Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြု၊ ဥပဒေပြဋ္ဌာန်းပြီးပါက ဘူးသီးတောင် ကိုယ်စားလှယ် ဦးရွှေမောင်အား တာဝန်မှ ရုတ်သိမ်းပေးရန် တိုင်ကြားစာပို့သွားမည်ဟုဆို

$
0
0

ကျင်းပလျက်ရှိသော ပြည်သူ့လွှတ် တော် အစည်းအဝေးက လွှတ်တော်ကိုယ်စားလှယ်အား
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို
ဆွေးနွေးအတည်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါဥပဒေကြမ်းအရ လွှတ်တော်ကိုယ်စားလှယ်အား
၎င်း၏မဲဆန္ဒနယ်မှ မဲပေးခွင့်ရပြည်သူဦးရေ၏ တစ်ရာခိုင်နှုန်းက တာဝန် မှ ပြန်လည် ရုတ်သိမ်းလိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားစာပို့ပြီး ရုတ်သိမ်းနိုင်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း တွင် “လွှတ်တော်ကိုယ်စားလှယ်ဆို သည်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ကို ဆိုသည်”ဟူ၍ ပါရှိသဖြင့် တပ်မတော်သား
ကိုယ်စားလှယ်များကိုလည်း တာဝန်မှ ပြန်လည်ရုတ်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားစာ ပို့နိုင်ပြီဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက

"လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ အားလုံးအကျုံးဝင်တယ်လေ၊ လွှတ်တော်ကိုယ်စားလှယ်
ဆိုတော့ ရွေးကောက်ခံတွေပဲ မဟုတ်ဘူးပေါ့၊ တပ်မတော်သားတွေလည်း ပါတာပဲလေ၊ တပ်မတော်သား ကိုယ်စားလှယ်ကျတော့ နိုင်ငံသားတစ်ဦးဦးကလည်းကောင်း တာဝန်မှပြန်လည်ရုပ်သိမ်းလိုတဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့ တိုင်တန်းချက်ကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမယ်"ဟု ဆိုသည်။အဆိုပါ အချက်အပေါ် လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းမရှိသည့်အပြင် မည်သည့်မှတ်ချက်ကိုမျှ
ပြောကြားခြင်းလည်း မရှိပေ။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်း လိုက်ပါက မိမိတို့အနေဖြင့် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေမောင်အား တိုင်ကြားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဘူးသီးတောင်မှ ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။

“ ဥပဒေအရ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုး ကို အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ထမ်းဆောင်ခြင်း မရှိသော ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုတ်သိမ်းဖို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ မဲဆန္ဒနယ်က အမတ် ဦးရွှေမောင်ကို တိုင်ကြားဖို့ လက်မှတ်တွေစုပြီး တစ်ရာခိုင်နှုန်းပြည့်အောင် လုပ်ဆောင်သွားမှာပါ။ ဘာလို့ တိုင်မလဲ ဆိုတာ လူတိုင်း သိပါတယ်။ ဦးရွှေမောင်က ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ တကယ်တမ်းရှို့တာက အိမ်ပိုင်ရှင်တွေ ကိုယ်တိုင် ဒါကို မီးရှို့သူတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်တိုင် လုပ်ဆောင်တာ ဒါမှမဟုတ် ပူးပေါင်းကြံ စည်ပြီး ပြု လုပ်ခဲ့တာ လို့ ဒီဗွီဘီ ကို မဟုတ်မမှန်ဘဲ ပြောခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ မဟုတ်ဘဲ ဒီလိုပြောဆိုတာက ပဋိပက္ခတွေကို ပိုပြီး အရှိန်မြင့်အောင် သွေးထိုးလုပ်နေသလိုပဲ။ ပြီးတော့ ရဲတပ်ဖွဲ့အပေါ် လဲ အသရေ ပျက်စေပါတယ်။ ဒါကြောင့်ဒီဥပဒေ အတည်ပြုထွက်လာရင် ဦးရွှေမောင်ကို တိုင်ဖို့ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးရွှေမောင်အား ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဗွီဘီ သို့ ပြောဆိုခဲ့သည့် စကားများကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူစစ်ဆေးခဲ့ပြီး ဦးရွှေမောင်က
ဒီဗွီဘီသတင်းဌာနက ၎င်း ပြောသမျှ အကုန်မထည့်ဘဲ လိုအပ်သည့်အပိုင်းများကိုသာ ဖြတ်ညှပ်ကပ် လုပ်၍ လိုရာဆွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများသို့ ပြန်လည် ဖြေရှင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တိုင်ကြားသူသည် မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်လျှင် သက်ဆိုင်သည့် တိုင်တန်းသူ သို့မဟုတ် အဖွဲ့အစည်းအား တည်ဆဲဥပဒေများအရ အရေးယူနိုင်ရန် ဆောင်ရွက်ရမည်ဟုလည်း ပါရှိကြောင်း သိရှိရသည်။
From: ကိုကျော်နိုင်(စစ်တွေ)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>