Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှား၏ မပွင့်လင်းမှုများကြောင့် ပိုမိုရှုပ်ထွေးလာသည့် လေယာဉ်ပျောက်ဆုံးမှုကြီး

$
0
0
ပျောက်ဆုံးနေသော မလေးရှား ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေမှုသည် မလေးရှား စစ်ဘက်ဆိုင်ရာ အာဏာပိုင်များ၏ မပွင့်လင်းမှုနှင့်အတူ ပိုမိုရှုပ်ထွေး ခက်ခဲလာနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုအခါ မလေးရှားမှ တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး အရှေ့မြောက်ဘက်သို့ ပျံသန်းသွားသော လေယာဉ်သည် အဆိုပါ လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ခြင်း ဟုတ်မဟုတ် ကြီးမားသော သံသယများ ဖြစ်တည်လာခဲ့သည်။ လေယာဉ်သည် ပင်လယ်ပြင်ပေါ်တွင် ပြန်ကွေ့ကာ မလေးရှားနိုင်ငံ လေပိုင်နက်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ယွန်းယွန်းသို့ ပျံသန်းသွားသည်ဟု သတင်းများပျံ့နှံ့ခဲ့သည်။ ထိုကိစ္စကို သတင်းထောက်များက မလေးရှားလေတပ်ကို မေးမြန်းသော်လည်း မာလက်ကာ ရေလက်ကြားဘက် လေယာဉ်ဦးလှည့်သွားသည် ဆိုခြင်းကို လေတပ်က ငြင်းဆိုခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းသွားပြီး လူပေါင်း(၂၃၉)ဦး တင်ဆောင်သွားသော
လေယာဉ်သည် စနေနေ့ကတည်းက ထူးဆန်းစွာဖြင့် သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။ မလေးရှား အာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် လေယာဉ်ထံမှ နောက်ဆုံးရရှိသည့် အဆက်အသွယ် စကားကို အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အခြေအနေအားလုံး အေးဆေးကြောင်း သတင်းပို့သည့် “All Right, Roger That”ဆိုသော စကားစုသာ ဖြစ်သည်။ မလေးရှား လေကြောင်းပို့ဆောင်ရေး အာဏာပိုင်များက မိမိတို့သည် မလေးရှားနှင့် ဗီယက်နမ် လေပိုင်နက် နယ်နိမိတ်သို့ အရောက်တွင် လေယာဉ်ကို ထိန်းသိမ်းလမ်းညွှန်ပေးမည့် တာဝန်ကို ဟိုချီမင်းရှိ ဗီယက်နမ် အာဏာပိုင်များထံ လက်လွှဲပေးလိုက်ပြီးဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နောက်ထပ် မိနစ်ပိုင်းအကြာတွင် လေယာဉ်မှာ လုံးဝ အဆက်ပြတ် ပျောက်ကွယ်သွားသည်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသော သတင်းအချို့တွင် လေယာဉ်သည် အနောက်ဘက်သို့ ဦးလှည့်ပျံသန်းသွားသည်ကို လေတပ်ရေဒါများက ခြေရာခံ ဖမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။ သို့သော်လည်း မလေးရှားလေတပ် အကြီးအကဲ ဗိုလ်ချုပ် ရော့ဇီဒေါ့ဒ်က “ကျွန်တော်တို့ အဲဒီလို မကြေညာခဲ့ပါဘူး”ဟု ငြင်းချက်ထုတ်ခဲ့သည်။ မျက်စိလည်စရာ ကောင်းသည်မှာ ၎င်းက “လေတပ်အနေနဲ့ လေယာဉ်က အနောက်ဘက်ကို ပြန်ကွေ့လာတယ် ဆိုတာကို အပြတ်ငြင်းတာမျိုးတော့ မပြောချင်ဘူး”ဟု နောက်ဆက်တွဲ မှတ်ချက်ပေးသွားခြင်း ဖြစ်သည်။ အဆိုပါ မတင်မကျ ပြောစကားမျိုးသည် လေယာဉ်ပေါ် ပါသွားသူများကို စိတ်ပူသောကရောက်နေသည့် မိသားစုများကို ဒေါသထွက်စေခဲ့ကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ ရှာဖွေမှုများကမူ အရှိန်မြှင့် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အစောပိုင်းက လေယာဉ်ကို မလေးရှားနှင့် ဗီယက်နမ်ကြား ရေပြင်တွင် အဓိက ရှာဖွေနေသော်လည်း ယခုအခါ မူလလမ်းကြောင်းနှင့် လုံးဝ မပတ်သက်သည့် မလေးရှား အနောက်ဘက်ကမ်းခြေတွင်ပါ ရှာဖွေမှု ကွန်ရက်ကို ဖြန့်ကျက်လိုက်ရသည်။ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေရေး လုပ်ငန်းများကို စတုရန်းကီလိုမီတာ (၉၂၀၀၀)ထိ ကျယ်ပြန့်သည့် ရေပြင်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သတင်းများက ဆိုသည်။ မလေးရှား အာဏာပိုင်များသည် တမျှော်တခေါ် ဝေးလံသည့် အိန္ဒိယ နိုင်ငံနှင့်ပင် ဆက်သွယ်ကာ အန်ဒမန်ပင်လယ်တွင် လေယာဉ်ကို ကူညီရှာဖွေပေးပါရန် ပန်ကြား အကူအညီ တောင်းခဲ့ကြသည်။

ဗီယက်နမ်မှ ကယ်ဆယ်ရေး တပ်ဖွဲ့များက နယူးဇီလန်ရှိ ရေနံတူးဖော်ရေး မျှော်စင်အလုပ်သမား တစ်ဦးထံမှ မီးလောင်နေသည့် အစိတ်အပိုင်းတစ်ခုခုကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့မှုကို ရရှိထားသည်ဟု ကြေညာသည်။ သို့သော်လည်း ဗန်တော်န် အရှေ့တောင်ဘက်ရှိ အဆိုပါအရာဝတ္ထု တည်နေရာသို့ မသွားရောက်နိုင်သေးကြောင်းလည်း ဗီယက်နမ် ရေတပ်က ဆိုသည်။ လက်ရှိအချိန်တွင် ရှာဖွေရေးကဏ္ဍ၌ သင်္ဘော(၄၂)စင်း၊ လေယာဉ်(၃၉)စင်းက စုပေါင်းပါဝင် လုပ်ဆောင်နေဆဲ ဖြစ်သည်။ ထိုအတောအတွင်း တရုတ်နိုင်ငံက မလေးရှား အစိုးရအား လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်းလည်း သိရှိရသည်။

“ဒီကိစ္စမှာ တရုတ်အစိုးရက ခုထက်ပိုပြီး ပါဝင်ဆောင်ရွက်လာသင့်ပါပြီ။ ဒီလေယာဉ်မှာ တရုတ်နိုင်ငံသားတွေ အများဆုံး လိုက်ပါသွားတာပါ”ဟု သမီးဖြစ်သူ လေယာဉ်နှင့်အတူ ပါသွားသည့် ဇန်ဆိုသော အမျိုးသား တစ်ဦးက သောကကြီးစွာဖြင့် ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များက မိမိတို့သည် လုပ်ပိုင်ခွင့်အတွင်းမှ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောဆိုထားသည်။ MH370 ခရီးစဉ်တွင် လိုက်ပါသွားသူ အားလုံးအနက် (၃)ပုံ(၂)ပုံမျှသည် တရုတ်နှင့် ထိုင်ဝမ် နိုင်ငံသားများ ဖြစ်ကြသည်။ လက်ရှိအချိန်ထိ လေယာဉ်၏ ကံကြမ္မာသည် ပျက်ကျခြင်းလော၊ ပြန်ပေးဆွဲခံရခြင်းလော မကွဲပြားသေးဘဲ မလေးရှား၏ လုပ်ဆောင်ပုံ မပွင့်လင်းမှုများကြောင့်လည်း ပိုမို၍ အခြေအနေ ရှုပ်ထွေးနေခြင်းဟု သတင်းများက သုံးသပ်ဖော်ပြသွားခဲ့သည်။



မလေးရှား၏ မပွင့်လင်းမှုများကြောင့် ပိုမိုရှုပ်ထွေးလာသည့် လေယာဉ်ပျောက်ဆုံးမှုကြီး ယခုအခါ မလေးရှားမှ တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး အရှေ့မြောက်ဘက်သို့ ပျံသန်းသွားသော လေယာဉ်သည် အဆိုပါ လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ခြင်း ဟုတ်မဟုတ် ကြီးမားသော သံသယများ ဖြစ်တည်လာခဲ့သည်။



From: Planet Myanmar Network.

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>