Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နောက်မီး လင်း/မလင်း စစ်ဆေးမည့်သတင်းများထွက်ပေါ်နေ

$
0
0
 တစ်ခန်းတည်း အတူတူတည်းခိုခဲ့သည့် သက်သေခံ စာရွက်စာတမ်း


NLD ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နောက်မီး လင်း/မလင်း ကို အတွင်းကြိတ် စစ်ဆေးမယ့် တံခါးပိတ် ဆွေးနွေးပဲ တစ်ခုကို ၈၈ မျိုးဆက်များက မကြာခင် ပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။


အသက် ၅၀ အရွယ်ရှိနေသော်လည်း ဒီနေ့ထိ ကျောင်းမပြီးသေးတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ယခင်ရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာများမှာ ပါရှိတဲ့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ် နဲ့ NLD ပါတီမှ နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းတို့၏ ၂၀၁၂ခုနှစ်၊
ဖေဖော်ဝါရီလအတွင်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ ရှိ River View ဟိုတယ်တွင် နှစ်ယောက်ခန်း တစ်ခန်းငှားကာ ၄င်းတို့နှစ်ဦး အတူ ညအိပ်နေထိုင်သွား တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းဖြစ်စဉ်မှန် ထုတ်ပြန်နိုင်ရေးအတွက် ယခုရက်ပိုင်းအတွင်း သင်္ကန်းကျွန်းမြို့နယ် (၈၈)မျိုးဆက်ကျောင်းသားများရုံးမှာ တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 
ဦးဌေးကြွယ်နဲ့ ဒေါ်စန္ဒာမင်းတို့ အတူအိပ်ခဲ့တဲ့ ကိစ္စဟာ ဒီနေ့ နိုင်ငံရေး အသိုင်းအဝိုင်းတစ်ခုလုံးမှာ ဖောင်းကြွနေပြီး ၈၈ မျိုးဆက်များ ရော NLD ပါတီကိုပါ လူထုက ဝေဖန် ရှုံ့ချမှုများ ထွက်ပေါ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်များကလည်း ဒီသတင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အပြင် ၈၈ မျိုးဆက် များကိုလည်း ဖိအားပေးခဲ့ကြောင်း သိရပါတယ်။

ဒေါ်စန္ဒာမင်း နောက်မီးလင်းသည့် ကိစ္စဟာ NLDပါတီနှင့် ပတ်သတ် နေသဖြင့် သတင်းကို အတတ်နိုင်ဆုံး ထိန်းချုပ်ရမည် ဖြစ်ကြာင်း၊ ပြိုင်ဘက်ပါတီဝင် အဖွဲ့အစည်းများ၏ လက်ချက်လည်း ဖြစ်နိုင်ကြောင်း၊ ၄င်းသတင်းနှင့် ပတ်သတ်၍ ချက်ချင်းတုံ့ပြန်ခဲ့လျင် လူအများပိုမို အာရုံ စိုက်သွားနိုင်ကြောင်း၊ ထို့အပြင်ပြိုင်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာများမှ အမြတ်ထုတ်လာနိုင်ကြောင်း၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေ၍ NLDပါတီအနေနှင့်လည်းသိက္ခာကိစရာဖြစ်ကြောင်း၊ ဖြစ်စဉ် အပေါ် ဦးမင်းကိုနိုင်ဦးစီးကာ လိုအပ်သောစုံစမ်းမှုများပြုလုပ်၍ မှန်ကန်မှုမရှိပါက River View Hotel အပေါ်တရားစွဲသွားမည်ဖြစ်ပြီး မှန်ကန်ပါက လုပ်ဆောင်ရမည့်ကိစ္စကို ဆက်လက်စဉ်းစားမည် ဖြစ်ကြောင်း ကို အမည်မဖော်လိုသူ ၈၈ မျိုးဆက် တစ်ဦးက MEG ကို အခုလို ပြောသွားပါတယ်

"ဒီကိစ္စ မှန်တယ် မှားတယ်လို့ ကျွန်တော် တထစ်ချ မပြောနိုင်ပါဘူး... ကိုဌေးကြွယ်ကလည်း လက်ရဲဇတ်ရဲ ရှိသလို.. မစန္ဒာမင်းကလည်း အန်တီစု ဆုံးမထားလို့ sex ကိစ္စကို ပွင့်လင်းရမယ်၊ မြင်သာရမယ် လို့ အမြဲပြောနေတာဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောဖို့ခက်တယ်ဗျ... ဒီကစ္စက သိပ်အရေးကြီးတယ်... ကိုဌေးကြွယ် ကြာကူလီ ရိုက်ရင် ကျွန်တော်တို့ ၈၈ ကျောင်းသားအားလုံးက သူ့ကိုခွင့်လွှတ်မှာ မဟုတ်သလို မစန္ဒာမင်း နောက်မိလင်းရင်လည်း အန်တီစု က ခွင့်လွှတ်မှာ မဟုတ်ဘူးလေ.. ဒါပေမယ့် လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲသိပ်နီးနေတော့ ဒီကိစ္စက NLD အတွက် ပိုအရေးကြီးနေတယ်... ဒါကြောင့် ဒီသတင်းကိုထိန်းချုပ်ရမယ်ဗျ... ပြိုင်ဖက်ပါတီတွေက NLD သိက္ခာကျအောင် သူတို့နှစ်ယောက်ကို တခန်းထဲအတူ တံခါးပိတ်ထားတာလဲ ဖြစ်နိုင်တယ်... ချက်ချင်းတုန့်ပြန်ရင်တော့ မီဒီယာ အမြတ်ထုတ်တာတွေ ဖြစ်လာနိုင်တယ်လေ.. ဒါကြောင့် ကိုမင်းကိုနိုင် ဦးစီးပြီး စုံစမ်းမှာပါ... မှန်ကန်မှု မရှိဘူးဆိုရင်တော့ River View Hotel ကို တရားစွဲမှာပါ...."လို့ ပြောခဲ့ပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ဟာ ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအတူတည်းခိုနေထိုင်ခဲ့ကြပြီး NLD အမတ်လောင်း ဒေါ်စန္ဒာမင်း ဟာအိမ်ထောင်သည်တစ်ဦးဖြစ်ကာ သူမ၏အမျိုးသားမှာ ဗိုလ်ကြီးဟောင်း မောင်မောင် ဆိုသူဖြစ်ပါတယ်။ 
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>