
ယင်းကဲ့သို့ တရားခံပေါ်ပေါက်ရန်နီးစပ်လာမှုကို စီအိုင်ဒီ မှ အဆင့်မြင့်အရာရှိက''ဆရာဝန်ဆေးစစ်ချက်ထွက်လာပြီး စီအိုင်ဒီ က ကိုင်တွယ်စစ်ဆေးနေတယ်။ ဒီအမှုက တိမ်မယောင်နဲ့နက်ပေ မယ့် သေဆုံးမှုရဲ့အဓိကတရားခံသဲလွန်စကို ရထားပါပြီ။ မကြာခင် မှာ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောပါမယ်''ဟု ပြောသည်။
အဆိုပါအမှုရုံးချိန်းကို မတ်၎ရက်က အင်းစိန်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ အမှုအခြေအနေရှုပ်ထွေးမှုကြောင့် စီအိုင်ဒီကို အကူအညီ တောင်းခဲ့သောကြောင့် စီအိုင်ဒီက စစ်ဆေးရခြင်းဖြစ်ကြောင်း သိရ သည်။
အင်းစိန်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ''ဒီအမှုကို အင်း စိန်တရားရုံးမှာပဲ စစ်ဆေးပြီး ဆောင်ရွက်နေတယ်။ လောလောဆယ် တော့ အမှုအခြေအနေနဲ့ပတ်သက်ပြီး ဘာမှကွဲကွဲပြားပြားမသိသေး ပေမယ့် မှုခင်းဆရာဝန်ရဲ့ဆေးစစ်ချက်တွေနဲ့ အင်းစိန်ရဲစခန်း စီအိုင်ဒီ တို့ရဲ့ စစ်ချက်တွေအရတော့ ဒီကိစ္စက သွေးရိုးသားရိုးသေဆုံးတာ တော့ လုံးဝမဟုတ်ဘူး''ဟုပြောသည်။
မော်ဒယ်ကောင်းမြတ်ဟိန်းသည်Miss University Myanmar ပြိုင်ပွဲဝင်ရန် ဇန်နဝါရီ၂၁ရက်က မြို့တော်ဂေါက်ကွင်းဟိုတယ်၌ ပြိုင် ပွဲဝင်များနှင့်အတူ ရေဆင်းကူးရာမှ ပျောက်ဆုံးနေခဲ့ပြီး ယင်းနေ့ည ၁၂နာရီတွင် ၄င်း၏အလောင်းကို လုံခြုံရေးဝန်ထမ်းတစ်ဦးကတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
www.mmdailystar.com