အာမန်ဒါက ရုပ်ရှင်ရိုက်ကွင်းများတွင် သူမနှင့် တွဲဖက်သရုပ်ဆောင်ရသည်မှာ စမတ်ကျကျ အမျိုးသားများ ဖြစ်နေပြီး ယင်းတို့နှင့်အတူ ချစ်ရည်လူးသော ဇာတ်ဝင်ခန်းများ သရုပ်ဆောင်ရသည်ကို မနှစ်သက်စရာအကြောင်းမရှိဟု ဆိုသည်။
သူမအနေဖြင့် အဖော်အချွတ် ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းများ ရိုက်ကူးရသည်ကို ပျော်ရွှင်ကြောင်း အာမန်ဒါ ဆေးဖရိုက်ဒ်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံပြောကြားခဲ့သည်။ Jennifer’s Body၊ Les Miserables ဇာတ်ကားများတွင် ပါဝင်ခဲ့သလို Lovelace ဇာတ်ကားတွင် ညစ်ညမ်းရုပ်ရှင်စတား လင်ဒါလိုဗာလေ့စ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် အာမန်ဒါက W မဂ္ဂဇင်းအတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံများ အရိုက်ခံခဲ့သလို သူမ၏ စိတ်အတွေး အချို့ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုသွားသည်။ အာမန်ဒါက ရုပ်ရှင်ရိုက်ကွင်းများတွင် သူမနှင့် တွဲဖက်သရုပ်ဆောင်ရသည်မှာ စမတ်ကျကျ အမျိုးသားများ ဖြစ်နေပြီး ယင်းတို့နှင့်အတူ ချစ်ရည်လူးသော ဇာတ်ဝင်ခန်းများ သရုပ်ဆောင်ရသည်ကို မနှစ်သက်စရာ အကြောင်းမရှိဟု ဆိုသည်။
အသက်(၂၈)နှစ်ရှိ အာမန်ဒါက “ချစ်တင်းနှီးနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာ မိုက်ပါတယ်။ ကျွန်မနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အမျိုးသားတွေ တော်တော်များများက ဆွဲဆောင်မှု ရှိကြတယ်။ ကျွန်မကို လေးစားမှုလည်း ထားကြတယ်။ ဒီတော့ သူတို့နဲ့ အဆင်မပြေစရာ ဘာရှိမလဲ။ ဒီလို ဇာတ်ဝင်ခန်းတွေ ရိုက်ရတာကို မပျော်ပါဘူး ဆိုတာမျိုး ကျွန်မကတော့ ဟန်ဆောင်ပန်ဆောင် ပြောဆိုနေမှာ မဟုတ်ဘူး”ဟု Wမဂ္ဂဇင်းသို့ ပြောဆိုခဲ့သည်။ သူမက “ကိုယ့်အသက် ငယ်သေးတဲ့ အချိန်မှာ ကိုယ်နဲ့ အဆင်မပြေတဲ့ တွဲဖက်သရုပ်ဆောင်ဆိုတာ လိုက်ရှာရတာတောင် ခက်နေဦးမယ်။ နောက်တစ်ချက်က ကျွန်မကိုယ်တိုင်က ချစ်မှုရေးရာထဲမှာ နစ်မြောနေရတာမျိုး သရုပ်ဆောင်ရတာကို ကြိုက်တယ်လေ”ဟုလည်း ဆိုသည်။
အာမန်ဒါက ဟောလီးဝုဒ် မင်းသမီး တစ်လက်ဖြစ်သည့် မီဂန်ဖောက်စ်နှင့် (၂၀၀၉)ခုနှစ်က တွဲဖက်သရုပ်ဆောင်ခဲ့သည့် Jennifer’s Body ဇာတ်ကားတွင် မိန်းကလေးချင်း နမ်းရှုပ်ရသော ဇာတ်ဝင်ခန်းမျိုးကိုလည်း နှစ်သက်ကြောင်း ပြောကြားခဲ့သည်။ “နှစ်ယောက်စလုံး ဒီဇာတ်ဝင်ခန်းကို အဆင်ပြေပြေ ချောချောမွေ့မွေ့ သရုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်မ အဲဒီအပိုင်းကို ပြန်ကြည့်ဖြစ်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ လှုံ့ဆော်မှုမျိုးပါပဲ”ဟု အာမန်ဒါက သုံးသပ်သွားခဲ့သည်။

www.mmdailystar.com