Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို

$
0
0
unnamed 


ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇဲခ်က တပတ်ကျော်ကြာပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်ဟာ အစီအစဉ်ရှိရှိ လမ်းကြောင်းပြောင်းတာ ခံခဲ့ရတယ်လို့ မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့အပြီး ခုလိုတရုတ်အစိုးရက တောင်းဆို လိုက်တာပါ။

လေယာဉ်ပေါ်မှာတော့ တရုတ် ခရီးသည် ၁၅၄ယောက် တင်ဆောင်ထားပါတယ်။ စုစုပေါင်းလူ ၂၃၉ ယောက်ကို တင်ဆောင်ထားရင်း ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေတာ ဒုတိယရက်သတ်တပတ် ကို ရောက်လာပါပြီ။ မလေးရှားအရှေ့ပိုင်းက စီစဉ်ထားတဲ့ လေကြောင်းလမ်း အတိုင်း လေယာဉ်အပျက် အစီးကို ရှာဖွေမှုကို ရပ်ပြီး တခြားနေရာတွေကို ပြောင်းရွှေ့ရှာဖွေနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မလေးရှားအစိုးရက သတင်းအချက်အလက်တွေ ဆက်ပေးနေဖို့ မတ်လ ၁၅ ရက်နေ့က တိုက်တွန်းပါတယ်။ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တရုတ်နည်းပညာရှင် အဖွဲ့တဖွဲ့က လောလောဆယ် မလေးရှားကို သွားနေပြီ သက်ဆိုင်ရာ နိုင်ငံတွေ    နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ ဆက်လုပ်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ြ ကီးဌာ န ပြောခွင့်ရ ချင်ဂံက အစိုးရရုပ်သံ စီစီတီဗီကို ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ်ကို လေယာဉ်မှူး ဒါမှမဟုတ် တွဲဖက်လေယာဉ်မှူး ဒါမှမဟုတ် လေကြောင်နားလည်ကျွမ်းကျင်သူ တစုံတယောက်က လေယာဉ်ကို မောင်းယူသွား တာဆိုတဲ့ ဖြစ်နိုင်ချေ ကို ဦးတည်ထားမှု ပိုတိုးလာနေပါတယ်။ ပျောက်ဆုံးလေယာဉ်နဲ့ ဂြိုလ်တုကြားနောက် ဆုံး ဆက်သွယ်မှုကို မလေးရှားစံတော်ချိန်မနက် ၈ နာရီ ၁၁ မိနစ်က ရထားတဲ့ သတင်းအချက်အလက် အသစ်တွေက ပြနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

အကဲခတ်မှုအရ လေယာဉ်ဟာ စင်္ကြန်လမ်း ၂ ခုထဲက တခုမှာ ရှိနေတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ ဆန့်ထွက်သွားတဲ့ မြောက်ဘက်စင်္ကြန်လမ်းအတိုင်း ကာဇက်စတန်နဲ့ တာ့မန်နစ်စတန် ကြား နယ်စပ်မှာ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကနေ ဆန့်ထွက်သွားတဲ့ တောင်ပိုင်းစင်္ကြန်လမ်း ကနေတဆင့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းဆီကို ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

From:DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


မြန်မာစစ်တပ်ရဲ့...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>