Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့ပိုင်နက်ကို အသုံးချပြီး အိန္ဒိယကို နှောင့်ယှက်နေတဲ့ အဖွဲ့တွေကို ခွင့်ပြုမှာမဟုတ်

$
0
0

 

 



မြန်မာ့ပိုင်နက်မြေကို အသုံးချပြီး၊ အိန္ဒိယနိုင်ငံရဲ့ အကျိုစီးပွားကို နှောင့်ယှက်ဟန့်တားနေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဆက်လက်ခွင့်ပြုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကတိပြု ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာကျင်းပတဲ့ တတိယအကြိမ်မြောက် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော်ဒေ သ နိုင်ငံများအဖွဲ့ ညီလာခံကို တက်ရောက် ဖို့ရောက်ရှိလာတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာပါ။

ဒါ့ပြင် သတင်းအချက်အလက် နည်းပညာ၊ စိုက်ပျိုးရေး၊ ပညာရေး ၊ စက်မှု စတဲ့ကဏ္ဍတွေမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အကူအညီပေးရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခုခရီးစဉ်ဟာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပမယ့် တတိယအကြိမ်မြောက် BIMSTEC ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားမှာဖြစ်ပြီး၊ ညီလာခံအပြီးမှာ တင်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့ အကြီးအကဲတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Sumith Nakandala ကို ခန့်အပ်ခဲ့ကြပါတယ်။  


From: RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>