Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သော လိင်တူချစ်သူနှစ်ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးနေ ဟု ဆို

$
0
0


မတ် ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Excel Treasure ဟိုတယ်တွင် လိင်တူချစ်သူ အမျိုးသားနှစ်ဦးဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့၏ (၁၀) နှစ်ပြည့် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ အရေးယူနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ပြောကြားသည်။

"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့စုံစမ်းပြီးတော့ စစ်ဆေးသွားပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွားပါမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ပြောကြားသည်။


ရာဇသတ်ကြီး ပုဒ်မ ၃၇၇ တွင် "မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလုပ်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်"ဟု ပြဋ္ဌာန်းထားသည်။

ထိုဥပဒေအရ ဓမ္မတာနှင့်ဆန့်ကျင်သော ဆက်ဆံမှု ပြုထားခြင်းများ ရှိ မရှိကို ဆရာဝန်များဖြင့် စစ်ဆေးပါက တိတိကျကျ အဖြေထွက်ပေါ်လာမည် ဖြစ်ပြီး ဗဟန်းရဲစခန်းမှ တရားလိုအဖြစ် အမှုဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 

"ဒီကိစ္စမျိုးဟာ သူ့ဟာသူ ဖယောင်းတိုင်မကလို့ ဘာတိုင်ပဲ ဖြစ်ဖြစ် လူသိထင်ရှား အခမ်းအနားတွေ လုပ်တာက ပြည်သူလူထုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ဂရုမစိုက်ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ ဒီလိုပဲ ကျွန်တော်တို့က မြင်တယ်"ဟု လူငယ် အိုင်တီ ပညာရှင် ကိုဝင်းမော်က ပြောဆိုသည်။

"ဒါက လူ့အခွင့်အရေး လို့ ပြောလို့ရတယ်။ အမှန်က ဒီပုဒ်မကို ပယ်ဖျက် ပစ်ရမှာ။ ဒါမှ လူ့အခွင့်အရေး အပြည့်အဝေ ရှိတယ် လို့ ပြောလို့ရတယ်။ ဒီနိုင်ငံမှာကတော့ ဒါဟာ ရှက်စရာ ဆိုပြီး နှိမ်ကြတယ်။ ဒါတွေကို တိုက်ပွဲ ၀င်တာလည်း ၀င်ရမယ်။ ပြည်သူတွေ ဒါကို အမြင်ကျယ်ကျယ်နဲ့ လက်ခံလာ အောင် ကျွန်တော်တို့ဘက်ကလည်း စည်းရုံးတာတွေ၊ ရှင်းလင်းတာတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ လိုတယ်"ဟု လိင်တူချစ်သူ တစ်ဦးက ပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း လိင်တူချစ်သူ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့်အတူ ချိတ်ဆက်ထားသော လိင်တူချစ်သူအဖွဲ့အစည်း ၁၉ ဖွဲ့အထိရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ၂၅ ဖွဲ့အထိဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။  


From: ပြည်သူ့ အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>