ရခိုင်ပြည်နယ်က စစ်တွေနဲ့ မောင်တောနယ်တွေမှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ်ဝေတဲ့ Dhaka Tribune သတင်းစာပါဆောင်းပါးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ သံတမန်ရေးအရ ကန့်ကွက်သွားမယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ယူကရိန်းမှာ ကရိုင်းမီးယားနယ်ခွဲထွက်သလို ရေးသားထားတာနဲ့ပတ်သက်ပြီး သမ္မတရုံးရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
"ဒါသည် လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်အရ ရေးသားတယ်လို့ ယူဆနိုင်သော်လည်းပဲ၊ ဒီ Freedom of Expression ကို အခွင့်ကောင်းယူပြီးတော့ အချုပ်အခြာအာဏာကိုထိပါးခြင်း၊ နောက်တစ်ချက်က ကျွန်တော်တို့ ၂ နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ ဖြစ်အောင် သွေးထိုးခြင်းဆိုတဲ့ သဘောသက်ရောက်နေတာကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်မခံနိုင်ဘူး၊ လက်မခံနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သံတမန်ရေးအရပေါ့နော် ဆက်ပြီးတော့ တုန့်ပြန်သွားမှာပါ"
မြန်မာအစိုးရအနေနဲ့ ဒီဆောင်းပါးဖော်ပြချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ကန့်ကွက်ကြောင်း အကြောင်းကြားမယ့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးက တဆင့်လည်း ကန့်ကွက်ကြောင်း အကြောင်းကြားသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
From:rfa မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်ကြောင်း၊ ယူကရိန်းမှာ ကရိုင်းမီးယားနယ်ခွဲထွက်သလို ရေးသားထားတာနဲ့ပတ်သက်ပြီး သမ္မတရုံးရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
"ဒါသည် လွတ်လပ်စွာရေးသား ဖေါ်ပြခွင့်အရ ရေးသားတယ်လို့ ယူဆနိုင်သော်လည်းပဲ၊ ဒီ Freedom of Expression ကို အခွင့်ကောင်းယူပြီးတော့ အချုပ်အခြာအာဏာကိုထိပါးခြင်း၊ နောက်တစ်ချက်က ကျွန်တော်တို့ ၂ နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ ဖြစ်အောင် သွေးထိုးခြင်းဆိုတဲ့ သဘောသက်ရောက်နေတာကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်မခံနိုင်ဘူး၊ လက်မခံနိုင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သံတမန်ရေးအရပေါ့နော် ဆက်ပြီးတော့ တုန့်ပြန်သွားမှာပါ"
မြန်မာအစိုးရအနေနဲ့ ဒီဆောင်းပါးဖော်ပြချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ကန့်ကွက်ကြောင်း အကြောင်းကြားမယ့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးက တဆင့်လည်း ကန့်ကွက်ကြောင်း အကြောင်းကြားသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
www.mmdailystar.com