Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာပျက်မယ့်ဘေးကို တားဆီး ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အကောင်းဆုံး စွမ်းဆောင်ချက်များ

$
0
0
နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည် နေခဲ့ရတဲ့အနေ
အထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး ခင်လများအတွင်းက သတင်း
တွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့
လည်း အမှတ်ရစရာ သတင်းတွေ ပေါ်ပေါက်လာပါတယ်။

လွန်ခဲ့တဲ့နှစ် ၅၀ လောက်က အောက်တိုဘာလမှာ အဲဒီတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဦးသန့်ဟာ ၂၀ ရာစုရဲ့ အဆိုးရွားဆုံး အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်တဲ့
ကျူးဘားဒုံးကျည်အရေးအခင်းကာလ အတွင်းမှာ ကုလသမဂ္ဂရဲ့တာဝန်ရှိသူ ဖြစ်ရုံမကဘဲ
နျူကလီးယားလက်နက် တွေကြောင့် ကမ္ဘာပျက်သလို ပျက်စီးမှု တွေမဖြစ်ပွားအောင် တားဆီး
ပေးနိုင် တဲ့သူတစ်ဦးအဖြစ်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

U-2 သူလျှိုလေယာဉ်မှူး ရစ်ချတ်ဟေး ဆားရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ဆိုဗီယက်ရဲ့
နျူကလီးယားဒုံးကျည်တွေ ကျူးဘာမှာရှိနေတာကို အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ
သိသွားပြီးတဲ့ နောက် ဖြစ်ပွားခဲ့တဲ့ ဒီအရေးအခင်းဟာ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
ကနေ ၂၈ ရက်နေ့အထိ ၁၃ ရက်ကြာ မြင့်ခဲ့ပါတယ်။

ဒီလိုသိသွားတဲ့အတွက် အမေရိကန် အစိုးရက ကျူးဘားနိုင်ငံကို လေကြောင်း က တိုက်ခိုက်ဖို့
စဉ်းစားရတဲ့အထိ ဖြစ် သွားစေပါတယ်။ ဒါပေမယ့် သမ္မတ ကနေဒီကတော့ အထက်လွှတ်တော်
အမတ်တွေပေးတဲ့ အကြံစည်အတိုင်း မလုပ်ဘဲ ရေကြောင်းကနေ ပိတ်ဆို့တား ဆီးမှုတွေကိုပဲ
ဆောင်ရွက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ အခြေ အနေက အရမ်းကိုစိုးရိမ်စရာကောင်း နေပါတယ်။ ကင်း
ထောက်လေယာဉ်က ပို့လာတဲ့ဓာတ်ပုံတွေအရ ကျူးဘားမှာ ရှိတဲ့ ဒုံးကျည်တွေဟာ ပစ်လွှတ်ဖို့
အဆင် သင့်အနေအထားမှာ ရှိနေတာကို တွေ့ ရပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် စစ်သင်္ဘော
တွေရဲ့ အနေအထားကလည်း မတိုးသာမဆုတ်သာ အခြေအနေမှာ ရှိ နေပါတယ်။ တစ်ဖက်နဲ့
တစ်ဖက် မီတာ သုံးလေးရာလောက်ပဲဝေးပြီး လက်နက် တွေနဲ့လည်း အပြန်အလှန် ချိန်ထားကြ
ပါတယ်။

အဲဒီနေ့မှာပဲ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေးအတွက် အဆင်သင့်ပြင် ထားတဲ့ အနေအထား
အဆင့် ငါးဆင့်ရှိ ရာမှာ အဆင့်သုံးကနေ အဆင့်နှစ်ကို တိုးလိုက်ပါတယ်။ နောက်တစ်ဆင့်သာ
ထပ်တိုးလိုက်ရင်တော့ ရာဇ၀င်မှာ အပြင်းထန်ဆုံးဖြစ်တဲ့ နျူကလီးယားစစ် ပွဲဖြစ်ဖို့ပဲ ရှိပါ
တော့တယ်။

သမိုင်းကြောင်းအရကတော့ ဆိုဗီယက်စစ်တပ်တွေ နောက်ဆုတ်သွား အောင် အမေရိကန်
စစ်တပ်ဘက်က၊ ဘယ်လိုလုပ်ခဲ့လိုက်တယ်ဆိုတဲ့ လေလုံးထွားဖော်ပြမှုတွေ အမြောက်အမြား
ရှိပေမယ့် အောက်တိုဘာလ ၁၂ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့"Bulletin of the Atomic
Scientists"ဆိုတဲ့သတင်းလွှာ မှာတော့ ကမ္ဘာပျက်သလိုပျက်စီးနိုင်တဲ့ စစ်ပွဲကြီးမဖြစ်အောင်
တားဆီးနိုင်ခဲ့ရာ မှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တဲ့ ဦးသန့်ရဲ့ သိမ်မွေ့ပြီး ပညာသားပါပါ
မလျှော့တမ်း နားချခဲ့တဲ့ သံတမန်ပရိယာယ်ကို အသေးစိတ်ဖော်ပြပေးထား ပါတယ်။

စာရေးသူ A Walter Dorn နဲ့ obert Pauk တို့က "The Closest Brush: How a UN
Secretary General Averted Doomsday"ခေါင်းစဉ်နဲ့ ရေးသားထားတဲ့၊အစီရင်ခံစာမှာ
အရေးအခင်းကာလအတွင်း ကြားကနေ ဖျန်ဖြေပေးဖို့အတွက် အမေရိကန် သမ္မတ ကနေဒီ
ကိုယ်တိုင် ဦးသန့်ကို တိုက်ရိုက်လျှို့ဝှက် တောင်းဆိုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ကုလသမဂ္ဂ
ရဲ့ မော်ကွန်းတိုက်မှာရှိသလို ပါးစပ်ရာဇ၀င်တွေ လည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

"ဦးသန့်ဟာ သူ့ဆန္ဒအရလည်း ဒီ တာဝန်ကို ရဲရဲရင့်ရင့်ယူခဲ့ပါတယ်"လို့ သူ တို့ရဲ့အစီရင်ခံစာမှာ
ရေးထားပါတယ်။

"တကယ်တော့ ဦးသန့်ရဲ့ ဆောင် ရွက်ချက်တွေအကုန်လုံးကို မီဒီယာတွေ ကအသေးစိတ်
မသိခဲ့ကြပေမယ့် သိပ်ကို ဆိုးရွားတဲ့ အရေးအခင်းကြီး မဖြစ်အောင် ရှောင်လွှဲပေးနိုင်ခဲ့တဲ့ သူ့ရဲ့
ကြိုးပမ်းမှုအတွက် သူ့ကို အဲဒီအချိန်တုန်းက သတင်းစာတွေက ချီးမွမ်းခဲ့ကြပါတယ်"လို့လည်း
ရေးသားထားပါတယ်။

ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဦးသန့် ရဲ့ဆောင်ရွက်ချက်တွေထဲမှာ "ငြိမ်းချမ်းစွာ ပြေငြိမ်းရေး
အတွက် စေ့စပ်ဆွေးနွေး ကြဖို့ အချိန်ယူသင့်ကြောင်း"တောင်းဆို ထားတဲ့မေတ္တာရပ်ခံချက်ကို
အမေရိ ကန်သမ္မတကနေဒီ နဲ့ ဆိုဗီယက်ဝန်ကြီးချုပ် Nikita Khrushchev တို့နှစ်ဦး စလုံးထံ
ပေးပို့ခဲ့တာလည်း ပါဝင်ပါတယ်။

သူ့ရဲ့တောင်းဆိုမှုကိုMrKhrushchev က အသာတကြည် လက်ခံခဲ့ပေမယ့် အစကတည်းက
အကဲဆတ်နေတဲ့ အမေရိကန်ဘက်က စစ်ခေါင်းဆောင် တချို့က ဦးသန့်ဟာ ကျူးဘားရဲ့ ထိပါး
မှုကို အားပေးတယ်လို့ ပြောဆိုကြပြီး ဦးသန့်ရဲ့ မေတ္တာရပ်ခံချက်ကို ကန့်ကွက် ခဲ့ကြပါတယ်။

ဒါပေမယ့် တင်းမာမှုအပြင်းထန်ဆုံး အချိန်ဖြစ်တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ သမ္မတ
ကနေဒီက နိုင်ငံခြား ရေးရာဝန်ကြီးဌာနကို ဦးသန့်နဲ့တွေ့ပြီး "ဆိုဗီယက်ဘက်က သူတို့ရဲ့စစ်
သင်္ဘော တွေကို နောက်ဆုတ်ပေးမယ်ဆိုရင် သုံး လေးရက်အတွင်းမှာ ဆွေးနွေးမှုစဖြစ် မယ်"လို့
ဆိုဗီယက်ကို ပြောပေးဖို့ ညွှန် ကြားလိုက်ပါတယ်။

အဲဒီအခါမှာ အမေရိကန်ဘက်က တောင်းဆိုတာထက် ကုလသမဂ္ဂအနေနဲ့ တောင်းဆိုတာက
ဆိုဗီယက်စစ်သင်္ဘော တွေကို အမေရိကန်တွေ သတ်မှတ်ထားတဲ့ ကြားဇုန်ကနေ ဆုတ်ခွာပေးဖို့
သဘောတူပေးလိမ့်မယ်ဆိုတဲ့ စိတ်ကူး ကို ဦးသန့်ဟာ ရရှိခဲ့ပါတယ်။

"နျူကလီးယားလက်နက်တွေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်တော့မယ့် ပုံပေါ်တဲ့ အရေးကြီး
တဲ့ကာလမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ဖျန်ဖြေပေးမှုကြောင့် ကျူးဘားနဲ့
ကျွန်တော်တို့ရေတပ်ရဲ့ ကြားဇုန်ကို ဦးတည်နေတဲ့ ဆိုဗီယက်သင်္ဘောတွေ ပြန်ဆုတ်ခွာ
သွားအောင် လုပ်ပေးနိုင်ခဲ့ တာဟာ ကျူးဘားအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် မရှိမဖြစ်
အရေးပါတဲ့ ပထမအဆင့်ပဲဖြစ်တယ်"လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်Adlai
Stevensonက ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကို နောက်ပိုင်းမှာ ပြောပြ
ခဲ့ပါတယ်။

Dorn နဲ့ Pauk တို့ ရေးသားခဲ့တဲ့ အစီရင်ခံစာမှာ ဦးသန့်ဟာ ဒုံးကျည် ဖြုတ်သိမ်းရေး ဆွေးနွေးမှု
မှာလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်ခဲ့သေး တယ်လို့ဖော်ပြထားပါတယ်။ သံတမန် နည်းလမ်း
အရ သူပါဝင်ပေးခဲ့တဲ့ အရေးပါတဲ့ အချက်တစ်ချက်ကတော့ "အမေရိကန်က ကျူးဘားကိုဝင်ပြီး
မကျူးကျော်ဘူးလို့ ကတိပေးရင် အပြန်အလှန်အနေနဲ့ ရုရှားက သူ့ရဲ့ဒုံးကျည်တွေကို တစ်စစီ
ဖြုတ်ပေးလိမ့်မယ်"ဆိုတဲ့ အကြံပြုချက် ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးသန့်ဟာ ငြိမ်းချမ်းရေး နိုဗယ်ဆု မရခဲ့ပါဘူး။

From: Myanamr Times

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>