Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရှင်းလား....အချောင်သမားများ

$
0
0

ဖေ(၁၀၁၁၀၀)ရက်ချိန်ခန့်က အင်းတကော် လမ်းဆုံမှာ ကားချင်း ငြိတဲ့ ကိစ္စ။
အဲ့ဒီမှာ လိုက်ထရပ်ပေါ် ပါလာတဲ့ အိပ်ပူးက ဦးအေးလွင် ဦးစီး အဖွဲ့နဲ့ နတ်ကုလား ပါတီ ဝင်တွေက ကားချင်းငြိတဲ့ ၄ဆ/၁၃၃၅ ရဲ့ ဒရိုင်ဘာ ဦးကိုကိုရှိန်ကို ဝိုင်းပြီး ဆွမ်းကြီး လောင်းခဲ့ သတဲ့။

ယာဉ်မောင်းခမြာ ဦးခေါင်း ဖူးရောင် ပေါက်ကွဲ ခန္တာမှာ ဒဏ်ရာ အနာတရတွေနဲ့ သွေးခ စေခဲ့သတဲ့။
မင်းတို့ အတော် သတ္တိ ပြောင်နေသလား ဟုတ်စ၊ မင်းတို့ အတော် လက်စွမ်း ထက်နေသလား ဟုတ်စ၊ မေးသာ မေးရတာပါ၊ မင်းတို့ မျိုးဆက်သစ်တွေ မျိုးဆက်သစ်တွေ ဆိုတာ ဘယ်လို ကောင်တွေဆိုတာ သိပြီးသားကွ။
ကြံဖွံ့ အာဏာ ယူတော့မယ် ဆိုတုန်းကလည်း၊ ကြံ့ဖွံ့ထဲ ဝင်လိုက် ကြတာကွာ၊ NLD ကို လွှတ်တော်ထဲ သွင်းဘို့ ဖွင့်ပေး လိုက်တော့လည်း ဤအတိုင်း၊ အိပ်ပူး ဆိုတော့လည်း အိပ်ပူးမို့ ထိုနည်း၎င်း။

ဘယ်လို ကောင်တွေ အူယားဖားယား ဝင်ကြသလဲ ဆိုတော့၊ မြို့ရွာ ရပ်ကွက် တွေထဲက အရင်တုန်းက လူရာသွင်း မခံရတဲ့ ကောင်တွေ၊ အိမ်အတွက် မိသားစုအတွက် အိမ်နီးချင်းအတွက် ရပ်ကွက်အတွက် သောက်လုပ် သောက်ကိုင် မည်မည်ရရ မလုပ်ဘဲ ဝေလေလေ ရေသာခို အချောင် လိုက်ခဲ့တဲ့ ကောင်တွေ၊ ကိုယ်ကဖြင့် အများအတွက် အပ်တို တစ်ချောင်း မမခဲ့ဖူး တံပျက်စည်း တစ်ချက် မခပ်ခဲ့ဖူးဘဲ တောမရောက် တောင်မရောက် သူပြော လူပြော ကြားစကားနဲ့ လေလုံး ထွားနေတဲ့ ကောင်တွေ၊ အများနဲ့ ယှဉ်လာရင် ဆင်ခြေ ဆင်လက် အရူးချေးပမ်း အကွက်တွေနဲ့ ဘေးဂလန့် လုပ်တတ်တဲ့ လူ့ကဏန်း ကောင်တွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော သောက်ပြား တစ်ပဲလောက်နဲ့ပဲ ဟန်မဆောင်နိုင် အိတ်ထဲ ထည့်ချင်တဲ့ တစ်ဘို့ထဲသမား လူ့ငနွားတွေ၊ ကိုယ့်မှာ ကောင်းရာ ကောင်းကျိုး သက်သေပြစရာ မရှိလေတော့ ရာထူး အာဏာ ပါဝါ ရှိသူကို ဟီးဟီး ဟဲဟဲ နွားလို သွားဖြဲပြီး ချေးပဲ ကုံးပေးရရ ချဉ်းကပ် ခယ ဖားယားတတ်တဲ့ ငဖားငယားတွေ၊ အဲ့သလို သောက်ကျင့် မကောင်းတဲ့ အချောင်သမားတွေ အဲ့သလို ဝင်ခဲ့ ဝင်ခဲ့ကြတယ်ဟေ့၊ ကောင်းတဲ့သူများကို မစော်ကားပါဗျ။

အခုတော့ ဘာဖြစ်လဲ၊ အဲ့ဒီလို အချောင် သမားတွေ လူပါး ဝနေကြပြီလေ၊ လူပါးဝနေကြပြီ၊ နဂိုရ်ကတည်းက သောက်ကျင့်နဲ့ ခံယူချက် ကောင်းလို့ ဝင်ကြတာမှ မဟုတ်ဘဲ။
မင်းတို့ ဒီလို လူပါး ဝရလောက်အောင် မင်းတို့ ကိုယ်၌က လူထုအတွက် ဘယ်လောက် လုပ်ခဲ့ဖူးလို့လဲ၊ အေရိုး အချောင်သမားများ.....သိပ် ခွေးပါး မဝကြနဲ့...ကြားလား...ရှင်းလား..အချောင်သမားများ။
From:Khin Mg Htwe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...