သမ္မတကြီး ထုတ်တဲ့ စည်းကမ်းကို ....
အခုထိကို သဘောမပေါက်ဘူး ထင်လို့  ...
ထပ်ရှင်းပြတာပါ ...
ငွေသားပေးရင် သုံးသိန်းမဟုတ် …
သုံးသောင်းဆိုလဲ လာဘ်စားမှု မြောက်ပါတယ်...
သုံးကျပ်ဆိုလဲ လာဘ်စားမှု မြောက်ပါတယ် ...
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အရ ...
လုံးဝ ကန်တော့ မခံရဘူး လို့  လဲ ....
တားလို့  ခက်တဲ့ အတူတူ ..
ငွေသားမပေးဘဲ ၀ိနည်းလွတ် …
လာဘ်စားမှု မမြောက်အောင် …
ရွှေငွေ မဟုတ်တဲ့  ....
တန်ဖိုးကြီးလက်ဆောင်တွေ ပေးနေတာကို ...
ဥပဒေ အရ ဘောင်ဝင်သွားအောင် ...
လာဘ်စားမှု ထဲ အကျုံးဝင်သွားအောင် ....
ကန့် သတ်ချင်တဲ့ သဘောပါ .....
ဆိုကြပါစို့  ....
ညွှန်ချုပ်အဆင့် ....
ဝန်ကြီးအဆင့်လောက်မှာ …
သုံးသိန်းအောက် လက်ဆောင်ပစ္စည်း ဆိုတဲ့ ပမာဏက …
သူ့ ရာထူးနဲ့ ဆို ဘာမှ မဟုတ်တော့ပါဘူး ...
အာ့ တန်ဖိုးလောက် လက်ဆောင် ကန်တော့ပြီးလဲ …
ဘာ အခွင့်အရေးမှ တောင်းလို့ မရနိုင်ပါဘူး ...
ဒီစည်းကမ်းသာ တကယ် အသက်ဝင်လာရင် …
လာဘ်စားမှု အလတ်စားလောက်က စပြီး ...
အတော် ဂွကျ သွားပါလိမ့်မယ် ....
လက်ဆောင် ပေးရတဲ့ ကိစ္စတွေလဲ တိုင်လို့ ရလာပါလိမ့်မယ်...
အောက်ခြေက မသမာမှု ကိစ္စတွေတော့ ရှိနေအုန်းမှာပါ
ဒါ လူကြီးအဆင့်တွေကို ကျပ်ဖို့ ….
ရည်ရွယ်ထုတ်တာ ဖြစ်ပါလိမ့်မယ် ....
ခင်ဗျားတို့ ပဲ ခေါင်မလုံလို့ ဆိုပြီး …
တစ်ချိန်လုံး ထိုင်ဆဲနေကြတာ…
အခု ခေါင်ပိုင်းကို ကျပ်တဲ့  အမိန့် ထုတ်တော့လဲ …
ဆဲကြတာပဲ လား ဗျာ ….
အမြစ်တွယ်နေတဲ့ ခြစားမှုကြီးကို တိုက်ဖျက်ဖို့ က
တစ်ဆင့်ခြင်း သွားရမှာ မဟုတ်ဘူးလား ...
အားလုံး ချက်ချင်း ပြင်လို့ ရပါ့မလား....
သူ့ လက်ထက် …
ဝန်ကြီး ... ညွှန်ချုပ် အဆင့်ကို ထိန်း …
နောက် အစိုးရ လက်ထက် …
ညွှန်မှူး ၊ လက်ညွှန်လောက်ကို ထိန်း
နောက် တစ်ဆက် …
ဦးစီးအရာရှိလောက်ထိ ထပ်ထိန်း …
တစ်ဖက်ကလဲ ၀န်ထမ်းတွေကို ....
လစာကို ဖူလုံအောင်ပေးနိုင်ဖို့  တဖြည်းဖြည်း စီစဉ် ...
လာဘ် စားမှု လျော့ကျအောင် ...
လူလူချင်း ထိတွေ့ ဆက်ဆံရတဲ့  ....
ရုံးလုပ်ငန်း အဆင့်တွေ လျှော့ချ...
ဒီလို သွားရမှာမဟုတ်ဘူးလား ....
စကားကပ်သပ်ပြီး ...
ဝန်ကြီးအိမ် ၁၀ ခါ ခွဲ သွားမယ်ပြောတဲ့ သူတွေကတော့ ....
ဝန်ကြီး အ၀င်ခံရင် ၁၀ခါ သွားပေါ့လေ....
ဝါသနာပါရင် လက်ခံရင် ကြမ်းပါ ၁၀ခါ တိုက်ပေးခဲ့ပါ ...
ဒီစည်းကမ်းချက်ဟာ ....
လာဘ်ပေး လာဘ်ယူ နဲ့  တရားစွဲခံရတဲ့ အခါ ...
တရားခွင်မှာ ရှေ့ နေကောင်းကောင်းနဲ့  ...
ကျွန်တော်က လာဘ်ပေးတာ မဟုတ်ပါဘူး ...
အခါကြီးရက်ကြီး မို့ လာကန်တော့တာပါ ....
ကျွန်တော်ကလဲ လာကန်တော့လို့  လက်ခံထားလိုက်တာပါလို့  ....
ရှောင်ထွက် လို့  မရအောင် ...
ဥပဒေရဲ့  ဟာကွက်ကို ပိတ်လိုက်တဲ့  ....
ထုတ်ပြန်ချက်တစ်ခုလို့  ယူဆပါတယ် ....
ကမ္ဘာမှာ လာဘ်စားမှု မရှိတဲ့ နိုင်ငံဆိုတာ မရှိ …
နည်းတာ နဲ့ များတာပဲ ကွာပါတယ် …
လူလေး လေးငါးသန်း ရှိတဲ့ စင်ကာင်္ပူတောင်
လာဘ်စားမှု လုံးဝ ပျောက်အောင် လုပ်မရတာ ...
သတိလေး ထားကြ စမ်းပါအုန်းဗျာ…
From:Ye Moeအခုထိကို သဘောမပေါက်ဘူး ထင်လို့  ...

www.mmdailystar.com