Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စစ်တပ်မရှိက ပဋိပက္ခပြန်ဖြစ်နိုင်ဟု ရခိုင်ပြည်နယ်ရောက် ဦးဝီရသူ မိန့်ကြား

$
0
0
ရခိုင်ပြည်နယ်သို့ အမျိုးဘာသာစောင့်ရှောက်ရေး တရားများဟောကြားရန်ဟုဆိုကာ ရောက်ရှိနေသည့် ဦးဝီရသူက ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို ရုတ်သိမ်းလိုက်ပါက ပဋိပက္ခဖြစ်ပွားနိုင် သည်ဟု မတ် ၁၂ ရက်တွင် မဇ္ဈိမကို မိန့်ကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် လုံခြုံရေးရဲတပ်ရင်းသာမက အချို့ဒေသများတွင် လုံခြုံရေးယူ ထားသည့်စစ်တပ်များကို မရုတ်သိမ်းသင့်ဟု ဦးဝီရသူက မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“စစ်တပ်သာမရှိရင် အချိန်မရွေး ပဋိပက္ခတွေပြန်ဖြစ်နိုင်တယ်”ဟု ဦးဝီရသူက မိန့်ကြားလိုက်ခြင်းဖြစ် သည်။

ဦးဝီရသူသည် ရခိုင်ဒုက္ခသည်စခန်း သုံးခုကို ရောက်ရှိခဲ့ပြီး ဒေသလုံခြုံရေးအခြေအနေကို သုံးသပ်လိုက် ခြင်းဖြစ်သည်။

ဘာသာနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒိုင်းမွန်းဦး ရွှေကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် ဦးဝီရသူသည် ရခိုင်ပြည်နယ်တွင် အစ္စလမ်ဘာသာရေးခေါင်း ဆောင်များနှင့် တွေ့ဆုံရန်မရှိဘဲ ရခိုင်တိုင်းရင်းသားများကိုသာ အမျိုးဘာသာ စောင့်ရှောက်ရေး တရား များ ဟောကြားမည်ဟု ဆိုသည်။

“ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက်တော့ နှစ်ဖက်အဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးဖို့ မရှိ ပါဘူး”ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန် ယူထားပြီး အရေးပေါ်အခြေအနေများတွင်မူ စစ်တပ်က အင်အားဖြည့်ဆည်းပေးသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြိုင်က ပြောသည်။

“တချို့နေရာတွေမှာ ရဲဝန်ထမ်းနဲ့ မလုံလောက်ရင် စစ်တပ်ကို အကူအညီတောင်းပါတယ်။ စစ်တပ်ကို အမြဲလုံခြုံရေးချထားမယ့်အစီအစဉ်တော့ မရှိပါဘူး”ဟု ဦးဝင်းမြိုင်က ပြောသည်။

ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကမူ လုံခြုံရေးရဲဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ လူဦးရေနှင့်ညီမျှသည့် လုံခြုံရေးအင်အားများ ချမှတ်ပေးရန်၊ သတင်းအချက်အလက်များကို လျင်မြန်စွာ ထုတ်ပြန်ပေးရန်နှင့် အရေးပေါ်အခြေအနေများကို တုံ့ပြန် ဆောင်ရွက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်တို့ကို သမ္မတထံအကြံ ပြုတင်ပြထားသည်။

လက်ရှိတွင် ဒုချရားတန်း အနောက်၊ အလယ်နှင့် အရှေ့ကျေးရွာများတွင်မူ ဘင်္ဂါလီရွာသားများမှာ လုံခြုံ ရေးစိုးရိမ် မှုကြောင့် နေ့လယ်ပိုင်းတွင် ရွာမှထွက်ခွာကြပြီး ညပိုင်းများတွင် ကျေး ရွာများသို့ ပြန်ဝင်လာကြ သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင် က ပြောထားသည်။

ရခိုင်တိုင်းရင်းသားများကမူ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်လ၀က၀န်ကြီးဦးခင်ရီတို့ ရခိုင်ပြည်နယ်သို့ ရောက်ရှိ စဉ် လုံခြုံရေးတိုးမြှင့်ပေးရန်လည်း တင်ပြခဲ့ကြသည်။

၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို တောင်းဆိုဆန္ဒထုတ်ဖော်ပွဲများတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို တိုးချဲ့ပေး ရန်နှင့် ခေတ်မီလက်နက်များ တပ်ဆင်ပေးရန် တောင်းဆိုထားကြသည်။

လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပုဒ်မ ၁၄၄ ကို ပယ်ဖျက်ခြင်းမရှိသေးဘဲ အချိန် လျှော့ပေးခြင်းသာရှိနေသည်။ ထို့ကြောင့် စစ်တပ်လုံခြုံရေးများနှင့် ရဲအင်အားများသည် ပုဒ်မ ၁၄၄ ထုတ် ထားသည့်ဒေသများတွင် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။
From:mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>