ရှေးအခါက ဘုရင်တစ်ပါးကို အခြားနိုင်ငံတစ်ခုက စစ်ရေးအရ ကြောက်ရွှံ့တာ ကြောင့် သံတမန်များ စေလွှတ်ကာ အလွန် တန်ဘိုးရှိသော ၀တ်လဲတော် ပိုး ပုဆိုး ကို ဆက်သစေပါတယ်။ ဘုရင်ကြီးက ၀တ်လဲတော် ပိုးပုဆိုး ကို လက်ခံ ရယူရန် သံတမန် အဖွဲ့ကို အခစားဝင်စေ ပါတယ်။ မ ဆက်သ ခင် ၀တ်လဲတော် ပိုးပုဆိုး အခိုးခံလိုက်ရပါတယ်။ သံတမန်အဖွဲ့ က လည်းဝတ်လဲတော် ပိုးပုဆိုး အခိုးခံရတာ မသိတဲ့အတွက်ကြောင့် ဘုရင်ကြီး ထံကို လက်ဆောင် သေတ္တာ ဆက်သ လိုက်ပါတယ်။
ဘုရင်ကြီးလည်း လက်ဆောင် ကို ကြည့်ရှု့လိုတာ ကြောင့် သံတမန်ကို လက်ဆောင် သေတ္တာ ဖွင့်ခိုင်း ပါတယ်။ သံတမန်က လက်ဆောင် သေတ္တာကို ဖွင့် ကြည့်လိုက်တော့ သေတ္တာထဲမှာ ဘာမှ မရှိတာကို တွေ့ရတော့ ကြောက်ရွှံ့တုန်လှုပ် သွားတာပေါ့။ သံတမန် က အသက်ဘေးကို ကြောက်ရွှံ့ လို. ဖြတ်ထိုးဥာဏ် သုံးပြီး ``ဘုန်းကံကြီးပြီး ဥာဏ် အမြှော် အမြင် နဲ.ပြည်.စုံတော်မူသော အရှင် ဘုရင်ကြီး ဘုရား´´ `` ဤပုဆိုးဟာ နတ်ဝတ်ပုဆိုး ဖြစ်ပြီး ဘုန်းကံကြီးသူနဲ့ ပညာရှိများ သာမြင်နိုင်ပါတယ်´´ ``ဘုန်းကံနိမ့်သူ၊ ပညာမဲ့ လူမိုက်များ မမြင်နိုင်ပါဘူး´´ လို့ လျှောက်တင်ပြီး ဘာမှမရှိတဲ့ သေတ္တာကို ဆက်သ ပါတယ်။ ဘုရင်ကြီး လည်း ဘာမှမရှိတဲ့ သေတ္တာကို ကြည့်ပြီး စဉ်းစားကာ ``အင်း..ဒီပုဆိုးကို ငါမမြင် ရဘူး ဆိုလျှင် ငါက ဘုန်းကံနည်းသူ ပညာမဲ့ လူမိုက် ဖြစ်တော့မယ်။ ပြီးတော. ဘာမှမရှိ တဲ.ဒီသေတ္တာ အလွတ်ကြီးကို မဆက်သလောက်ဘူး။ ပုဆိုး တကယ် ရှိ မရှိ သိရအောင် အထက်မြတ်ဆုံးနဲ့ ဥာဏ်ပညာ ပြည့်စုံ တဲ့ အမတ်ချုပ်ကြီး ကို အကူအညီ တောင်းမှဘဲ ´´ဟု စဉ်းစားပြီး ``ဟဲ့ အမတ်ချုပ်ကြီး ငါကိုယ်တော် အတွက် ဆက်သတဲ့ နတ်ဝတ်ပုဆိုးက လှရဲ့လားကွဲ့ ´´ဆိုပြီး မေးတော်မှု ပါသတဲ့။
အ မတ်ချုပ်ကြီးလည်း ဘာမှမရှိတဲ့ သေတ္တာ ကြည့်ပြီး ဆင်ခြင်သုံးသပ်ဥာဏ်နဲ့ စဉ်းစား သတဲ့ ``အခြားတိုင်းပြည်က သံတမန်တွေကတော့ သူတို့အသက်တွေကို စွန့်ပြီး ဘာမှမရှိတဲ့ ပုဆိုး ကို မဆက်သလောက်ဘူး။ နောက်ပြီး ဘုရင်ကြီး လည်း ဘာမှမရှိတဲ့ ပုဆိုးကို လှရဲ့လားလို့ မေးမှာ မဟုတ်ဘူး။ ဒီပုဆိုးကို ငါမမြင်ရဘူး ဆိုရင် အမတ်ချုပ်ကြီး လုပ်ပြီး ပညာမဲ့သူ လူမိုက် ဖြစ်တော့မယ်။ မှားယွင်း သွားရင်လည်း အသတ် ခံရနိုင်တယ်။ သေချာအောင် မူးမတ် ဗိုလ်ပါ တွေကိုပါ မူးမတ် အပေါင်း တို့ ဘုရင်ကြီးထံ ဆက်သတဲ့ နတ်ဝတ်ပုဆိုး လှရဲ့လားကွဲ့´´ ဆိုပြီး မေးပါတယ်။
မူးမတ် ဗိုလ်ပါတွေ လည်း ငါတို.ကိုးကွယ်တဲ. ဘုရင်ကြီး လည်း မြင်တယ်၊ ပညာရှိအမတ်ချုပ်ကြီးကလည်း မြင်တယ် ရိုးရာ အစဉ် အလာအရ ဘုရင် နဲ. အမတ်ချုပ် က လှတယ်ဆိုရင် အားလုံး က လိုက်ခေါင်းညိမ်. ရတဲ.ခေတ်ဆိုတော. နတ်ဝတ် ပုဆိုး တကယ်ဖြစ် နိုင်တယ်။ ပြီးတော. မမြင်ရဘူးဆိုရင် အားလုံး ပညာမဲ.သူ လူမိုက် ဖြစ်တော.မယ်။´´ဒါ.ကြောင်. အားလုံးတညီ တညွတ် ထည်း ပညာမဲ့သူ လူမိုက် မဖြစ် လိုတာကြောင့် ``နတ်ဝတ် ပုဆိုး တကယ် လှပါတယ်´´ လို.ဘဲ ဖြေကြား ကြပါတယ်။
ဘုရင်ကြီး လည်း သူ လေးစားသူ ပညာရှိ အမတ်ချုပ်ကြီး လည်း ထောက်ခံ၊ မူးမတ်ဗိုလ်ပါ လူအများကလည်း ထောက်ခံတော့ ဒါဟာ နတ်ဝတ်ပုဆိုး အစစ်အမှန်ဘဲ လို့ ယူဆပြီး ဒီလောက် လှပတဲ့ နတ်ဝတ်ပုဆိုးကို ၀တ်ဆင်ပြီး ပြည်သူအများ ကြည့်ရှု့နိုင်ရန် မူးမတ်တွေနဲ့ တိုင်းခန်း လှည့် လည်ရန် ဆုံးဖြတ်လိုက်ပါသတဲ့ကွယ်။
အဲဒီလိုနဲ့ ဘုရင်ကြီးက နန်းတော် အပြင်ထွက်ပြီး တိုင်းခန်း လှည့်လည်ပါလေရော။ ဘုရင်ကြီး ကြွချီလာပြီ ဆိုတော့ တိုင်းသူပြည်သားတွေ လည်း မြေကြီး ပေါ်မှာ ပြားပြားဝပ် ခစားကြတာပေါ့ တိုင်းပြည် တိုင်းကိုစစ် အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ဆိုတော့ မော်ဖူးဘို့ တောင် မ၀ံ့ဘူးပေါ့။ အဲဒီ အချိန်မှာဘဲ ဂွေ လိမ့်ကစားနေ တဲ့ ခလေး တစ်ယောက်က ဘုရင်ကြီး ကို မတွေ့ဘူးတာနဲ့ လာကြည့်ပါတယ်။
ခလေးဆိုတာ ဖြူစင်တော့ မြင်တာကို မြင်တဲ့ အတိုင်းမှန်ရာ ကို ပြောတော့တာ ပေါ့။
သြော် ဘုရင် ဆိုလို့ မမြင်ဘူးလို့ လာကြည့်တာ ဘုရင်ဆိုတာ ငါတို့ နဲ့ အတူတူပါဘဲ ဆိုပြီး လက်ညိုးထိုး ရယ်နေပါတော့တယ်။
ဒီနေရာမှာ ဘုရင်ကြီးနှင့် နတ်ဝတ်ပုဆိုးပုံပြင်ကို ဘာဖြစ်လို့ ရှည်ရှည်ဝေးဝေး အစချီလာရသလဲဆိုတော့ ဒေါ်စုရဲ့NLD က ဘုရင်ကြီး နဲ့တူနေပြီး မူးမတ်ဗိုလ်ပါ လူအများကတော့ ဟုတ်တိုင်းမှန်ရာ မလျှောက်တင်ရဲကြတဲ့ စတုထ္တမဏ္ဍိုင် ခေါ် မီဒီယာသတင်းသမားတွေပေါ့ဗျာ။
ဒီနေရာမှာ မီဒီယာသမားတွေကို ကျုပ်ပြောချင်တာက အခုဆိုရင် မီဒီယာသမားတွေဟာ စတုထ္တမဏ္ဍိုင်လို့သာ ပြောတယ်။ တကယ် အဲဒီလိုပြောရင် သတင်း ဖြစ်လာပြီဆိုရင် စစ်အစိုးရမကောင်းကြောင်းပြဲ
www.mmdailystar.com