Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Facebook ပေါ်မှာ သေနတ်နဲ့ ဓာတ်ပုံရိုက်ပြီးတင်သူ ဘဏ်ဓားပြ ဖမ်းဆီးခံလိုက်ရ

$
0
0
အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ် မှာ ဖြစ်ပွား ခဲ့တဲ့ ဓားပြ တိုက်မှု တွေမှာ တရားခံ အဖြစ် ယူဆထား သူကို အက်ဖ်ဘီအိုင် က Facebook ကနေ ခြေရာခံ မိပြီး တဲ့နောက် ဖမ်းဆီး နိုင်ခဲ့ ကြောင်း သိရ ပါတယ်။ အသက် (၂၁)နှစ် အရွယ်ရှိ ဂျူးလက်စ်ဘာလာဟာ သူ့ရဲ့ Facebook မှာ သေနတ်နဲ့အတူ ဓာတ်ပုံရိုက်ထား တဲ့ ပုံတွေတင်ခဲ့ပါတယ်။ ဒီပုံတွေကို အက်ဖ် ဘီဘိုင် က ကြည့်ရှုပြီး တဲ့နောက် ဖေဖော်ဝါရီလ (၂၆) ကနေ မတ်လ (၄)ရက်အတွင်း ဖြစ်ပွား ခဲ့တဲ့ဘဏ်ဓားပြမှုတွေအတွက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျူးလက်စ် ဘာလာ တင်ရှိ ထားတဲ့ သေနတ်ဟာ ဘဏ်ဓားပြတိုက်ရာမှာ အသုံးပြု ခဲ့တဲ့ သေနတ်နဲ့ တစ်ပုံစံတည်းဖြစ်နေလို့ သင်္ကာ မကင်း ခံခဲ့ ရပါတယ်။ ဂျူးလက်စ်ဘာလာ ဟာ မတ်လ (၅)ရက်မှာ Selfies ဓာတ်ပုံရိုက်ပြီး သူ့အနေနဲ့ ပထမဆုံး အိမ် တစ်အိမ် ၀ယ်လိုက် ပြီလို့ Facebook မှာ ရေးသား ခဲ့ပါတယ်။ ဘဏ်ဓားပြ မှုတွေ ဖြစ်ပွား ပြီး တဲ့နောက် ဂျူးလက်စ် ဘာလာရဲ့ အပြုအမူဟာ သံသယဖြစ်စရာ ကောင်းနေခဲ့လို့ သူ့ရဲ့ကားကို စုံစမ်းစစ်ဆေး ခဲ့ရာ၊ ဓားပြ တိုက်ရာမှာ အသုံးပြုခဲ့တဲ့ သေ နတ်ကို သိမ်းဆည်းရမိပါတယ်။ ဒီနောက် သူ့ကိုစုံစမ်းမှုတွေပြုလုပ်ခဲ့ရာ ဘဏ် ဓားပြ မှု တွေကို ကျူးလွန်ခဲ့ကြောင်း ၀န်ခံ ထွက်ဆို ခဲ့ပါ တယ်။ ဂျူးလက်စ် ဘာလာ ရဲ့ သူငယ်ချင်း တွေ က Facebook မှာ ဒီလိုဓာတ်ပုံတွေ မတင် သင့်ဘူးလို့ အကြံပေးခဲ့ပေမယ့် အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပြီး တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူ ရတော့မှာ ဖြစ်ပါတယ်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>