
“ခင်ဝင့်ဝါက Miss Supranational မှာ People Choice Award ဆုအတွက် အသိအမှတ် ပြုခံရပေမယ့် Missosology ပိုင်ရှင်က ပွဲကို ကိုယ်တိုင်မလာနိုင်တော့ ဆုမချီးမြှင့် ပေးခဲ့ရဘူး။ အဲဒါကြောင့် Global Beauties နှင့် Missosology တို့က သူတို့ မြန်မာပြည်ကို ရောက်ရှိလာတုန်း ခင်ဝင့်ဝါ ရရှိခဲ့တဲ့ဆုတွေကို ပေးအပ်သွားမှာပါ”ဟု Miss Golden Land Myanmar 2014 ဒါရိုက်တာ ကိုဝေယံအောင်က ပြောသည်။
Miss Supranational Myanmar ခင်ဝင့်ဝါကို ဖိလစ်ပိုင်အခြေစိုက် အလှမယ် ကုမ္ပဏီတစ်ခုဖြစ်သည့် Missology ကလည်း Miss Supranational ပြိုင်ပွဲတွင် ဆုမပေးအပ်ခဲ့ရသည့် People Choice Award ဆုကို Miss Goldern Land Myanmar 2014 ပြိုင်ပွဲတွင် ပေးအပ်မည်ဖြစ်ပြီး တောင်အမေရိကတိုက် အခြေစိုက် အလှမယ်ကုမ္ပဏီတစ်ခုဖြစ်သည့် Global Beautiesမှလည်း Miss Grand Slam Popularity ဆုကို ပေးအပ်သွားမည် ဖြစ်သည်။
Miss Myanmar ခင်ဝင့်ဝါသည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ပထမဆုံး Semi-final ဆန်ခါတင်စာရင်းဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် Miss Myanmar တစ်ဦး ဖြစ်ခဲ့သည်။
ယင်းသည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် ဆုအများဆုံးရရှိခဲ့သည့် Miss Myanmar ဖြစ်ပြီးယခုအချိန် ထိ နိုင်ငံတကာမှ ပညာရှင်များ၊ အဖွဲ့အစည်းများက ပေးအပ်ချီးမြှင့်သည့် ဆုပေါင်း (၁ဝ)ကျော်ကို ထိုက် ထိုက်တန်တန် ရရှိထားသည့် မြန်မာပြည်၏ တစ်ဦးတည်းသော အလှမယ် ဖြစ်သည်။
ခင်ဝင့်ဝါသည် ၂ဝ၁၃ခုနှစ်၏ အလှမယ်ပြိုင်ပွဲများ၏ အလှမယ် ၁,ဝဝဝ ကျော်အနက် ထိပ်ဆုံးလေးယောက် မြောက်စာရင်းဝင်ဖြစ်ခဲ့သည်အထိ အောင်မြင်မှုရရှိကာ မြန်မာ့အလှကို ကမ္ဘာကအသိအမှတ်ပြု နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
Global Beauties Website က ခင်ဝင့်ဝါကို ကမ္ဘာ့အလှမယ်ပြိုင်ပွဲများအားလုံးတွင် ပရိသတ်များ ချစ်ခင် အားပေးခြင်းခံရသည့် Miss Grand Slam Popularity ဆုနှင့် Missology က ပေးအပ်မည့် Peolpe Choice Award ဆုများကို Miss Golden Land Myanmar 2014 Final Night တွင် ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။
Global Beauties Website နှင့် Missology Website တို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၌ ကျင်းပပြု လုပ်မည့်Miss Golden Land Myanmar 2014ပြိုင်ပွဲ တွင် နိုင်ငံခြားပညာ ရှင်ဒိုင်အဖြစ် ဆောင်ရွက်ကြ မည် ဖြစ်ကာ ယင်းပြိုင်ပွဲကို မေလပထမပတ်တွင် စတင်ကျင်းပ မည် ဖြစ်သည်။အဆိုပါပြိုင်ပွဲသည် သုံးပတ်ကျော် ကြာမြင့်မည်ဖြစ်ပြီး မေလ တတိယပတ်၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
www.mmdailystar.com