Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား

$
0
0

မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့ နေကြပေမယ့် နှစ်ဖက်စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား (V J Nambiar) က ပြောကြား လိုက်ပါတယ်။

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်း၊ ပညာရေးကောလိပ်နဲ့ သာသနဝေ ပုလ္လကျောင်း တိုက်တို့မှာ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့တာပါ။

" အိုးအိမ်ဆုံးရှုံးတဲ့သူတွေ၊ ပစ္စည်းဆုံးရှုံးတဲ့ နေရာတွေကို ကျွန်တော် သွားကြည့်ခဲ့ပါတယ်၊ ဒုက္ခသည်တွေ နဲ့လည်း စကားပြောခဲ့ရပါတယ်၊ သူတို့ရဲ့မျက်လုံးတွေထဲမှာ ကြောက်နေတာတွေ စိုးရိမ်နေ တာတွေ မြင် ခဲ့ရပါ တယ်၊ ဒါပေမယ့် အမုန်းတရားကိုတော့ ကျွန်တော် မတွေ့ခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခုလိုအခြေအနေတွေကို သူ့အနေနဲ့စိုးရိမ်ကြောင်း၊ အထူး သဖြင့် ဒုက္ခသည် ကလေးငယ်တွေရဲ့ အနာဂတ်ကို အကူအညီပေးဖို့ လိုအပ်ကြောင်း၊ အစိုးရအနေနဲ့ ထိရောက် တဲ့ နည်းလမ်း တွေကို အသုံးပြုပြီး တိုင်းပြည်ရဲ့ ပြရုပ်ကို မြှင့်တင်ပေးဖို့လိုအပ်ကြောင်း၊ ဘာသာပေါင်း စုံကလည်း အခြေအနေတွေကို လာရောက်ဖြေရှင်းပေးတဲ့အတွက် ကျေနပ်အားရမိကြောင်း မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အဓိကရုဏ်းကြောင့် မီးလောင် ခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပြီး၊ မြို့ကို မူလအတိုင်း ငြိမ်းငြိမ်းချမ်း ချမ်း နေ ထိုင်နိုင်အောင် စီမံဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်ကလည်း ညွှန်ကြားထားတယ်လို့ RFA ကို ပြော ပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ မိတ္ထီလာခရီးစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေ အပြင် ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မန္တလေး မစိုးရိမ်တိုက် သစ် ဆရာတော် ဦးဝီရသူနဲ့ ရန်ကုန်အခြေစိုက် အစ္စလာမ် ဘာသာရေး   ခေါင်းဆောင်တွေ လည်း လိုက်ပါခဲ့ကြပါတယ်။

သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ (၃၂) ဦးရှိပြီး၊ ဒေသခံ (၉၆၀၀) ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း မိတ္တီလာမြို့အကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ (၁၃ )ယောက်၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၅) ယောက်နဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၁၇) ယောက် တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေပြီး ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိတ္တီလာမြို့မှာ တုတ်ဓါးလက်နက် ကိုင်ဆောင်သွားလာသူ (၅၂) ဦးကို ထိန်းသိမ်းခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ် လိုက်ကြောင်း ဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>