ကာတွန်း ချစ်ဆွေ
From:Nla Nay Lin Aung*******************
နောက်ပြောချင်ဆိုချင်တာလေး များမှ ဆိုရလျှင် ကလောင်ဘက်လိုက်မူ၊ ဒေါသ၊ အာဃာတကြီးမားမူများကို ဦးစီးခံပြီး ရေးဆွဲသည့်ကာတွန်းများက ကိုယ့်တရားကိုယ် စီရင်တတ်သည်မို့ များစွာ သတိထားစရာဖြစ်ပါသည်။ ချစ်သူ မုန်းသူ ဘက်မလိုက်ဘဲ မေတ္တာဓါတ်တွေ ကမ္ဘာကို လွှမ်းတာမျိုး တိုင်းသူပြည်သားတွေ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့် စုံပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်စေချင်သ ည့် စေတနာမေတ္တာကို အဓိကထား၍ ရေးဆွဲဖန်တီးမူများက နှလုံးကြည်မြရပါသည်။ ဘ၀ရဲ့ကံကြမ္မာ အကြောင်းပေါင်းစုံကြောင့် ကာတွန်းဆရာ အနုပညာတယောက်အနေနှင့် လူ့ဘ၀ဇာတ်ခုံပေါ်မှာ ဇာတ်ရုပ်အတိုင်း လှုပ်ရှားခဲ့ပြီး သတ္တ၀ါတို့ရဲ့ ဓမ္မတာအတိုင်း ဇာတိရှိလို့ ဇရာ၊ မရဏ အဆုံးသတ်ရပါတော့မည်။
-------------------------- -----------------
ဘ၀ဆိုတာ ရယ်စရာပါပဲ မဟုတ်ပါလား -
************************** *******************
ကာတွန်း ဖေသိန်း
*******************
"ကာတွန်းဆရာတယောက်အနေနှင့် အထူးသတိထားရမည်မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတို့ ကို မသရော်သင့်၊ မလှောင်သင့်ပေ။ ရက်ရက်စက်စက် သတ်ဖြတ်သောပုံများ မဆွဲသင့်ပေ …"
-------------------------- -----------------
ကာတွန်း မောင်ဝဏ္ဏ (ကွယ်လွန်)
************************** **********
"ငယ်စဉ်က ပုံရေး သက်သက် လေ့ကျင့်ခဲ့လို့ ပုံရေးတတ်လာပေမယ့် ကာတွန်းမှာ “idea”လို့ ခေါ်တဲ့ အတွေးက ဦးဆောင်မှန်း အဲသည်တုန်းက မသိခဲ့သေးပါဘူး။"
========================== ====
အခုဖော်ပြခဲ့တာတွေကတော့ ရှေ့ကာတွန်း ဆရာကြီးများရဲ့ ဆိုစကား တွေထဲကတစ်ချို့ကို ကောက်နှုတ် တင်ပြလိုက်တာဖြစ်ပါတယ်။
ယခုကျွန်တော်တို့ နိုင်ငံမှာ လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ များအရ ဆန့်ကျင်ဘက် အမြင်များ အပြင်းအထန် ဖြစ်ပေါ်နေကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး အနေနဲ့လည်း ကိုယ့်တိုင်း ကိုယ့်ပြည်ကောင်းစားရေးကို လိုလားနေကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို လိုလားလို့လည်း အမျိုးမျိုးသော ပုံသဏ္ဍာန် တွေနဲ့ ဖော်ထုတ်ပြသ နေကြတာကိုလည်း သက်သေများအဖြစ်နဲ့ တွေ့မြင်နေကြ ရပါတယ်။
အဲဒီလိုဖော်ထုတ်ပြသတာ တိုက်တွန်း ကြတာတွေမှာ ကျွန်တော် အရင်ကပြောခဲ့ သလိုပဲ အပြုသဘောဆောင်ဘို့၊ အပျက်သဘော မသက်ရောက်စေဘို့ကို အဓိကထား လို့ မိမိတို့ဖြစ်စေချင်တာကို နိုင်ငံကြီးသားများ ပီပီ အဆင့်အတန်းရှိရှိ ပြသ ကြစေချင်ပါတယ်။
လူတစ်ယောက်ဟာ အများအတွက် ကောင်းရာကောင်းကျိုး လုပ်နေရင်ဘေးကနေ ပြီးတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ အပြစ်ထိုင် ပြောနေမယ့်အစား ကောင်းသောအကြံဥာဏ် ပြုလို့ တစ်တပ်တစ်အား ဝိုင်းဝန်းလိုက်ရင် ပိုပြီးထိရောက်တယ်လို့များ မစဉ်းစားနိုင်ကြ တော့တာလား။
ကျွန်တော်တို့ တွေရဲ့အားနည်းချက် ကတော့ "ဘက်"ရှာတတ်တာပါပဲ။ ဒီလိုမျိုး "ဘက်"ရှာကြရာမှာလည်း ကောင်းတဲ့ "ဘက်"ထက် မကောင်းတဲ့ "ဘက်"ကိုရှာပြီး စုပေါင်း ကြတာများပါတယ်။ လူတစ်ယောက် ကောင်းတာလုပ်နေရင် ကောင်းကြောင်းပြောဖို့ ထက်မကောင်းကြောင်း ပြောဖို့ကို အလေးပေး တယ်။ မကောင်းတာလုပ်နေရင်တော့ တားဆီး တဲ့လူထက် မြှောက်ပေးတဲ့ လူကပိုများတယ်။ အဲ့ဒီလူ ဒုက္ခရောက်သွားပီ ဆိုရင်တော့ ဘေးလူတွေအတွက် အတင်းအဖျဉ်းပြောစရာ တစ်ခုရသွားတော့တာပါပဲ။
အခုလည်းတွေ့ရတယ် ဒီကာတွန်း ကွက်ကလေးကို ရေးထားတဲ့ ကာတွန်းဆရာ ရဲ့စိတ်ဓါတ်နဲ့ အဆင့်အတန်း ဘယ်လိုဖြစ် နေလည်း? သူတတ်ထားတဲ့ပညာဟာ သူကိုယ်တိုင်ပဲ ဆွဲချလိုက်လို့ အဆင့်အတန်းနိမ့် ကျသွားတယ်။ သူ့လောက သူ့အသိုင်းအဝိုင်း နဲ့ သူ့ပါတ်ဝန်းကျင်ရဲ့ သိက္ခာတရား တွေကိုပါ နင်းချေပစ်လိုက်တယ်။
ကာတွန်းထဲက ဇာတ်ရုပ်တွေက ရည်ရွယ်ချက်ရှိရှိ ဆွဲထားတယ် လက်ရှိ နိုင်ငံတော် သမ္မတ ရဲ့ရုပ်ပုံနဲ့ သံဃာတော် ရဲ့ ရုပ်ပုံ။ သမ္မတ က လူပုဂ္ဂိုလ် မို့လို့ ထားပါဦး။ သံဃာတော်ရဲ့ရုပ်ပုံနဲ့ ပြောဆိုတဲ့စကား၊ အဲဒီ စကားရဲ့ အဆုံးသတ် "ထွီ "ဆိုတဲ့စရိုက်၊ ဒါတွေ ဟာကျွန်တော်တို့ ကိုးကွယ်နေတဲ့ သံဃာတော် တို့ရဲ့ စရိုက်တွေ အမူအကျင့်တွေ ဟုတ်ပါရဲ့လား? ။
ဒါဆို ကာတွန်းဆရာဟာ ဒီကာတွန်း ကွက်ကို ဘာရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တာလဲ မီဒီယာကရော ဘာရည်ရွယ်ချက်နဲ့ ဖော်ပြခဲ့တာ လဲ သူ့နောက်ကွယ်မှာ ဘာတွေကြံစည် နေတာလဲ? စဉ်းစားစရာတွေ ပေါ်လာ စေပါတယ်။
သာမန်အားဖြင့် ကြည့်ရင်တော့ ကာတွန်းရေး ဆရာဟာ-
"ပုံမှန် မိန့်ခွန်းပြောရင်း ပြည်သူနဲ့ ထိတွေ့ ပေးနေတဲ့ သမ္မတကြီးကို ထိထိရောက်ရောက် လှောင်ပြောင်ချင်တဲ့ ဟန်နဲ့ရေးဆွဲထားတယ် လို့ ပဲထင်ရပါတယ်။
သေသေချာချာတွေးကြည့်ရင်တော့ ကာတွန်းရေး ဆရာဟာ-
၁။ လက်ရှိတည်ဆဲ အစိုးရကို အပုပ်ချလို တယ်။
၂။ မကြာသေးခင်ကမှ မျိုးစောင့် ဥပဒေ အတွက်အရေးတယူဆောင်ရွက်ပေးလာ သော သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့ လှုပ်ရှားဆောင် ရွက်မှုအတွက် သံဃာနဲ့ ပြည်သူရဲ့ ယုံကြည်ကိုး စားမှုကို ချေဖျက်လိုနေတယ်။
၃။ သံဃာ ပြည်သူနဲ့ အစိုးရအကြား သပ်လျို လိုနေတယ်။
၎။ သံဃာတော်များအားလည်း သွယ်ဝိုက်၍ ထိုးနှက်လိုက်တာလည်း ဖြစ်တယ်။
၅။ ဆရာ ဒကာ ကြည်ညိုမှု ပျက်ပြားသွား စေနိုင်လောက်သည်အထိ ရည်ရွယ် လိုက်တာလည်းဖြစ်နိုင်တယ်။
၆။ ဘာသာရေးဆိုင်ရာအရ နူးညံ့မှု၊ ညင်သာမှု၊ အေးချမ်းမှု များကင်းမဲ့ သယောင် ဖန်တီးလိုခြင်း အတိအကျပြောရလျှင် ဘာသာ ရေးအရတိုက်ခိုက်လိုတယ်။
၇။ လက်ရှိ တည်ဆဲအစိုးရ၏ နိုင်ငံပြုဆောင် ရွက်နေမှုများအား အပျက်သဘောဆောင်၍ တိုက်ခိုက်လိုတယ်။
စတဲ့ အချက်များအား တွေ့ရှိရပါတယ်။ မီဒီယာလွတ်လပ်ခွင့် ကိုအသုံးချပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သာသနာကို အဆင့်အတန်း နိမ့်ကျလွန်းသည့် အတွေးအခေါ်များနှင့် တိုက်ခိုက်ခြင်းမျိုးအား လုံးဝ ( လုံးဝ ) မပြုလုပ် မိရန် အထူးအရေးကြီးပါတယ်။
ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်နေ ပါက နိုင်ငံအတွက် မလိုလားအပ်သော ဆိုးကျိုးများနှင့် ကမ္ဘာ့ အလယ်တွင် မြန်မာ ဟူသည် အချိန်နဲ့ အမျှ မျက်နှာငယ် အောက်ကျနေဦးမှာ ဖြစ်ပါကြောင်း ကာယကံရှင် ကာတွန်းရေး ဆရာနှင့် စတုတ္ထ မဏ္ဍိုင်ကြီးအား အကြံပြုအပ်ပါတယ်။
လေးစားလျှက်
NLA
နောက်ပြောချင်ဆိုချင်တာလေး
--------------------------
ဘ၀ဆိုတာ ရယ်စရာပါပဲ မဟုတ်ပါလား -
**************************
ကာတွန်း ဖေသိန်း
*******************
"ကာတွန်းဆရာတယောက်အနေနှင့် အထူးသတိထားရမည်မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတို့
--------------------------
ကာတွန်း မောင်ဝဏ္ဏ (ကွယ်လွန်)
**************************
"ငယ်စဉ်က ပုံရေး သက်သက် လေ့ကျင့်ခဲ့လို့ ပုံရေးတတ်လာပေမယ့် ကာတွန်းမှာ “idea”လို့ ခေါ်တဲ့ အတွေးက ဦးဆောင်မှန်း အဲသည်တုန်းက မသိခဲ့သေးပါဘူး။"
==========================
အခုဖော်ပြခဲ့တာတွေကတော့ ရှေ့ကာတွန်း ဆရာကြီးများရဲ့ ဆိုစကား တွေထဲကတစ်ချို့ကို ကောက်နှုတ် တင်ပြလိုက်တာဖြစ်ပါတယ်။
ယခုကျွန်တော်တို့ နိုင်ငံမှာ လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ များအရ ဆန့်ကျင်ဘက် အမြင်များ အပြင်းအထန် ဖြစ်ပေါ်နေကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး အနေနဲ့လည်း ကိုယ့်တိုင်း ကိုယ့်ပြည်ကောင်းစားရေးကို လိုလားနေကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို လိုလားလို့လည်း အမျိုးမျိုးသော ပုံသဏ္ဍာန် တွေနဲ့ ဖော်ထုတ်ပြသ နေကြတာကိုလည်း သက်သေများအဖြစ်နဲ့ တွေ့မြင်နေကြ ရပါတယ်။
အဲဒီလိုဖော်ထုတ်ပြသတာ တိုက်တွန်း ကြတာတွေမှာ ကျွန်တော် အရင်ကပြောခဲ့ သလိုပဲ အပြုသဘောဆောင်ဘို့၊ အပျက်သဘော မသက်ရောက်စေဘို့ကို အဓိကထား လို့ မိမိတို့ဖြစ်စေချင်တာကို နိုင်ငံကြီးသားများ ပီပီ အဆင့်အတန်းရှိရှိ ပြသ ကြစေချင်ပါတယ်။
လူတစ်ယောက်ဟာ အများအတွက် ကောင်းရာကောင်းကျိုး လုပ်နေရင်ဘေးကနေ ပြီးတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ အပြစ်ထိုင် ပြောနေမယ့်အစား ကောင်းသောအကြံဥာဏ် ပြုလို့ တစ်တပ်တစ်အား ဝိုင်းဝန်းလိုက်ရင် ပိုပြီးထိရောက်တယ်လို့များ မစဉ်းစားနိုင်ကြ တော့တာလား။
ကျွန်တော်တို့ တွေရဲ့အားနည်းချက် ကတော့ "ဘက်"ရှာတတ်တာပါပဲ။ ဒီလိုမျိုး "ဘက်"ရှာကြရာမှာလည်း ကောင်းတဲ့ "ဘက်"ထက် မကောင်းတဲ့ "ဘက်"ကိုရှာပြီး စုပေါင်း ကြတာများပါတယ်။ လူတစ်ယောက် ကောင်းတာလုပ်နေရင် ကောင်းကြောင်းပြောဖို့ ထက်မကောင်းကြောင်း ပြောဖို့ကို အလေးပေး တယ်။ မကောင်းတာလုပ်နေရင်တော့ တားဆီး တဲ့လူထက် မြှောက်ပေးတဲ့ လူကပိုများတယ်။ အဲ့ဒီလူ ဒုက္ခရောက်သွားပီ ဆိုရင်တော့ ဘေးလူတွေအတွက် အတင်းအဖျဉ်းပြောစရာ တစ်ခုရသွားတော့တာပါပဲ။
အခုလည်းတွေ့ရတယ် ဒီကာတွန်း ကွက်ကလေးကို ရေးထားတဲ့ ကာတွန်းဆရာ ရဲ့စိတ်ဓါတ်နဲ့ အဆင့်အတန်း ဘယ်လိုဖြစ် နေလည်း? သူတတ်ထားတဲ့ပညာဟာ သူကိုယ်တိုင်ပဲ ဆွဲချလိုက်လို့ အဆင့်အတန်းနိမ့် ကျသွားတယ်။ သူ့လောက သူ့အသိုင်းအဝိုင်း နဲ့ သူ့ပါတ်ဝန်းကျင်ရဲ့ သိက္ခာတရား တွေကိုပါ နင်းချေပစ်လိုက်တယ်။
ကာတွန်းထဲက ဇာတ်ရုပ်တွေက ရည်ရွယ်ချက်ရှိရှိ ဆွဲထားတယ် လက်ရှိ နိုင်ငံတော် သမ္မတ ရဲ့ရုပ်ပုံနဲ့ သံဃာတော် ရဲ့ ရုပ်ပုံ။ သမ္မတ က လူပုဂ္ဂိုလ် မို့လို့ ထားပါဦး။ သံဃာတော်ရဲ့ရုပ်ပုံနဲ့ ပြောဆိုတဲ့စကား၊ အဲဒီ စကားရဲ့ အဆုံးသတ် "ထွီ "ဆိုတဲ့စရိုက်၊ ဒါတွေ ဟာကျွန်တော်တို့ ကိုးကွယ်နေတဲ့ သံဃာတော် တို့ရဲ့ စရိုက်တွေ အမူအကျင့်တွေ ဟုတ်ပါရဲ့လား? ။
ဒါဆို ကာတွန်းဆရာဟာ ဒီကာတွန်း ကွက်ကို ဘာရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တာလဲ မီဒီယာကရော ဘာရည်ရွယ်ချက်နဲ့ ဖော်ပြခဲ့တာ လဲ သူ့နောက်ကွယ်မှာ ဘာတွေကြံစည် နေတာလဲ? စဉ်းစားစရာတွေ ပေါ်လာ စေပါတယ်။
သာမန်အားဖြင့် ကြည့်ရင်တော့ ကာတွန်းရေး ဆရာဟာ-
"ပုံမှန် မိန့်ခွန်းပြောရင်း ပြည်သူနဲ့ ထိတွေ့ ပေးနေတဲ့ သမ္မတကြီးကို ထိထိရောက်ရောက် လှောင်ပြောင်ချင်တဲ့ ဟန်နဲ့ရေးဆွဲထားတယ် လို့ ပဲထင်ရပါတယ်။
သေသေချာချာတွေးကြည့်ရင်တော့
၁။ လက်ရှိတည်ဆဲ အစိုးရကို အပုပ်ချလို တယ်။
၂။ မကြာသေးခင်ကမှ မျိုးစောင့် ဥပဒေ အတွက်အရေးတယူဆောင်ရွက်ပေးလာ
၃။ သံဃာ ပြည်သူနဲ့ အစိုးရအကြား သပ်လျို လိုနေတယ်။
၎။ သံဃာတော်များအားလည်း သွယ်ဝိုက်၍ ထိုးနှက်လိုက်တာလည်း ဖြစ်တယ်။
၅။ ဆရာ ဒကာ ကြည်ညိုမှု ပျက်ပြားသွား စေနိုင်လောက်သည်အထိ ရည်ရွယ် လိုက်တာလည်းဖြစ်နိုင်တယ်။
၆။ ဘာသာရေးဆိုင်ရာအရ နူးညံ့မှု၊ ညင်သာမှု၊ အေးချမ်းမှု များကင်းမဲ့ သယောင် ဖန်တီးလိုခြင်း အတိအကျပြောရလျှင် ဘာသာ ရေးအရတိုက်ခိုက်လိုတယ်။
၇။ လက်ရှိ တည်ဆဲအစိုးရ၏ နိုင်ငံပြုဆောင် ရွက်နေမှုများအား အပျက်သဘောဆောင်၍ တိုက်ခိုက်လိုတယ်။
စတဲ့ အချက်များအား တွေ့ရှိရပါတယ်။ မီဒီယာလွတ်လပ်ခွင့် ကိုအသုံးချပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သာသနာကို အဆင့်အတန်း နိမ့်ကျလွန်းသည့် အတွေးအခေါ်များနှင့် တိုက်ခိုက်ခြင်းမျိုးအား လုံးဝ ( လုံးဝ ) မပြုလုပ် မိရန် အထူးအရေးကြီးပါတယ်။
ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်နေ ပါက နိုင်ငံအတွက် မလိုလားအပ်သော ဆိုးကျိုးများနှင့် ကမ္ဘာ့ အလယ်တွင် မြန်မာ ဟူသည် အချိန်နဲ့ အမျှ မျက်နှာငယ် အောက်ကျနေဦးမှာ ဖြစ်ပါကြောင်း ကာယကံရှင် ကာတွန်းရေး ဆရာနှင့် စတုတ္ထ မဏ္ဍိုင်ကြီးအား အကြံပြုအပ်ပါတယ်။
လေးစားလျှက်
NLA
www.mmdailystar.com