Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျေးဇူးပြုပြီး ဖြေပေးပါ ဒေါ်အောင်ဆန်းစုကြည်

$
0
0
ဒီမိုကရေစီ စနစ်တွင် ..အာဏာသုံးရပ်ကို ခွဲခြားပြီး ….အပြန်အလှန်ထိန်းကျောင်းသော စနစ်ကို ကျင့်သုံး ပါသည်။

အုပ်ချုပ်ရေး အာဏာမှ သမ္မတ နှင့် အစိုးရ အဖွဲ့ တစ်ခုလုံးကို …ဥပဒေ ပြုရေးအာဏာ လွှတ်တော်မှ ….
စွပ်စွဲပြစ်တင် ဖြုတ်ချခွင့် ရှိပါသည် ….တရားစီရင်ရေး အာဏာမှ …အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊တရားသူကြီးချုပ်များအား….အုပ်ချုပ်ရေး အာဏာ သမ္မတမှ လည်းကောင်း ….ဥပဒေ ပြုရေးအာဏာ လွှတ်တော်မှ လည်းကောင်း ….စွပ်စွဲပြစ်တင် ဖြုတ်ချခွင့် ရှိပါသည်။

ဥပဒေ ပြုရေးအာဏာ လွှတ်တော်မှ ကိုယ်စားလှယ်များအား ….
အခြေခံ ဥပဒေပုဒ်မ ၃၈ (က) အရ ….
၁) မဲဆန္ဒရှင်များမှ ၁ ရာခိုင်နှုန်းဖြင့် ကန့်ကွက် အဆိုပြုခြင်း
(၂) ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးခြင်း
(၃) စွပ်စွဲခံ ကိုယ်စားလှယ်မှ ချေပခွင့်ရှိခြင်း
(၄) သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ….
အတည်ပြု ဖြုတ်ချခြင်း ( Right to recall ) တို့ ဖြင့် ….
စွပ်စွဲ ပြစ်တင် ဖြုတ်ချ နိုင်ပါသည်…

ဆိုလိုသည်မှာ ….ဒီမိုကရေစီ နှင့် အာဏာရှင် စနစ်၏ ကွဲပြားခြားနားချက်သည် …အာဏာသုံးရပ် ကို ….
အပြန်အလှန် Check&Balance ဖြင့် ထိန်းကျောင်းပြီး …တိုင်းပြည်ကို အုပ်ချုပ်ခြင်း ရှိ / မရှိ ဆိုသည့်  ….
အချက်ပေါ်မူတည်ပါသည်….

၂၀၁၀ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးချိန်တွင် …ကြားဖြတ်ရွေးကောက်ပွဲ အပြီး ၌လူထုခေါင်းဆောင် …ဒီမိုကရေစီ ၏ အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် သည် …လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့ပါသည် ….

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းသို့ ….ရောက်ရှိပြီးသည့် နောက်ပိုင်း …လွှတ်တော် ၏ ထင်ရှားသည့် ဆောင်ရွက်ချက်များမှာ …အောက်ပါအတိုင်းဖြစ်ပါသည်…

၁။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ခုံရုံး (တရားစီရင်ရေး အာဏာ ) နှင့် ...လွှတ်တော် ( ဥပဒေပြုရေး အာဏာ )တို့  ပ ဋိပက္ခ တွင် …လွှတ်တော်မှ ၎င်းအား အပ်နှင်းထားသော …စွပ်စွဲ ပြစ်တင်ခွင့်ကို အသုံးပြု ၍ …
အခြေခံ ဥပဒေ ခုံရုံးအား အပြတ်ရှင်းလိုက်ရာ …ခုံရုံး အဖွဲ့ ဝင်များအားလုံး နူတ်ထွက်သွားခဲ့ ရပါသည် ။
သမ္မတ မှ စွပ်စွဲပြစ်တင်ခြင်း မပြုလုပ်ရန် ..မေတ္တာရပ်ခံ သ၀ဏ်လွှာ ပေးပို့ ကန့် ကွက် ခဲ့ပါသည် ....
တပ်မတော်သား ကိုယ်စားလှယ်များမှ ...ထိုသို့ မပြုလုပ်ရန် ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့ပါသည် ...
ဒေါ်အောင်ဆန်းစုကြည် မှ လက်မှတ်ရေးထိုး ထောက်ခံ ခဲ့ပါသည်။

၂။ ထိုကိစ္စ နှင့်ပတ်သက် ၍ ဒေါက်တာဆိတ်ဖွားဆိုသူက ...ဥပဒေအထက်မှာ လွှတ်တော်ရှိသလား ဟူသော ...ဆောင်းပါး ဖြင့် ရေးသားဝေဖန်ခဲ့ရာ ....လွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်း အရေးယူခဲ့ပါသည်…
ဒေါက်တာ ဆိတ်ဖွားလည်း အမြီးထောင်နေအောင် ..ထွက်ပြေး ရပါသည်။

တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ...ဒေါ်အောင်ဆန်း စုကြည် တစ်ခွန်းမှ မကန့် ကွက်ခဲ့ပါ ....
ကျန်သူများလည်း ၀င်ကန့် ကွက် မပြောဆို တော့ပါ ။

၃။ Right to recall ကိစ္စ တွင် ...တပ်မတော်မှ အမတ်၃ ဦးက မဆိုင်းငံ့ သင့်ကြောင်း ...
အခြေအတင် ဝေဖန် ဆွေးနွေးခဲ့ပြီး ....ပြည်ခိုင်ဖြိုးမှ အမတ် ၂ ဦးမှ ဆိုင်းငံ့ သင့်ကြောင်း ဆွေးနွေး ခဲ့ပါသည် …

နောက်ဆုံး အတိုက်အခံ ပါတီကပါ ဥပဒေကို မထောက်ခံသဖြင့် ..တပ်က ကိုယ်စားလှယ်များ လက်လျော့ခဲ့ရပြီး ..ကန့် ကွက်သူမရှိ အတည်ဖြစ်ကာ ...ထို ဥပဒေကြမ်းကို ဆိုင်းငံ့ ခဲ့ပါသည် …

ဒေါ်စု နှင့် အန်အယ်လ်ဒီ ပါတီဝင်များ အားလုံး ...တစ်ခွန်းမှ ၀င်မပြောခဲ့ပါ…

ကောင်းပါပြီ ..ကျွန်တော် ပြောချင်တာက အဲအချက်များ ဖြစ်ပါသည်..ဒီမိုကရေစီ စနစ် ၏ ....
Check & Balance ကို ပျက်သွားစေမည့် ကိစ္စများ ဖြစ်သည်ကို ...ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ...
မသိ မရှိ ဟု ယုံကြည်ပါသည်...

ကျွန်တော်တို့  ဒီမိုကရေစီ ထူထောင်စ တိုင်းပြည်တွင် ..လိုအပ်ချက်များ များပြားလှပါသည်....
အင်စတီကျူးရှင်း များမှာလည်း ...ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်လှပါ .အပြစ်ကိုယ်စီ ရှိနေပါသည်....

ထို အပြစ်ကိုယ်စီ ရှိနေသော အုပ်စုများက လွှတ်တော်အတွင်း၌တိုင်းပြည်အတွက် အကျိုးရှိမည့် ....
အချို့ အဆိုများ ...ဥပဒေကြမ်း များ ကို ....ကိုယ့်ဖက် ပြန်ပတ်မည် စိုးရိမ်သဖြင့် ...
ရဲရဲ ၀ံ့ ဝံ့  မထောက်ခံ မကန့် ကွက်ရဲသည်ကို ...နားလည် စဉ်းစား၍ ရသော်လည်း ....

စစ်အာဏာရှင်များ မကောင်းကြောင်းကို ....ကမ္ဘာပတ်ပြီး ဖွင့်ချနေသော ဒေါ်အောင်ဆန်းစုကြည် က ....
တစ်ခွန်း တစ်ပါဒ မှ ၀င်မပြောပဲ ...နေ့ စဉ် တစ်နေ့ ဝတ်စုံ တစ်မျိုး ဖြင့် ရောက်ရှိလာပြီး ....
လွှတ်တော်တွင်း ၌ ဖင်ကျောက်ချ ထိုင်နေသည်ကို ...ကျွန်တော် ဘယ်လိုမှ စဉ်းစား၍ မရပါ....

အကယ်၍ ....မည်သည့် အတွက်ကြောင့် ....ထိုကဲ့ သို့  ၀င်ရောက်ပြောဆိုခြင်း မရှိရသည်ကို ..စဉ်းစား ဖြေရှင်းနိုင်စွမ်းသော ...ဒီမို မိတ်ဆွေ သူတော်ကောင်းအပေါင်း ရှိကြပါက ...
အနော် မောင်ရဲမိုး၏ အသိဥာဏ် အမှောင်တိုက်အား ....ထင်းကနဲ လင်းကနဲ ...ရှင်းသွားစေရန် ...
အမှောင်ပယ်ခွင်း ရောင်ခြည်ဝင်း ပါစေမည့် အကြောင်း ....နိဗ္ဗာန် အကျိုးမျှော်၍ ....နိုးဆော် အပ်ပါသည် ခင်ဗျား.......

From: ရဲမိုး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


လုလုအောင် HD အသစ်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မှော်ဝန်းသား ဦးခင်ညွန့် နှင့် အင်တာဗျူး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်မြို့တွင် MPT ဆင်းကဒ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်...


ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) နဲ့ NLD &အောင်-စု-တင် ပြိုကွဲခြင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တူးတာ ညောင်မြစ် ၊ ပေါ်တော့ ပုတ်သင်ဥ တစ်ခုခုလုပ်ပါ အလုပ်သမားဝန်ကြီးဌာန


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>