Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပန်းချီဆရာမ မစန္ဒာခိုင်ရဲ့ လက်ရာ အ၀တ်အစားမပါ ပန်းချီများ

$
0
0


“ဒီပွဲမှာ ကင်မရာရိုက်နေတဲ့ ပုံတွေဖြစ်တဲ့ ကင်မရာစီးရီးကို သီးသန့်ဆွဲထားတာပါ။ နောက်တစ်ခုက မော်ဒယ်အခက်အခဲလည်း ရှိတာလည်းပါပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးအစအဆုံးကို ပြခန်းကပဲ တာဝန်ပေးသွားတာပါ။ ပန်းချီကားဈေးနှုန်းကိုလည်း သူတို့နဲ့ပူးပေါင်းပြီး သတ်မှတ်မှာပါ”ဟုပြောသည်။

ယင်းအဝတ်အစားမပါသည့် ကိုယ်နေဟန် ပန်းချီကားများကို မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အရ ပြသခွင့် မရရှိခြင်းသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဆရာမစန္ဒာခိုင်သည် ယင်းပန်းချီများကို တစ်စိုက်မက်မက် ရေးဆွဲလာခဲ့ပြီး မြန်မာနိုင်ငံ၌ ယခုနှစ်မှ စတင်ကာ တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြသခွင့် ရလာခြင်း ဖြစ်သည်။ အဆိုပါ ပန်းချီကားများကို ရေးဆွဲပါက ပါဝင်ကူညီမည့် မော်ဒယ်သည် မြန်မာ့ယဉ်ကျေး မှုအရ ယနေ့အချိန်အထိ အခက်အခဲများ ရှိနေသေးသည်။

“အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး။ ပန်းချီရဲ့အခြေခံဟာ လူရဲ့ခန္ဓာကိုယ် အဝတ်အစားမဲ့တာကို
လေ့ကျင့်ရတာပါ။ အဲဒါဟာ ပန်းချီသင်ခန်းစာထဲမှာ ပါဝင်တဲ့ သင်ရိုးတစ်ခုပါ။ ပန်းချီဆိုတာကလည်း အဲဒီသင်ရိုးကနေ ဆင်းသက်လာတာပါ” ဟု Studio Square Galleryက ပန်းချီငြိမ်းချမ်းဆုက ပြောသည်။

ယင်းပန်းချီကားများကို မြန်မာနိုင်ငံတွင် လက်ခံခြင်း မရှိခြင်းသည် လိင်စိတ်ကို နိုးကြွစေခြင်း၊ အရှက်အကြောက် တရာများရှိခြင်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ ဖြစ်သည်ဟု ပန်းချီ ငြိမ်းချမ်းစုက ဆိုသည်။

ထိုပန်းချီကားများကို မြန်မာနိုင်ငံရှိ ပန်းချီမြတ်နိုးသူများသည် ဝယ်ယူ သိမ်းဆည်းထားခြင်း မရှိသော်လည်း အမှန်တကယ် ပန်းချီအကြောင်း သိသူများသာလျှင် ဝယ်ယူ စုဆောင်းသိမ်းဆည်းမှုရှိပြီး ဝယ်ယူသူ နည်းပါးဆဲဖြစ်သည်ဟု ဆိုသည်။ ပန်းချီဆရာမ စန္ဒာခိုင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ၂၇ ရက်တွင် အဖြူ၊ အမဲ အဝတ်အစားမပါ ကိုယ်နေဟန် (Nude )ကင်မရာစီးရီး ပန်းချီကားများကို Group Show အနေဖြင့် လောကနတ် ပန်းပန်းချီပြခန်းတွင် ပြသခဲ့ပြီး ယခုပထမဆုံးအကြိမ် တစ်ကိုယ်တော်ပြပွဲတွင် အရောင်များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

၎င်းသည်၂၀၀၁ ခုနှစ်တွင် အဝတ်အစားမပါ ကိုယ်နေဟန် Nude ပန်းချီကားကို စတင်ရေး ဆွဲခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တွင် အနုပညာစုဆောင်းသူတစ်ဦးက ယင်းကိုNudeသီးသန့် ပန်းချီပြပွဲ ပြုလုပ်ပေးခဲ့သည်။ ယခုပြသမည့် ပန်းချီပြပွဲတွင် ပန်းချီကားများကို အခရိုင်းလစ်ဖြင့် ရေးဆွဲထားပြီး ပန်းချီကား ၂ပေ၊၂ပေခွဲ အရွယ်အစားရှိသည့် ပန်းချီ ကား၃၀ကို ပြသမည်ဖြစ်သည်။
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>