်ရေယာဉ်တည်ဆောက်နိုင်မူ တို့၌ကွာခြားလှမည်။ အနာဂတ်စီမံကိန်းတွင် BN မှ ရေငုတ်သဘောင်္နှင့်ဖရီးဂိတ်များ ဖြည့်မည်ဆိုသောကြောင့် BN က လုံးဝအသာစီးရနိုင်သည်ဟု ထင်ရသော်လည်း MN သည်ကိုယ်တိုင်ထုတ်လုပ်နိုင်သည်။

တစ်စီးတည်းသော် ခေတ်မှီ ဖရီးဂိတ်
တစ်စီးတည်းသော် ခေတ်မှီ ဖရီးဂိတ်

AUNG ZAYYA CLASS ဖရီးဂိတ်ကို အောင်မြင်စွာစမ်းသပ်အသုံးပြုနိုင်ပြီး နောက်တွင် ထိုအမျိုးအစားရေယာဉ်များကို အလွယ်တကူ ထပ်မံတည်ဆောက်နိုင်မည်ဖြစ်ပြီး ၀ယ်ယူမှုထက်စရိတ်စက ပိုသက်သာပါတယ်။ BN ၀ယ်နိုင်ပြီပဲဆိုဦး တဖြည်းဖြည်းနဲ့တိုးတက်လာမည့် MN ကိုတော့ကြာရင် ယှဉ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါအပြင် F12 လို ကိုယ်ပျောက်ဖရီးဂ်တ်တွေကိုထုတ်လုပ်နိုင်ပြီဖြစ်ရာ ရေငုတ်သဘောင်္ဝယ်ဖို့သာ အားစိုက်ရတော့မည်ဖြစ်သည်။ ထိုပြင်5seriesတွေက တော်တော်ကောင်းတယ်လို့လည်း သိရတာကြောင့် MN အတွက် အားတစ်ခုဖြစ်လာမှာပါ။


ကြည်းတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်


ကြည်းတပ်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပြီးသားပါ။ တစ်ဦးခြင်းရဲ့ အရည်အခြင်း အတွေ့အကြုံက အများကြီးသာပါတယ်။ DSA မှာပြောနေကျစကားတစ်ခုလိုပေါ့ မင်းဘာသာမင်း DSA မကလို့ ဘယ်ကဆင်းဆင်းသိပ်မကြောက်တက်ဖူးပြောပြော ပထမဆုံးတိုက်ပွဲမှာတော့ နှာခေါင်းထှယ်ထိုးတာပဲဆိုသလို တိုက်ပွဲရဲ့ဖိအားကို မသိသေးတဲ့ ဘင်္ဂလားဒေရှ်တပ်မတော်အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။

၂၀၀၉ခုနှစ်ကမြန်မာနဲ့စစ်ပြင်ကြတဲ့အခါလစာမလုံလောက်ဟုအကြောင်းပြကာတပ်တွင်းပုန်ကန်မူကြောင့်လူ၅၀၀၀လောက်ထုတ်ပြစ်ရတာလဲBAအတွက်မေးခွန်းထုတ်စရာပါ။

မြို့တွင်းတွင် မော်တာများ အသုံးပြုခဲ့သည့် ဘင်္ဂလားစစ်တပ်
မြို့တွင်းတွင် မော်တာများ အသုံးပြုခဲ့သည့် ဘင်္ဂလားစစ်တပ်

မြို့တွင်းတွင် လေယာဉ်ပစ်စက်အမြောက်အသုံးပြုသည့် ဘင်္ဂလားစစ်တပ်
မြို့တွင်းတွင် လေယာဉ်ပစ်စက်အမြောက်အသုံးပြုသည့် ဘင်္ဂလားစစ်တပ်

ပူးပေါင်းစစ်ဆင်ရေးတွေလုပ်သည်ပဲထားဦးတော့ လေယာဉ်တွေက guided များဖြင့်တော့ပြစ်ဖူးမည်မထင်။ သဘောင်္များကလည်း SSA ဒုံးများတော့ပြစ်မည်မထင်။ ထိုကြောင့်လေ့ကျင့်မူသည်ကွာမည်လို့ဆိုနိုင်မည်လော။ Operation dessert STROM တွင် ပါဝင်သည်ဆိုတာကလည်း MEDICAL အဖွဲ့နှင့် နောက်ပိုင်းလုံခြုံရေးလောက်သာ။ UN mission တွင်ပါဝင်သည်ဆိုတာကလည်း လုံခြုံရေးယူပေးခြင်းနှင့် လူသားခြင်းစာနာထောက်ထားမူအတွက်သက်သက်သာ။ မိမိတို့ဆီမှာထားလျှင် ကုန်ကျစရိတ်ရှိနေမည့်အတွက် အတွေ့အကြုံရအောင်နှင် ကုန်ကျစရိတ်သက်သာအောင် ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။ ထိုသို့ထမ်းဆောင်ရသည်မှာလည်းရဟတ်ယာဉ်သာဖြစ်သည်။ မည်သို့ပင်ဆိုဆိုထိုမှ အတွေ့အကြုံကောင်းတွေရမည်မှာ အမှန်ပင်။

ဘင်္ဂလားဒေ့်၏ ခေတ်အမှီဆုံးတာတိုပစ် ဒုံးစနစ်
ဘင်္ဂလားဒေ့်၏ ခေတ်အမှီဆုံးတာတိုပစ် ဒုံးစနစ်

မြန်မာ့ခြေလျှင်နှင့်အမြောက်၏ တိုက်စွမ်းရည်ကအလွန်ကောင်းပြီးသားဖြစ်ပင်မဲ့ ခေတ်မှီနည်းစနစ်များ ပြောင်းလဲအသုံးပြုခြင်းနှင့်  ထိုခေတ်မှီနည်းပညာများကိုတိုက်ပွဲဝင် အသင့်ဖြစ်အောင်လုပ်ရမည်။မြန်မာတပ်မတော်၏ ၇၅ရာခိုင်နှုန်းသောလက်နက်များသည် ပြည်တွင်းကထုတ်ခြင်းကြောင့် အများကြီးပိုမိုသာစေပါတယ်။

လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းမဲ့ အမြောက်စနစ်
လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းမဲ့ အမြောက်စနစ်

မည်သို့ပင်ဆိုစေကာမူ စစ်ပွဲများဖြစ်လျှင် ရန်သူကိုလျော့တွက်ခြင်းဟာ အရှုံးရဲ့အစပါ။ သူတို့ဘယ်လိုပဲလုပ်လုပ် ကိုယ်တပ်ဖွဲ့ကောင်းဖို့ ခေတ်မှီဖို့လိုပါတယ်။ ဒီအတွက်ရန်သူကို အထင်မသေးဖို့လိုပါတယ်။ ။


 From: mmmilitary.blogspot.com

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>