Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာပြည်မှာ ဘင်္ဂါလီပဲရှိပါတယ်..

$
0
0
ရခိုင်အမျိုးသားကောင်စီ(The Arakan National Council ,ANC) ကနိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များရခိုင်မိသားစု များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ (၁၁) ရက် ရန်ကုန် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိExcle Tower တွင် ကျင်းပရာတက်ရောက်လာသော ဧည့်သည်များထဲမှ ရခိုင်ပြည်တွင် ရိုဟင်ဂျာရှိ၊ မရှိမေးမြန်းခြင်းကို ANC ၏ ဒုတိယဥက္ကဌ ဒေါက်တာ ခင်မောင်က သမိုင်းကြောင်းနှင့် ယှဉ်၍ ပြန်လည်ဖြေကြားခဲ့သည်။

ဒေါက်တာခင်မောင်က ““ရို ဟင်ဂျာဆိုတာနဲ့ပတ်သက်လို့က တော့ သမိုင်းမှာလေ့လာမိသလောက် အထူးသဖြင့်Westarn Arakan လို့ခေါ်တဲ့ ဘင်္ဂလားဒေ့(ရှ်)၊ တစ် ချိန်ကပေါ့နော်၊ ဒီနေ့မဟုတ်ပါဘူး၊ ဒီနေ့မဟုတ်ပါဘူး၊ တစ်ချိန်တုန်း ကWestarn Arkan လို့ခေါ်တဲ့ စစ်တကောင်းဒေသမှာရှိတဲ့လူတွေ ကို ဘင်္ဂလားဘက်ကလူတွေက ကလက်္တားဘက်ကလူတွေက ရို ချန်းညှာလို့ခေါ်တယ်၊ အ၀ကျွန်း ကြီးလာတဲ့ကိုခိုင်ဇာလင်းဆိုတာ ရှိနေပါတယ်၊ သူကအ၀ကျွန်းဇာတိ ပါ၊ သူငယ်ငယ်တုန်းက အဖွားတို့ အဖိုးတို့အိမ်ကိုသွားလို့ရှိရင်၊ အ၀ ကျွန်းကိုသွားလို့ရှိရင် ရခိုင်ပြည်က လာလို့ ရိုချန်းညှာလို့ခေါ်တယ်၊ အဓိပ္ပါယ်က ရခိုင်ပြည်ကလာတယ် ပေါ့နော်။

ဒါတွေက ၁၄၅၀ ခုနှစ်ကနေ ပြီးတော့ ၁၆၆၀ ခုနှစ်အထိ စစ်တကောင်းဒေသကရခိုင်လက် ထဲမှာ ကျခဲ့တုန်းကတော့မှန်တာ ပေါ့ဗျာ၊ ဒါပေမဲ့ ရိုချန်းညှာတွေ ဟာ ဒီစစ်တကောင်းဒေသဟာ ၁၆၆၀ နောက်ပိုင်းမှာ မွန်ဂေါလ် တွေ လက်ထဲကျသွားတယ်၊ ၁၆၆၆ မှာ မိုဂေါတွေလက်ထဲကျပြီးတော့ ရခိုင်တွေကဆုတ်လာတယ်၊ အဲဒီ အချိန်မှာ အဲဒီဒေသက လူတွေ ကိုရိုချန်းညှာလို့ခေါ်အုံးမလား၊ မခေါ်တော့ပါဘူး၊ အဲဒါပြီးတော့ ၁၇၅၀ လောက်မှာစစ်တကောင်း ဒေသကိုအင်္ဂလိပ်တွေဝင်သိမ်းတော့၊ ဒီဒေသက လူတွေက အိန်္ဒိယဖြစ် သွားတယ်၊ ကျွန်တော်တို့တတွေ က ၁၉၄၇ ရောက်တော့အဲဒီအိန်္ဒိယ သားတွေဟာ ပါကစ္စတန်၊ အိစ် ပါကစ်္စတန်(East Parlistan) နိုင်ငံ ပေါ်လာတော့ အဲဒီနိုင်ငံရဲ့ နိုင်ငံ သားတွေဟာပါကစ်္စတန်သားတွေ ဖြစ်သွားတယ်၊ နောက် ၁၉၇၁ ခု မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်လာ တော့၊ ဆိုတော့မျိုးဆက်အဲဒီလူ တွေဟာဘင်ဂါလီတွေဖြစ်သွားတယ်၊ ဆိုတော့မျိုးဆက်ပေါင်းများစွာ လူမျိုးနာမည်တွေပြောင်းပြောင်း ပြီးလာခဲ့တဲ့မူစလင်တွေဟာ၊ ဘင်ဂါလီတွေဟာရခိုင်ပြည်ကို အင်္ဂလိပ်သိမ်းတဲ့အချိန်မှာဒီစစ် တကောင်းဒေသမှာ၊ ဒီလူမျိုးတွေ ဟာရေကြည်ချောင်း၊ ကန်သာ ချောင်းဆိုတာရှိတယ်၊ အဲဒီချောင်း နှစ်ခုကြားမှာရှိတဲ့ မူဆလင်လူထု တွေက ကျွန်တော်တို့ရခိုင်တွေ စစ်တကောင်းမှာ ရခိုင်တွေသိမ်း ထားတဲ့အချိန်မှာ စစ်တကောင်း ဟာရခိုင်ရဲ့မြောက်ပိုင်း Neavy Sea နေဗီဌာနချုပ်၊ အဲဒါနဲ့ဆန့်ကျင် ဘက်မှာ ဒီယင်ဂါ(---) ဆိုတဲ့ ကျွန်းရှိတယ်၊ အဲဒီ ဒီယင်ဂါကျွန်း မှာကတော့ ပေါ်တူဂီရေတပ်တွေ ရှိတယ်၊ ဒီရခိုင်ရေတပ်နဲ့ပေါ်တူဂီ ရေတပ် (သို့မဟုတ်) ရခိုင်နဲ့ ပေါ်တူဂီပေါင်းပြီးတော့ အနောက် ဘင်္ဂလားကိုသွားပြီးတော့ နောက် နော်ခါးလီတို့၊ အ၀ကျွန်း၊ အဲဒီ နယ်မြေတွေကိုသွားပြီးတော့လူဖမ်း တယ်၊ ဘင်ဂါလီတွေကိုဖမ်းတယ်၊ ဖမ်းပြီးတောSlave Trade (ကျွန် ကုန်ကူးခြင်း)လုပ်တယ်၊ ကျန်းမာ သန်စွမ်းတဲ့လူတွေကိုအင်ဒိုနီးရှား နိုင်ငံကိုပို့တယ်၊ အဲဒီတုန်းက International Market ပေါ့ဗျာ၊ အဲဒီမှာသွားပြီးတောSlave Trade သွားလုပ်တယ်၊ နည်းနည်း မသန်စွမ်းတဲ့လူတွေအသက်ကြီးတဲ့ လူတွေကိုကျတော့ သူတို့က ကန်သာချောင်းနဲ့ ရေကြည်ချောင်း ကြားမှာရခိုင်တွေက လယ်ရိုင်း၊ မြေရိုင်းတွေဖေါ်ဖို့အတွက်ထား တယ်၊ အဲဒီအချိန်ကရှိခဲ့တဲ့ဘင်ဂါလီ တွေပေါ့ဗျာ၊ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ရောက်တော့သူတို့ကပါကစ်္စတန် နိုင်ငံသားဖြစ်နေပြီ၊ East Parkis tan ကလူတွေဖြစ်နေပြီ၊ သူတို့က ရိုဟင်ဂျာနာမည်ကိုခေါ်လို့ သူတို့ ကို ရိုချန်းလို့ခေါ်တဲ့အချိန်မှာ နှစ် ပေါင်းက ၃၀၀-၄၀၀ ကျော်သွား ပြီ၊ အဲဒီလိုမခေါ်တော့ဘူး၊ သူတို့ ကို အင်ဒီယန်လို့ပဲခေါ်တယ်၊ အင်ဒီယန်က ဘင်္ဂလားဒေ့ရှ်ဖြစ် လာတော့ ဘင်ဂါလီဖြစ်သွားတာ ပေါ့နော်၊ ပါကစ္စတန်နီဖြစ်တယ်၊ ပါကစ္စတနီကနေပြီးတော့လွတ်လပ် တော့ဘင်ဂါလီဖြစ်သွားတယ်၊ အ ဓိပ္ပါယ်ကတော့ဒါပါဘဲ၊ ဘင်ဂါလီ သာလျှင် ကျွန်တော်တို့သမိုင်းအရ ပထ၀ီအနေအထားအရ တကယ် သူတို့ရဲ့ Oiginal နာမည်ဖြစ်တယ် ဆိုတာကို ကျွန်တော်ပြောလိုပါ တယ်၊ အဲဒါသူတို့က အခုဆိုလို့ ရှိရင် ရိုဟင်ဂျာနာမည်ပါကစ္စတန် မှာလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ် မှာလည်းမရှိဘူး၊ ရခိုင်ပြည်မှာလည်း မရှိဘူး၊ မြန်မာပြည်မှာလည်းမရှိ ဘူးဆိုတော့ သူတိှု့State-Less ဖြစ်သွားတယ်၊

အဲဒီရိုဟင်ဂျာဆိုတဲ့အပိုင်းကိုCreation လုပ်တဲ့ပညာရှင်တွေလို့ ခေါ်တဲ့၊ သမိုင်းအမှားကိုရေးတဲ့ ဒေါက်တာယူနိုးစွတ်ဆိုတော့ ကျွန်တော်တို့နဲ့ရင်းနှီးပါတယ်၊ ကျွန်တော်ပြောတယ်၊ မူစလင် ကွန်ဖရင့်တစ်ခုမှာဒေါက်တာယူနိုးစွတ် ကိုလက်ညှိုးထိုးပြီးတော့ ““ကိုယူနိုး စွတ် ဘင်ဂါလီတွေကို ရိုဟင်ဂျာ ဆိုပြီးတော့နေတာ၊ တကယ်တော့ ရိုဟင်ဂျာဆိုတာမရှိဘူး၊ ဘင်ဂါလီ တွေပဲ””ဆိုတာကိုပြောခဲ့တယ်၊ လူ ပေါင်း ၅၀၀ ကျော် ၁၀၀၀ နီးပါးရှိ မလားမသိဘူး၊ အစည်းအဝေးခန်း မကြီးမှာအပြည့်၊ ကျွန်တော်တို့ ရခိုင်သာဆိုရင် ကျွန်တော့်ကို သတ်ပစ်လိုက်မှာဘဲ၊ အဲဒီလိုအမှန် ပြောလို့ ဘင်ဂါလီတွေကမဆိုးဘူး ဗျ၊ သူတို့ကစိတ်ရှည်တယ်၊ သေ သေချာချာနားထောင်ပြီးတော့ ဂျပန်က ဘင်ဂါလီလူတွေ၊ သြစ တြေးလျက ဘင်ဂါလီလူငယ်တွေ လာပြီးတော့ ကျွန်တော့်ကိုတစ်ခါ တည်းအခုမှဘဲ ကျွန်တော်တို့အမှန် ကိုသိရတယ်၊ ကျွန်တော်တို့ကို သမိုင်းလိမ်တွေနဲ့ပြထားတယ်ဆိုပြီး တော့၊ သူတို့က ကျွန်တော့်ကိုချဉ်း ကပ်ပြီးတော့ပြောကြပါတယ်၊ အဲဒါကြောင့်ဒီဘင်ဂါလီတွေဟာ အခုရှိနေတဲ့လူတွေဟာဘင်ဂါလီ အစစ်ပါလို့၊ ရိုဟင်ဂျာမဟုတ်ပါ ဘူးလို့ကျွန်တော်ပြောလိုပါတယ်””ဟုရှင်းလင်းပြောကြားခဲ့သည်။

HN-003

From:  Hot News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>