Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

MH 370 ပျောက်ဆုံးမှု ဧ။် နောက်ကွယ်

$
0
0


လတ်တလော မီဒီယာတွေမှာ ရေပန်းစားနေတဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှုရဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေရဲ့ အကြောင်းကို မြန်မာ့နိင်ငံရေးသုံးသပ်သူတွေက ဖွင့်ချလိုက်ပါပြီ ။

ဒီကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်မသွားရဲအောင် သွေးတိုးစမ်း ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့မတိုင်မီမှာ သမ္မတ ဦးသိန်းစိန်ရဲ့ မြေးတယောက် စွန်လွှတ်နေတယ်လို့ နေပြည်တော် စစ်ရုံးက
အမည်မဖော်လိုသူ အရာရှိတဦးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ် ။
ဒါနဲ့ ပတ်သတ်ပြီး စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ခုလို ပြောခဲ့ပါတယ် ။

"သမ္မတမြေး စွန်လွှတ်တယ် ဆိုတော့ ဘယ်သူခိုင်းလဲ .. သူ့နောက်ကွယ်မှာ ဘယ်သူလဲ .. ဒါတွေရှိသေးတယ် ။ေ နာက် သူ့စွန်ပြတ်သွားတော့ ဘယ်သူ ကောက်ခဲ့လဲ ။ ဒီစွန်က တောင်တရုတ်ပင်လယ်ကို လွင့်ပြီး လေယာဉ်အင်ဂျင်ကြားမှာ ညပ်၊ နောက်ဆုံး လေယာဉ်ကို တစစီစုတ်ပြတ်သွားစေခဲ့တာပါပဲ "

ပိုပြီး သံသယ ဖြစ်စရာကောင်းတဲ့အချက်ကတော့ လေယာဉ်ပျောက်ဆုံးမှုမဖြစ်ခင်
ညမှာ လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းဟာ လသာဆောင်မှာ ကြယ်တွေကိုရေရင်း စန္ဒရားချစ်ဆွေသီချင်း နားထောင်နေတယ် ဆိုတဲ့ အချက်ပါပဲ ။

ဒါဟာ တရုတ်နိင်ငံရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်ကို သွားဖို့ရှိနေတဲ့ နိဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည် မသွားရဲအောင် အကွက်ကျကျလုပ်နေတယ် ဆိုတဲ့ အချက်ကို ပိုပြီး ပီပြင်စေခဲ့ပါတယ် ။

ဒါပေမယ့် တဖက်မှာလည်း စိတ်ဝင်စားစရာ ခန့်မှန်းမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ် ။

အခင်း လေယာဉ်ပျံသန်းနေတဲ့ အချိန်လောက်မှာပဲ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခု ကေအိုင်အေ တပ်ရင်း ၄ ရဲ့ နယ်မြေထဲ ရင်ဆိုင်တွေ့ခဲ့ကြပါတယ် ။ ထုံးစံအတိုင်း မြန်မာစစ်တပ်က အချင်းချင်းမှားပစ် ၊နောက် အပြစ်မဲ့ပြည်သူတွေရှိတဲ့ ရွာထဲကို ပစ်၊ နောက်ဆုံး စစ်တပ်စစ်ကြောင်းတခုလုံးကို ကေအိုင်အေက အနိင်ယူပြီး လက်နက်အကြီး ၊ အငယ်တွေ ရလိုက်တဲ့ ဖြစ်ရပ်ပါ ။ MH 370 ပျောက်ဆုံးမှုဟာ ဒီတိုက်ပွဲနဲ့ စပ်ဆက်မှု ရှိနေတယ်လို့ တရုတ်မြန်မာ နယ်စပ်က စစ်ဘက်စောင့်ကြည့်လေ့လာသူတဦးကတော့ မှတ်ချက်ပြုသွားခဲ့ပါတယ် ။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကေအိုင်အေ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း ခုလို ပြောသွားခဲ့တယ် ။
"စစ်တပ်က ရွာထဲကို လက်နက်ကြီးပစ်တဲ့ အချိန်မှာ လက်နက်ကြီးကျည်တလုံး တောင်တရုတ်ပင်လယ်ဘက်ကိုလွင့်သွားတာ တွေ့လိုက်ရတယ် ။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း မခံနိင်တာနဲ့ ဝင်ပစ်တယ် ။ တိုက်ပွဲပြီးတော့မှ MH 370 ရဲ့ သတင်းကို ကြားလိုက်ရတယ် ။ ဖက်ဒရယ်တပ်မတော် မထူထောင်နိင်သေးသရွေ့တော့
ဘိုအင်းလေယာဉ်တွေ ပျောက်နေအုံးမှာပဲ "

အခု ဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးလေယာဉ်ပါမစ်တွေ ချပေးမယ်ဆိုတဲ့ သတင်းဟာလည်း ပိုမိုပျံ့နှံ့လာခဲ့ပါတယ် ။

"စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ။ ပစ်ရင် မှန်အောင်ပစ်တယ်"ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့စကားကို ဆန့်ကျင်ပြီး ဘိုးအင်းလေယာဉ်ကို မှန်အောင်ပစ်ခဲ့တဲ့အတွက် စစ်တပ်တွင်း အက်ကွဲနေပြီလား ဆိုတဲ့ မှန်းဆချက်တွေကလည်း မြန်မာ့နိင်ငံရေး ကျွမ်းကျင်သူတွေရဲ့ကြားမှာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ် ။

အတည်မပြုနိင်သေးတဲ့ သတင်းတွေအရတော့ ဒီကိစ္စဟာ ယင်းမာပင်မှာ ရဲတပ်ရင်းဆောက်ဖို့ ပဋိပက္ခဖြစ်နေတဲ့ ရဲတွေနဲ့ ဒေသခံတွေရဲ့ဖြစ်ရပ်နဲ့ အိုအိရှိ အာလူးကြော်မီးလောင်တဲ့ သတင်းကိုအာရုံလွှဲဖို့ အစိုးရရဲ့ စနစ်ကျကျ ရွေ့လိုက်တဲ့အကွက်လို့ နိင်ငံရေး အံတိုနေသူတချို့က ဆိုလာပြန်ပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် MH 370 ပျက်ကျမှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ ၊
လက်ရှိကြံ့ဖွံ့အစိုးရ အကြီးပိုင်းတွေနဲ့ ဘယ်လိုပတ်သတ်နေလဲ ဆိုတဲ့ အချက်ဟာ
ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာတာတော့ အမှန်ပါပဲ ။


(မြန်မာ့အရေးကျွမ်းကျင်အံတိုသူ)
From: သီဟသစ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


မောင်ကြူးရင့် - လွတ်လပ်မျိုးစေ့


The.Matrix.Revolutions.(2003) မြန်မာစာတန်းထိုး


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီ ကွယ်လွန်ပြီ (ရုပ်သံ)


ဥပဒေဆိုင်ရာစာအုပ်များ ဆိုင်ရာ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>