Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည်သူများ အမြင် မကျယ်သေးသည့် အတွက် အချို့နေရာများတွင် ထိန်းထိန်း သိမ်းသိမ်းလုပ် နေရကြောင်း သာသနာရေး ၀န်ကြီးပြော

$
0
0

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ်နေသော်လည်း ၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊ အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ “ကျွန်တော်တို့အခု အုပ်ချုပ်နေတာ ဒီမိုကရေစီစနစ် နဲ့ ပြည် သူအစိုးရဖြစ်ပါတယ်။ ဒါပေမယ့် အချို့သောနေရာတွေမှာ ချက်ချင်းလုပ်လိုက်ရင် အခက်အ ခဲတွေရှိပါတယ်။ ပြည်သူတွေက“အမြင်မကျယ်သေးဘူးလို့ပြောချင်တယ်။

 ဘာလို့လဲဆိုတော့ ပြည်သူတွေအားလုံးက ဘာသာရေးအစွဲအလမ်းကြီးတာတွေ ၊ အယူသီးတာတွေ ရှိသေး တယ်။ ဒီလိုတွေဖြစ်နေတဲ့အခါကျတော့ လုပ်ချင်တာကိုလုပ်လိုက်ရင် အများရဲ့ မကျေနပ် ချက်တွေဖြစ် လာပြီး တစ်ယောက် နဲ့ တစ်ယောက် အာဃာတပွားလာပြီးတော့ ကိုယ်ထိလက်ရောက် ကျူးလွန် တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါမျိုးတွေကိုလည်း မဖြစ်စေချင်တဲ့အတွက် အချို့နေရာတွေမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့အခြေအနေလေးတွေ ရှိနေပါ တယ်´´ဟုပြောကြားခဲ့သည်။ လူမျိုး တစ်မျိုး နှင့် တစ်မျိုးအထင်အမြင်လွဲ မှားမှုများအား လျော့ကျစေ ရန်အတွက် ဆောင် ရွက်သွား မည်ဖြစ်ကြောင်းလည်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

From:The Hot News  
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>