Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို မယောင်ရာ ဆီလူး၊ အလုပ်မရှိ - ဥ သန်းရှာ ဟု ဆို

$
0
0
လပြည့်ညများ အမှန် လပြည့်ည ဖြစ်စေလိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင် ကို၏ လွှတ်တော်တွင်း မေးခွန်း မေးမြန်းချက်အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီိလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက လပြည့်ရန် (၁) ရက် စောနေသော မြန်မာပြည်ပြက္ခဒိန်နေ့ရက်ကို အမှန် အတိုင်းဖြစ်စေရန် ပြန်လည်ပြင်ဆင်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးသည် သံဃာ ရာဇာဖြစ်သောကြောင့် ဥက္ကဋ္ဌဆရာတော်ကြီးထံတွင် ဓမ္မစက်တည်ရှိပါကြောင်း၊ အာဏာစက်သည်နိုင်ငံတော် အကြီးအကဲဖြစ်သူ သမ္မတကြီးထံတွင်ရှိပါကြောင်း၊ ဖော်ပြပါ ကြီးမြတ်သောတာဝန်ကို နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်နက္ခတ္တဗေဒနှင့် ပြက္ခဒိန်ပညာရှင်အဖွဲ့သို့ တာဝန်ပေး ဆောင် ရွက်စေရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ အတည်ပြုမိန့်ပြန်တမ်းထုတ်ပြန်ပေးရမည် ဖြစ်ပါ ကြောင်း၊ ‘လ’မပြည့်သော ‘လ’ပြည့်ညများကို အမှန် ‘လပြည့်’ညဖြစ်လာအောင် ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်း၍ ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်း စသည်ဖြင့် မေးမြန်းခဲ့သည်။

ထိုမေးခွန်းအား ယဉ်ကျေးမှုဒု-ဝန်ကြီးဒေါ်စန္ဒာခင်က ဖြေကြားခဲ့ရာတွင် မြန်မာနိုင်ငံပြက္ခဒိန် ဥက္ကဋ္ဌ ဆရာတော်ကြီး၊ သာသနာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီးပေါင်းစပ်ချက်အရ မြန်မာပြက္ခဒိန်သည် သဘာဝ လပြည့်လကွယ်နှင့် အနီးဆုံးတူညီပြီး သဘာဝယုတ္တိကျစေရန် တွက်ချက်ထားပြီး ပြက္ခဒိန်အကြံပေး အဖွဲ့ဝင် ပညာရှင်များသည် သုံးနှစ်ကြိုတင် ရေးဆွဲကြသော ပြက္ခဒိန်များဖြစ်ရာ ဝါထပ်၊ ရက်ငင်၊ နေကြတ်၊ လကြတ်၊ လပြည့်၊ လကွယ်များကို အောက်ပါအတိုင်းရေးဆွဲကြပါကြောင်း-

(က) တိထီ လပြည့်လကွယ်များကို အခြေခံ၍ ရေးဆွဲခြင်း။

(ခ) ဝေါဟာရလပြည့် စန္ဒြမာသကို ကြည့်၍ ရေးဆွဲခြင်း။

(ဂ) ဆိုလာနေ-သွား (ခရစ်နှစ်)သောရနှင့် ရေးဆွဲ ခြင်း။

(ဃ)လနှင့်လုပ်သော ပြက္ခဒိန်(လ-သွား)များကို ကြည့်၍ရေးဆွဲခြင်း

တို့ဖြစ်ပါကြောင်း၊ မြန်မာပြက္ခဒိန်သည် တစ်နှစ်လျှင် ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆ စက္ကန့်ရှိသောကြောင့် ၃၆၅ ရက်ကိုသာ ကြည့်လျှင် လပြည့်နေ့၌ အနည်းငယ်လျော့၍ လမပြည့်သည့်ပုံကဲ့သို့ မြင်ရခြင်းမှာ ကျန်ရှိသော ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆ စက္ကန့်တိတိအချိန်ကြည့်လျှင် လပြည့်ခြင်းကို ပြည့်ဝစွာနှင့် တွေ့မြင်နိုင်မှာ ဖြစ် သောကြောင့် လပြည့်ည ၁၂ နာရီတွင် နာရီ၊ မိနစ်၊ စက္ကန့် အနည်းငယ် ကွာခြားခြင်းသာရှိနိုင်ပါကြောင်း။ ယခုစီရင်ထားသော ပြက္ခဒိန်သည် လပြည့်ညတွင် အမှန် လပြည့် အောင် ပြုပြင်၍မရသဖြင့် အခြားပြက္ခဒိန် များနည်းတူ တိထီလပြည့်၊ လကွယ်တို့ကို ပူးတွဲကြေညာ ပေးလိုက်လျှင် မေးခွန်းရှင်၏ အလိုဆန္ဒပြည့်လိမ့် မည်ဟု ထင်မြင်မိပါကြောင်းနှင့် ယခုအခါ စီမံခန့်ခွဲမှု အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သူဌေးသူကြွယ်၊ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးနှင့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာ့ပြက္ခဒိန်ကို အသုံးပြုရာတွင် ၎င်းတို့ ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်ရေး စသည့် လူမှုရေးရာကိစ္စအရပ်ရပ်ကို ရှေးအစဉ် အလာများအတိုင်း ယုံယုံကြည်ကြည် လက်ခံပြီး ဆောင်ရွက်နေကြခြင်းတို့ကြောင့် ပြင်ဆင်ရန် မသင့် ပါကြောင်း ဟု ဖြေကြားခဲ့သည်။

ထိုသို့ ဖြေကြားပြီးသည်အချိန်တွင် သူရဦးအောင်ကိုက မိမိသည်လည်း မြန်မာနိုင်ငံပြက္ခဒိန် ဥက္ကဋ္ဌ အား မေးမြန်းပြီးဖြစ်၍ ပြင်ဆင်ရန် မသင့်သေးသည့် အဖြေကိုသိပြီးဖြစ်ပါကြောင်းနှင့် လပြည့်ရက်တစ်ရက် လွဲနေသည်ကို အများပြည်သူသိရှိနိုင်ရန် မေးမြန်းခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်အစီအစဉ်များကို ရုပ်သံမှ ကြည့်ရှုလေ့ရှိသူ ဥပဒေပညာရှင် ဦးထွန်းအောင် က "ကျုပ်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါနေတုန်းဖြစ်သလို ၂၀၁၁ ခုနှစ်ကမှ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းခဲ့တဲ့အတွက် ခုချိန်ထိ အသွင်ကူးပြောင်းရေးကာလမှာသာ ရှိနေဆဲဖြစ်ပြီး ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေဖျက်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဥပဒေသစ်တွေ ရေးဆွဲဖို့ အရေး တကြီးလိုအပ်တဲ့ ကာလပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြဲနေအောင်လုပ်မှ တန်ကာကျမှာပါ။ တစ်နေ့ တစ်နေ့ကို ငွေသိန်းနဲ့ချီအကုန်ခံပြီး လွှတ်တော်အစည်းအဝေးတွေ လုပ်နေတဲ့အချိန်မှာ ကိုယ်စားလှယ် တော်ကြီးများအနေနဲ့ ကိုယ်ရည်သွေးလိုတာနဲ့ မိမိတို့ သိပြီးသားကိစ္စကို အချိန်ကုန်ခံပြီးမေးခွန်းထုတ်တာ၊ အသေးအဖွဲတွေကို ကြယ်ပွင့်ပြ မေးခွန်းအဖြစ် လွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်တာ၊ အဆိုတင်သွင်းခြင်းဟာဖြင့်ရင် ပြည်သူလူထု ကို စော်ကားမော်ကား လုပ်နေတယ်လို့ ကျွန်တော်တော့ ခံစားရတယ်ဗျ"ဟု ပြောကြားသည်။

နက္ခဗေဒ ကျွမ်းကျင်သူ ဦးအောင်မြတ်ကျော်ကလည်း "သူရ ဦးအောင်ကိုက နာမည်ကြီးချင်တာနဲ့ သူသေချာမသိတဲ့ကိစ္စကို သက်သက်မဲ့ ဝင်ရှုပ်တာပါ။ ကျွန်တော်တို့မြန်မာပြက္ခဒိန်ဟာ အရင်စစ်အစိုးရ ခေတ်၊ မဆလ ခေတ်က ရေးဆွဲခဲ့တာမဟုတ်ပါဘူး။ ရှေးမြန်မာမင်းများလက်ထက်ကတည်းက ဆွဲခဲ့တာ ဖြစ်ပြီး နှစ်ပေါင်းရာနဲ့ချီပြီး အဆင်ပြေပြေသုံးလာတာပါ။ အခုဟာက ဦးအောင်ကို သက်သက် စတားလုပ် တာပါ"ဟု ပြောကြားသည်။

ဗေဒပညာရှင်တစ်ဦးကလည်း “ခက်တော့လည်း ခက်တယ်။ ဒီကိစ္စတွေက လွှတ်တော်ကိုယ်စား လှယ်တွေ ဘယ်လောက်သိမှာလဲ။ အဓိပ္ပါယ် မရှိတဲ့ မေးခွန်းပဲ။ လွှတ်တော်မှာ လပြည့်ညကိစ္စက အရေး ကြီးသလား၊ ပြည်သူတွေ ထမင်းဝဖို့က အရေးကြီးသလား စဉ်းစားရမှာပေါ့။ ထူးထူးဆန်းဆန်း ကိစ္စ ဆိုပြီး သူသိတယ်၊ သူတတ်တယ် ပြချင်တာ ဖြစ်မယ် ထင်တယ်။ ဒီမြန်မာပြက္ခဒိန် ပြောင်းလဲဖို့ ကိစ္စက အခုအချိန် တစ်နိုင်ငံလုံးမှာ အရေးကြီးဆုံးလား။ ပြည်သူ့ဘဏ္ဍာငွေတွေ သက်သက်ဖြုန်းတီးရာရောက်တဲ့ အချိန်ပုပ်တဲ့ လုပ်ဆောင်ချက်ပါပဲ၊ ဒါက မယောင်ရာဆီလူး ၊ - ဥသန်းရှာတာပဲဗျ” ဟု ပြောဆိုသည်။

From: ပြည်သူ့ အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


မအေးသောင်းတို့ညီအမ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>