Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နားလည်ရခက်တဲ့ မ လေးက လေယာဉ်

$
0
0
မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။
လူပေါင်း ၂၃၉ ယောက် တင်ဆောင်ထားတဲ့ ဧရာမ လေယာဉ်ကြီးဟာ ကောက်ရိုးပုံထဲ ကျသွားတဲ့ အပ်လို အစအနတောင် ရှာမရဘဲ ပျောက်ခြင်းမလှ ပျောက်နေတာဟာ သာမန်လူတွေအတွက်သာ မကဘဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်လာနေပါတယ်။

အစောပိုင်းက ပင်လယ်ပြင်မှာ ဆီကွက်ကြီး တွေ့တယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်း စစ်ဆေးကြည့်တဲ့အခါ အဲဒီ ဆီကွက်ကြီး ကလည်း လေယာဉ်ဆီ မဟုတ်ပါဘူး။
ဗီယက်နမ်အနီးမှာ အပျက်အစီး အစအန တွေ့တယ်လို့ သတင်းထွက်သေးပေမယ့် ဒါကလည်း မဟုတ်ပြန်ပါဘူး။
တရုတ်နိုင်ငံက ဆွေမျိုးသားချင်းက ခရီးသည်ရဲ့ ဖုန်းကို ခေါ်တဲ့အခါ ဖုန်းကိုင်မယ့်သူ မရှိပေမယ့် ဖုန်းလိုင်းက ဝင်နေတယ်လို့ ဆိုပြန်ပါတယ်။
အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးတွေရော လုံခြုံရေးပညာရှင်တွေရော စုံစမ်းရှာဖွေသူတွေပါ ခေါင်းကိုက်ရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။
လေယာဉ် ပျောက်ဆုံးနိုင်တဲ့ အကြောင်းတရားတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သဲလွန်စလေး တစ်ခုတလေမှ မကျန်တာကတော့ သိပ်ဆန်းနေပါတယ်။
တကယ်လို့ လေယာဉ်အင်ဂျင်တွေ စက်ချို့ယွင်းသွားတယ် ဆိုပါစို့။ အဲသလို စက်ချို့ယွင်းပြီးနောက်မှာ လေယာဉ်ဟာ မိုင်ပေါင်း ၈၀ ကျော် ၉၀ လောက် လေထဲမှာ ဝဲနေနိုင်ပါသေးတယ်။ ဒါဆိုရင် လေယာဉ်မှူးအတွက် အရေးပေါ် ကယ်ဆယ်ရေး တောင်းခံဖို့ရာ အချိန်ကောင်းကောင်း ရနိုင်ပါတယ်။

တကယ်လို့ လေယာဉ်တံခါးတခုခု ပျက်စီးလို့ လေဖိအား ရုတ်တရက် ပြောင်းသွားတယ် ဆိုပါစို့။ ဒါဆိုရင်တော့ လေယာဉ်မှူးဟာ လေယာဉ်ကို အမြန်ဆုံး နိမ့်ရာ ရောက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါပေမယ့် ဒါကလည်း လေယာဉ်ကို ရုတ်တရက် တစစီ ပေါက်ကွဲသွားတာမျိုးတော့ မဖြစ်နိုင်ပြန်ပါဘူး။
တကယ်လို့ လေယာဉ်မှူးတွေ အကြောင်းတစုံတရာကြောင့် ဥပမာ အောက်ဆီဂျင် ပြတ်သွားလို့ အားလုံး သတိလစ်ကုန်တယ် ဆိုပါတော့၊ လေယာဉ်ကတော့ ဆက်ပျံနေဦးမှာပါ။ အဲသလို ပျံနေချိန်မှာ လေယာဉ်မှူးတွေဆီက အသံတိတ်နေတာကို မြေပြင်က သတိထားမိရမှာပါ။

လေယာဉ်ပြန်ပေးဆွဲမယ့် သူတွေက လေယာဉ်မောင်းခန်းထဲကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားလာကြတယ် ဆိုပါစို့။ ဒါဆိုရင်လည်း လေယာဉ်မှူးတွေ အနေနဲ့ ပေးပို့နိုင်တဲ့ အရေးပေါ် စကားဝှက်တွေ ရှိနေပြန်ပါသေးတယ်။ တခြား ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ အရေးပေါ် လိုင်းတွေကနေ ကြားကြရမှာပါ။
စဉ်းစားလို့ ရသမျှဟာ အစအန ကောက်မရလောက်အောင် ပျောက်သွားစရာ အကြောင်းမရှိ ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ရှာလေ မတွေ့လေ ဂမ္ဘီရ ပုစ္ဆာတပုဒ်လို အဖြေထုတ်ရခက်ခဲလေ ဖြစ်နေပါတယ်။
From:BBC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>