ကျွန်တော်အခုပြောပြတဲ့ ပြစ်မှုတစ်ခုကိုဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။ ပဲခူးမြို့မှာအမှတ် (၁)ရဲစခန်းအပိုင် မှာဖြစ် ပျက်ခဲ့တာဖြစ်ပြီး တာဝန်ခံ ရဲစခန်းမှူး၏ ပ လပ်ခြင်းခံထားရသည့် လူသတ်မှုတစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်က ပဲခူးမြို့ အင်းဝင်(၁၀)လမ်းမှာနေထိုင်သော နေခြည်လင်းနိုင် (ခ)အိတုံ အား ခဲအိုဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းကို သွားရောက်တိုင်တန်းအမှုဖွင့်ထားသော်လည်း မည့်သည့်တစ်စုံတစ်ရာမှ မထူးခြားသည့်အပြင် တရားလိုမိသားစုကိုပါ ခြိမ်းခြောက်မှုများ ပြုလုပ်လာ သဖြင့် သက်ဆိုင်ရာမှ ကူညီပေးစေချင်ပါသည် ။
ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ အိတုံ၏ခဲအို (အစ်မ ယောက်ျားဖြစ်သူ )ထွန်းနိုင်ဝင်း သည် အရက်မူးလာတိုင်း သူ့အစ်မအား မတရား နှိပ်စက်လွန်းလို့ မခံနိုင်ဖြစ်ကာ အိမ်ပေါ်မှဆင်းခဲ့ပါသည်။ လွန်ခဲ့သောတစ်ပတ်ခန့်က ထွန်းနိုင်ဝင်း သည် အိတုံနေထိုင်ရာအိမ်သို့ သွားရောက်ကာ သောင်းကျန်းသဖြင့် မိခင်ဖြစ်သူမှ ၀င်ရောက်တားဆီးရာမှ အသင့်ပါလာသော ဓားဖြင့် ထိုးရာ ရှပ်ထိပီးလဲကျခဲ့ပါသည်။ အမေလဲသည်ကိုမြင်သော အိတုံမှ ၀င်ရောက်ဆွဲရာမှ အိတုံအား ဓားဖြင့်ထိုးချလိုက်ပါသည်။ အိတုံမှာ ဓားဒဏ်ရာဖြင့် ပဲခူးမြို့ဆေးရုံကြီးပေါ်သို့ တင်ဆောင်ခဲ့ရပါသည် နောက်တစ်နေ့မနက်တွင် ဓားဖြင့်အထိုးခံရသူ အိတုံမှာ ဓားဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ရပါသည်။
ဝင်းနိုင်ဦးသည် ပဲခူးမြို့တွင် ကြယ်တာရာဆေးလိပ်ခုံနှင့် ထိပ်တန်း ဆေးလိပ်ခုံ ကို ပိုင်ဆိုင်သူဖြစ်ပြီး လူချမ်းသာစာရင်းဝင်ပါဝင်ပြီး မိသားစုတွင် အငယ်ဆုံးသားဖြစ်ပါသည်။ ထိုအဖြစ်အပျက်အား အမှတ်(၁)ရဲစခန်းသို့ မိခင်မှ တရားလိုအဖြစ်တိုင်ကြားရာ ရဲစခန်းမှ မည်သည့်စုံစမ်းမှုများမှ မလုပ်သည့်အပြင် အမှုဖွင့် အရေးယူမှုမျိုးလဲမလုပ်ပေးခဲ့ပါ။ ထို့အပြင် အမှတ်(၁)ရဲစခန်းမှူးမှာ တရားခံဖြစ်သူ ဝင်းနိုင်ဦးနှင့် အတူလဖ္ဘက်ရည်အတူသောက်သုံးနေကြောင်း မျက်မြင်များမှ ပြောကြားချက်အရသိရှိရပါသည်။
ထိုသို့ဆိုလျှင် ပဲခူးမြို့တွင် ပိုက်ဆံရှိလျှင် လူသတ်၍ရနေပြီလောဟု မေးခွန်းထုတ်စရာများဖြစ်ပေါ်လာပါသည်။ တရားခံဖြစ်သူ ထွန်းနိုင်ဝင်း မှလည်း ဖုန်းဖြင့် မိသားစုအား ထပ်သတ်ဦးမည်ဟု ကြိမ်းဝါးခဲ့ပါသေးသည်။ တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံတွင် ထိုသို့သောကိစ္စရပ်များမှာ အနှံ့တစ်ပြားဖြစ်ပေါ်နေပြီး နစ်နာသူမိသားစုများမှာ ခိုကိုးရာမဲ့နေကြပါသည်။ လူ့အသက်တစ်ချောင်းကို ကြက်ကလေး ငှက်ကလေးလို သတ်ပြီးပိုက်ဆံပုံပေးတာနဲ့ပြီးရော ဆိုလျှင်ဖြင့် ကျွန်တော်တို့လို နစ်နာသူမိသားစုများမှာ မည်သူ့ကို အားကိုးရမည်မှန်းမသိတော့ပါဘူးခင်ဗျား...။
www.mmdailystar.com