Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်ကိုအကြောင်းပြု တရုတ်၊ ကုလားတွေပါဝင်လာမှာစိုးတယ်ဟု ဦးဝီရသူမိန့်ကြား

$
0
0



အမျိုးသားရေးနှင့်ပတ်သက် လျှင် သမ်္မတကြီး ဦးသိန်းစိန် အပေါ် အပြည့်အ၀အားကိုး ကြောင်း၊ ပုဒ်မ ၅၉ (စ) နှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည် ကို အကြောင်းပြုပြီး တရုတ်၊ ကုလားများ ပါဝင်လာမည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်တစ်ယောက်တည်းဆိုပါက အပြည့်အ၀သဘောတူမည်ဖြစ် ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် မြန်မာ တစ်နိုင်ငံလုံးအနှံ့ဟောကြားနေ သည့် ဆရာတော်ဦးဝီရသူက မိန့် ကြားသည်။

““အမျိုးသားရေးနဲ့ပတ်သက် လို့ သမ်္မတကြီးဦးသိန်းစိန်အပေါ် ကို အပြည့်အ၀အားကိုးတယ်။ စိုးရိမ်တာတစ်ခုကတော့ ၅၉ (စ) မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး တရုတ်၊ကုလား တွေ ပါဝင်လာမှာကို စိုးတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ် ယောက်တည်းဆိုရင် အပြည့်အ၀ သဘောတူတယ်။ ဒေါ်အောင် ဆန်းစုကြည်သာ အမျိုးသားရေး မှာ အားကိုးရမယ်ဆိုရင် သူမှ တစ်ပါး သမ္မတနေရာကို ရွေးချယ် စရာမရှိဘူး။ ဒေါ်အောင်ဆန်းစု ကြည်ကိုဒီမိုကရေစီအရေး၊တရား ဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး တွေမှာ အားကိုးပြီးသားပါ”” ဟု ဆရာတော် ဦးဝီရသူကမိန့်သည်။

အမျိုးစောင့်ဥပဒေကို လုံးဝ အောင်မြင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် ပတ်သက်လျှင်လည်း ဒီမိုကရေစီ စံချိန်စံနှုန်းဖြင့် မကိုက် ညီမှုများ ပြုပြင်သမျှ အကုန် ထောက်ခံကြောင်း၊ အမျိုးစောင့် ဥပဒေကို လွှတ်တော်ထဲရောက် သည်နှင့်တစ်ပြိုင်တည်း လူတိုင်း ထောက်ခံချင်စိတ်ဖြစ်စေရန် ရေး ဆွဲကြဖို့ တိုက်တွန်းလိုကြောင်း၊ အမျိုးစောင့်ဥပဒေနှင့် ပတ်သက် ပြီး လက်ရှိအစိုးရ၏ ဆောင်ရွက် မှုများကို အတိုင်းအတာတစ်ခု အထိ အားရကျေနပ်မှုရှိကြောင်း၊ ပြည်သူလူထုကို တရားဟော သည့်အခါတွင် အဂတိတရား ကင်းကင်းဖြင့် အနာဂတ်၏ခေါင်း ဆောင်ကို တင်မြှောက်ကြရန်၊ ချစ်သူကိုပုံမအပ်ကြရန်နှင့်အမုန်း တရားကို ရှေ့တန်းမတင်ကြရန် ထည့်သွင်းဟောကြားကြောင်း ဆရာတော် ဦးဝီရသူက ဆက် လက်မိန့်ကြားသည်။

““အမျိုးစောင့်ဥပဒေရဲ့အခြေ အနေဟာ အားရစရာကောင်းပါ တယ်။ နောက်ပိုင်းဥပဒေပေါ် ထွန်းရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပြုရေး ပုဂ်္ဂိုလ်တွေ ဘယ်လိုဆောင်ရွက် မလဲဆိုတာတော့ ဆရာတော်တို့ စောင့်ကြည့်ရမှာဖြစ်တယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုဆက်လက် ပူးပေါင်းနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်တယ်။ ၂၀၁၅ မှာ ဘယ် အစိုးရပဲ တက်လာတက်လာ အမျိုးဘာသာသာသနာကို စော် ကားတဲ့ပုဂ်္ဂိုလ်ဆိုရင် ဆရာတော် တွေက အမျိုးဘာသာသာသနာ ရှေ့က မားမားမတ်မတ်ရပ်တည် သွားမှာဖြစ်တယ်။ အမျိုးစောင့် ဥပဒေကို ပြည်သူတွေလက်ခံလိမ့် မယ်လို့ ယုံကြည်တယ်”” ဟု ဆရာ တော်ဒေါက်တာ သောပါက က မိန့်ကြားခဲ့သည်။

From:အာကာဗိုလ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>