Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သူတာဝန် ကျေခဲ့ပါတယ်.....

$
0
0

စတင်ဖြစ်တဲ့ နေရာကို သူအမြန်ဆုံး ရောက်အောင် သွားခဲ့တယ်။ သူတွေ့လိုက်တာက ၀ရုံးသုန်း ကား ဒေါ သ စိတ်တွေ ထိန်းမရ ဖြစ်နေတဲ့ လူတစ်အုပ်။ ၁၀၀ ကနေ ၂၀၀ တစ်ဖြည်းဖြည်း တိုးလာတာ ကို တွေ့ပေ မယ့်  စိတ် ထိန်းကြပါ ဆိုပြီး သူအော်တားခဲ့တယ်။

ဒုတ်တွေ၊ ဒါးတွေ ဆွဲ တစ်ဖွဲဖွဲ ရောက်လာတဲ့ လူအုပ်ကြားမှာ သူ့ရဲ့ မဖြစ်စလောက် အင်အား၊ လက် ပံတောင်း နဲ့ မအူပင် မလက်တိုက ပေးခဲ့တဲ့ မီဒီယာတွေရဲ့ ဖွချက်၊ ဒေသခံတွေရဲ့ ငြိုငြင်မှုနဲ့ အမုန်း တ ရားတွေ ဖြစ်လာနိုင် တဲ့ အခြေအနေ တွေကို သူတွေးပြီး တတ်နိုင်သမျှ တားဆီးနိုင်ဖို့ သူဘေးမှာ ရပ်နေ ခဲ့တယ်။

သူဟာ ဗုဒ္ဒဘာသာဝင် ဖြစ်တယ်။ ဖြစ်နေတဲ့ အခြေခံ အကြောင်းအရင်းက ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခ ဖြစ်မှု၊ ဈေးဆိုင်တွေကို ဖျက်ရာကနေ သံဃာတစ်ပါးကို ဓားနဲ့ လိုက်ခုတ်ပြီး ဘာသာရေး အဆောက်  အအုံထဲ ဆွဲသွင်းမီးရှို့ခဲ့ရာကနေ ဖြစ်လာတဲ့ ဒေါသတွေမို့ သူလည်း အထိုက် အလျောက်တော့   ဒေါ သ ထွက်မိခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဘာသာရေး အကြမ်းဖက်မှုထက် တရားဥပဒေ စိုးမိုးရေးကို အကာအကွယ် ပေးရတဲ့ သူ ဖြစ် တယ်။ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ သူ့လူတွေကိုင်စွဲထားတဲ့ လက်နက်က လေးဂွတစ်လက်၊ တာဝန် ရှိတဲ့အတိုင်း ရှိတဲ့ လူအင်အားနဲ့ လမ်းထောင့်တွေမှာ ပိတ်ကာပြီး သူတားဆီးဖို့ ကြိုးစားခဲ့တယ်။ ထိန်းမ ရတဲ့ လူစုတွေက သူတို့ကို ဂရုမစိုက်သလို ဖြတ်ကျော်သွား တာတွေ တွေ့လိုက်ရတယ်။

ဆရာတော်နဲ့ ၈၈ တွေ ရောက်လာတာကို သူကြားတယ်။ ဒုတ်ဒါး ကိုင်နေတဲ့ သူတွေကို စစ်ဖိနပ် အကြောင်း ပြောပြီး ရန်ကုန်ကို ပြန်ပြေး၊ ထိုင်းက ကျောင်းသားလေးတွေကို ထမင်းကျွေးနေတယ် ကြားတော့ သူ ၈၈ တွေ ကို စိတ်နာမိတယ်။ ခံစားချက်ကို အသာထား ဒုက္ခရောက်နေတဲ့ လူအများကို ဌာန က ကားတွေပေါ် တင် ဘေး ကင်းရာတွေဆီ ရွေ့ပေးတယ်၊ ဒုတ်ဒါးကိုင် လူတွေကြားမှာ သူတို့နဲ့ ကာပြီး အန္တရာယ် ကင်းစေခဲ့တယ်။

၁ ရက်ကနေ ၂ ရက် ဆူပူမှုတွေ ဆက်လာတယ်.။ ဒုက္ခသည်တွေကို သူ့စခန်းတွေ ထဲ ခေါ်ထား တယ်။   ဘေး လွတ် ရာတွေကို ခေါ်ပြီး သူတို့ စောင့်ရှောက်ပေးတယ်။ သူရဲ့ ညီအစ်ကို အဖွဲ့တွေ ရောက်လာစေဖို့ သူ ဆုတောင်း ရင်း ရင်နာနာနဲ့ ကြည့်နေခဲ့ရတယ်။

သူ ရင်နာတယ်။ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်တဲ့ပွဲမှာ သူမပါခဲ့ရလို့..

သူ ရင်နာတယ်။ မင်းမဲ့စရိုက် အကြမ်းဖက်မှုတွေကို သူ မထိန်းသိမ်းနိုင်ခဲ့လို့…

သူရင်နာတယ်။ ကာကွယ်ရေး အသုံးစရိတ်တွေ ဖြတ်တောက်ပြီး သူတို့ကို ပြည့်စုံစွာ မဖြည့်ဆည်းပေးလို့..

ဒါပေမယ့်…သူ သိပါတယ်.. သူ တတ်စွမ်းသလောက် တာဝန် ကျေခဲ့တယ် ဆိုတာကိုပါ.

From: 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>